မြင်းခြံမြို့နယ်၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံး

၂၀၂၃ ၊ မတ် ၂

ယမန်နေ့ (မတ် ၁)နံနက် ၈နာရီခွဲအချိန်ကမြင်းခြံခရိုင် မြင်းခြံမြို့နယ်၏အရှေ့မြောက်ဘက် ၈ မိုင်ခွဲခန့်၊ ဗလုံကျေးရွာ၏ အနောက်တောင်ဘက် ၂ ဖာလုံခန့်အကွာရှိ ဆည်တာဘောင်အနီးတွင်  အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးတို သတ်ဖြတ်ခံရကြောင်း သတင်းအရပူးပေါင်းအဖွဲက အခင်းဖြစ်နေရာသို ရောက်ရှိစစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို စစ်ဆေးခဲ့ရာတွင် မြင်းခြံမြိုနယ် လေးရွာဆုံကျေးရွာနေသူများဖြစ်သည့် ဦးနေမျိုးမောင်(၃၈)နှစ်တွင် မျက်နှာအဝတ်စည်းလျက် ဦးခေါင်းနောက်စေ့ ကျည်ဖောက်ဝင်/ ဝဲနားထင် ဖောက်ထွက်ဒဏ်ရာ ၂ ချက်ဖြင့် လည်းကောင်း၊ ဦးစိုးသူဝင်း(၂၈)နှစ်တွင် မျက်နှာအဝတ် စည်းလျက် ယာနားထင်ကျည်ဖောက်ဝင်ဒဏ်ရာ  ၁ ချက်၊ ဝဲပါးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ရင်ညွန့်ကျည်ဖောက်ဝင်/ နောက်ကျောဖောက်ထွက် ဒဏ်ရာ ၂ ချက်၊ ယာမျက်ခုံးကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်(စုစုပေါင်းဒဏ်ရာ ၅ ချက်)ဖြင့် လည်းကောင်း၊ ဦးနွယ်နီစိုး(၃၆)နှစ်တွင် မျက်နှာအဝတ် စည်းလျက် ဝဲနားနောက်ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်ဖြင့်လည်းကောင်း၊ ဒေါ်ခင်ယုမွန်(၃၇)နှစ်တွင် ဦးခေါင်းနောက်စေ့ ကျည်ဖောက်ဝင်/ နဖူးဖောက်ထွက်ဒဏ်ရာ ၂ ချက်၊ နောက်ကျော ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာလက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်(စုစုပေါင်းဒဏ်ရာ ၄ ချက်)ဖြင့်လည်းကောင်း အသီးသီးသေဆုံး နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး အခင်းဖြစ်နေရာအနီးမှ USA 380 Auto ကျည်ခွံ ၄ ခုအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 ဖြစ်စဉ်အားစိစစ်ရာ ယင်းနေ့ နံနက် ၂နာရီခွဲတွင် လေးရွာဆုံကျေးရွာသို ဆိုင်ကယ်          ၃ စီးဖြင့် အမျိုးသား ၅ ဦး(စိစစ်ဆဲ)ရောက်ရှိလာကာ အဆိုပါကျေးရွာနေ ဦးနေမျိုးမောင်၊ ဦးစိုးသူဝင်း၊ ဦးနွယ်နီစိုး၊ ဒေါ်ခင်ယုမွန် တို ၄ ဦးအား ၎င်းတို၏နေအိမ်အသီးသီးမှ လေးရွာဆုံကျေးရွာ၏ အနောက်ဘက် ၅ ဖာလုံခန့်အကွာ ဗလုံကျေးရွာဘက်သို ဖမ်းဆီးခေါ်ဆောင်သွားကာ အခင်းဖြစ် နေရာအရောက်၌ သေနတ်(စိစစ်ဆဲ)ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။

ထိုနောက် အလောင်းများအား မြင်းခြံမြိုနယ်ပြည်သူ့ဆေးရုံသို ပိုဆောင်ထားရှိကြောင်းနှင့် သေနတ်ဖြင့် ပစ်ခတ်သွားသူများအား သက်ဆိုင်ရာမှ 
 စုံစမ်းလျက်ရှိကြောင်း သိရသည်။

Total Views ~ 180

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43339

© 2022 - 2025 News. All Rights Reserved.