၂၀၂၃၊ အောက်တိုဘာ ၁၆
၂၀၁၁ ခုနှစ် နောက်ပိုင်းမှာ စီးပွားရေးတစ်ရှိန်ထိုး တိုးတက်မှုကြောင့် အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ပို့ကုန်ဝင်ငွေများအလိုက် ၂၀၂၃ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ အမေရိကန် ဒေါ်လာ ၄၃၁၆ ဒသမ ၈၉ သန်း ရှိခြင်း ကြောင့် ယမန်နှစ်ထက် ပို့ကုန်တန်ဖိုး ပိုမိုတိုးတက်လာခဲ့ကြောင်း အလုပ်သမားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က ပြောသည်။
"မြန်မာနိုင်ငံအထည်ချုပ်နဲ့ ချည်မျှင်ထုတ်လုပ်ခြင်းက ရှေးနှစ်ပေါင်းများစွာ ကတည်းက ဒေသအလိုက် ရိုးရာအထည် အလိပ်များရဲ့အလှနဲ့ လက်မှုလက်ရာများနဲ့ စတင်ခဲ့ပါတယ်။ ၂၀၀၅-၂၀၁၀ ပြည့်နှစ် အကြား အထည်ချုပ်စက်ရုံ ၁၃၀ ကျော်က ဂျပန်နဲ့ကိုရီးယား ဈေးကွက်သစ်ကို ရှာဖွေ တွေ့ရှိခဲ့ပြီး အဲဒီနှစ်နိုင်ငံက မြန်မာ့အထည် ချုပ်ကို အဓိကဝယ်ယူတဲ့ နိုင်ငံတွေဖြစ်လာပါ တယ်။ ၂၀၁၁ ခုနှစ်မှာ ဂျပန်က အမှာစာ ၃၇ ဒသမ ၅ ရာခိုင်နှုန်း၊ ကိုရီးယားက အမှာ စာ ၂၅ ဒသမ ၃ ရာခိုင်နှုန်း လက်ခံရရှိခဲ့ပါ တယ်။ ၂၀၁၁ ခုနှစ်နောက်ပိုင်းမှာ စီးပွားရေး တစ်ရှိန်ထိုး တိုးတက်မှုကြောင့် အထည်ချုပ် လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ခဲ့ပါတယ်။ လက်ရှိမှာ CMP စက်ရုံနဲ့ CMP တစ်ဆင့်ခံ စက်ရုံ ၇၈၈ ရုံရှိပါတယ်။ ပို့ကုန်ဝင်ငွေများအ လိုက် ၂၀၂၃ခုနှစ် ဇန်နဝါရီလကနေ စက် တင်ဘာလအထိ အမေရိကန်ဒေါ်လာ ၄၃၁၆ ဒသမ ၈၉ သန်း ရှိတာကြောင့် ယခင် နှစ်ထက် ပို့ကုန်တန်ဖိုး ပိုမိုတိုးတက်လာခဲ့ပါ တယ်"ဟု ၎င်းကပြောသည်။
အထည်ချုပ်လုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ အောက်တိုဘာလ ၁၃ ရက်တွင် ကုန်သည်စက်မှုအသင်း ချုပ်၊ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံအ ထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ မြန်မာ နိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့် နောင်က အထက်ပါအတိုင်း ပြောခြင်းဖြစ် သည်။
ကုန်သည်စက်မှုအသင်းချုပ်အထွေထွေ အတွင်းရေးမှူးချုပ်နှင့် မြန်မာနိုင် ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း အ ထွထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က "ကျွန်မတို့အသင်းအနေနဲ့ အထည်ချုပ်အ သင်းဝင်စက်ရုံတွေကို အလုပ်သမားရေးရာ ဥပဒေများအပေါ် လေးစားလိုက်နာမှုရှိ၊မရှိ Voluntary Labour Compliance Assess-ment နဲ့ အွန်လိုင်းကတစ်ဆင့် ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်မတို့ အသင်းမှာ တရုတ်အထည်ချုပ်စက်ရုံ ရာခိုင်နှုန်း ၅၀ ကျော်၊ ကိုရီးယားစက်ရုံ ၁၀ ရာခိုင်နှုန်း ကျော် စသည်ဖြင့် နိုင်ငံခြားသားပိုင် စက်ရုံတွေက ရာခိုင်နှုန်း ၈၀ ကျော်ရှိပါတယ်"ဟု၎င်းက ပြောသည်။
ရန်ကုန်နှင့်ပဲခူးတိုင်း ဒေသကြီးတို့တွင် အထည်ချုပ်စက်ရုံ ၅၃ ရုံကို NSSA အသိအမှတ်ပြုကျွမ်း ကျင်မှုစစ်ဆေး အကဲဖြတ်ခြင်းကို ဆောင်ရွက်လျက်ရှိပြီး စက်ရုံ၊ အလုပ်ရုံများအနေဖြင့် ကျွမ်းကျင်မှု အသိ အမှတ်ပြုရေးနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် လျက်ရှိ ကြောင်း သိရသည်။