၂၀၂၃ ၊ မတ် ၆
ယမန်နေ့ (မတ် ၅)ညနေ ၅နာရီ ၁၅မိနစ်အ ချိန် ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် ပြည်သူ့ဆေးရုံသို မိုင်းစထိမှန်ဒဏ်ရာဖြင့် အမျိုးသား ၁ ဦး ရောက်ရှိနေကြောင်း သိရသည်။
အဆိုပါ သတင်းအရ သက်ဆိုင်ရာ ဦးစီးအဖွဲက သွားရောက်စစ်ဆေးရာ ဦးစိုးနိုင်(၅၀)နှစ်ညောင်ကိုင်း ကျေးရွာ ရွှေဘိုမြို့နယ်နေသူတွင် ဝဲခြေသလုံး မိုင်းစထိမှန် ဒဏ်ရာ ၁ ချက်၊ ယာခြေသလုံး မိုင်းစ ထိမှန်ဒဏ်ရာ ၁ ချက် (စုစုပေါင်းဒဏ်ရာ ၂ ချက်)(မစိုးရိမ်ရ) ရရှိထားသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်အား စိစစ်ရာ ယင်းနေ့ နံနက် ၁၁ နာရီတွင် ဦးစိုးနိုင်သည် သားဖြစ်သူ ဝေဠု(၃၅)နှစ် ညောင်ကိုင်းကျေးရွာ ရွှေဘိုမြိုနယ်နေသူ မောင်းနှင်သည့်ဆိုင်ကယ်ဖြင့် ညောင်ကိုင်းကျေးရွာ၌ လစာထုတ်ယူပြီး အခြေပြုနေရာဖြစ်သည့် ညောင်ပင်သာကျေးရွာ စိုက်ပျိုးရေးသိပ္ပံကျောင်းသို ပြန်လာခဲ့ရာ မမစ(ရွှေဘို)၏ အနောက်တောင်ဘက် ၉ မိုင်ခန့်အကွာ မြို့သာကျေးရွာအနီးအရောက်၌ လမ်း၏ယာဘက်မှ အကြမ်းဖက်အုပ်စု PDF အဖွဲထောင်ထားသည့် မိုင်း ၁ လုံး ပေါက်ကွဲရာမှ ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ပြီး ဝေဠုတွင် ဦးခေါင်း ယာဘက်မိုင်းစဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာနံကြား မိုင်းစဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာခြေသလုံးမိုင်းစထိမှန်ဒဏ်ရာ ၁ ချက် (စုစုပေါင်းဒဏ်ရာ ၃ ချက်)ဖြင့် သေဆုံးသွားသဖြင့် အလောင်းအား ညောင်ကိုင်းကျေးရွာသို သယ်ဆောင်ခဲ့ပြီး ညောင်ကိုင်းကျေးရွာ သုဿာန်၌ သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။