မလှိုင်မြို့နယ်၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦး သေဆုံး

၂၀၂၃၊ဖေဖော်ဝါရီ ၂၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိင်မြို့နယ် မလှိုင်-မြင်းခြံသွားကားလမ်းဘေး ထန်းတောကျေးရွာအဝင်၌ အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးပိုင်(၅၈)နှစ် သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးအဖွဲက သွားရောက်စစ်ဆေးရာ ဦးစိုးပိုင်သည်  တစ်ရွာတည်းနေ ဒေါ်နွယ်နွယ်၏ နေအိမ်ဆွမ်းကျွေးမှ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် အခင်းဖြစ်နေရာ အရောက်၌ နောက်မှလိုက်လာသည့် ဆိုင်ကယ် ၁ စီးနှင့် အမျိုးသား ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့၍ ဦးစိုးပိုင်တွင် ဦးခေါင်းထိပ် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ 

 အခင်းဖြစ်နေရာမှ 9x19 S&B 21 စာတန်းပါ ကျည်ခွံ ၂ ခု၊ S-3 စာတန်းပါ ကျည်ခွံ ၂ ခု၊ စုစုပေါင်းကျည်ခွံ ၄ ခု သိမ်းဆည်းရရှိခဲ့ပြီးသေနတ်ဖြင့်ပစ်ခတ်သွားသူများအား (ပ)၈/၂၀၂၃၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းလျက်ရှိကြောင်း သိရသည်။

Total Views ~ 212

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43336

© 2022 - 2025 News. All Rights Reserved.