နတ်မောက်မြို့နယ်၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ မြိုနယ်ပညာရေးမှူး အမျိုးသား ၁ ဦး သေဆုံး

၂၀၂၃ ၊ မတ် ၅

ယမန်နေ့(မတ် ၄)မွန်းလွဲ ၁နာရီ ၁၅ မိနစ်အချိန် မကွေးခရိုင် နတ်မောက်မြို့နယ်၏ မြောက်ဘက် ၁ မိုင်ခန့်အကွာ  မြိုမရပ်ကွက် အထက(၂)အနီး နတ်မောက်-ပျော်ဘွယ်သွား ကားလမ်းဘေးတွင် မြိုနယ်ပညာရေးမှူး ဦးသန်းထိုက်(၆၀)နှစ်မြိုမ ကွက်သစ်ရပ်ကွက် နတ်မောက်မြိုနေသူအား အမျိုးသား ၂ ဦး(စိစစ်ဆဲ)မှ  သေနတ်ဖြင့် ပစ်ခတ် ခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းအရ ယင်းနေ့ မွန်းလွဲ ၁နာရီမိနစ် ၂၀ တွင် ပူးပေါင်းအဖွဲမှ အခင်းဖြစ်အရပ်သို ရောက်ရှိစစ်ဆေးရာ ဦးသန်းထိုက်တွင် ယာနားရွက်အထက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲ/ယာ ဝမ်းဗိုက်နှင့် ရင်အုံတိုတွင် ကျည်ဖောက်ဝင်ဒဏ်ရာ ၃ ချက်၊ နောက်ကျောကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်(စုစုပေါင်းဒဏ်ရာ ၅ ချက်)ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ကြောင်း သိရသည်။

စိစစ်ရာ ဦးသန်းထိုက်သည်ယင်းနေ့ မွန်းလွဲ ၁နာရီ ၁၀ မိနစ်တွင် အောင်ဟိန်းစားသောက်ဆိုင်မှ ဆိုင်ကယ်ဖြင့် ၁ ဦးတည်းမောင်းနှင်ပြီး နတ်မောက်-ပျော်ဘွယ်သွားကားလမ်းအတိုင်းနေအိမ်သိုပြန်လာစဉ် အခင်းဖြစ်နေရာအရောက်၌ နောက်မှ အမျိုးသား ၂ ဦး(စိစစ်ဆဲ)မှ ဆိုင်ကယ် ၁ စီးဖြင့် လိုက်လာပြီး သေနတ်(စိစစ်ဆဲ)ဖြင့် ၅ ချက်ခန့်ပစ်ခတ်ခဲ့ပြီး ကံကြီးရပ်ကွက်ဘက်သို မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

ထိုနောက်အလောင်းအား နတ်မောက်မြိုနယ်ပြည်သူ့ဆေးရုံသိုပိုဆောင်ခဲ့ပြီး  အမျိုးသား ၂ ဦး(စိစစ်ဆဲ)အား နမစ(နတ်မောက်)(ပ)၁၁/၂၀၂၃၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)/၅၁(ဂ)/၅၄ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Total Views ~ 223

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43336

© 2022 - 2025 News. All Rights Reserved.