မုံရွာမြိုနယ်၌ အကြမ်းဖက်အုပ်စု PDF အဖွဲက သေနတ်ဖြင့် ပစ်ခတ်၍ အမျိုးသား နှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ

၂၀၂၂၊ဒီဇင်ဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် မုံရွာမြိုနယ်ပြည်သူ့ဆေးရုံသို ဒီဇင်ဘာ၂၉ရက် ညနေပိုင်းတွင် အမျိုးသားအလောင်း ၂ လောင်းနှင့် ဒဏ်ရာရရှိသူ အမျိုးသား ၁ ဦး ရောက်ရှိနေကြောင်း သတင်းအရ တာဝန်ရှိသူများ သွားရောက်စစ်ဆေးရာ ဦးစိုးထိုက်အောင်၊ယာဉ်ကြီးကြပ်ရေးမှူး(ပုဂ္ဂလိက မော်တော်ယာဉ်များ ကြီးကြပ်မှုကော်မတီ )အလုံရပ်ကွက် မုံရွာမြိုနေသူတွင် ယာချိုင်းအောက်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ မျိုးမင်းဇော်  တောပုကျေးရွာ မုံရွာမြိုနယ်နေသူတွင် ဦးခေါင်း ယာဘက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ လည်ပင်းယာဘက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက် တိုဖြင့် သေဆုံးနေပြီး ဘိုဘိုချစ် တွင် ဝဲမေးအောက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ) ရရှိထားသည်ကို တွေ့ရှိခဲ့ရသည်။

ဖြစ်စဉ်အားစိစစ်ရာ ညနေ ၃ နာရီတွင် ဦးစိုးထိုက်အောင် မောင်းနှင်ပြီး မျိုးမင်းဇော်၊ ဘိုဘိုချစ်နှင့် မအိအိဖြိုး တို လိုက်ပါလာသည့် AD VAN မော်တော်ယာဉ်သည် တောပုကျေးရွာမှ မုံရွာမြိုသို ထွက်ခွာလာစဥ် တောပုကျေးရွာ၏ အရှေ့ဘက် ၃ ဖာလုံခန့်အကွာ တောပု-ပုရစ်ကုန်းကျေးရွာသွား ကားလမ်း အရောက်၌ အကြမ်းဖက်အုပ်စု PDF ၅ ဦးခန့်က လက်လုပ်သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ရာ ဦးစိုးထိုက်အောင်နှင့် မျိုးမင်းဇော်တို သေဆုံး၍ ဘိုဘိုချစ်တွင် ဒဏ်ရာ ရရှိခဲ့ပြီး မအိအိဖြိုးမှာ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ တောပုကျေးရွာသို ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။

သေဆုံး/ ဒဏ်ရာရရှိသူများအား မော်တော်ယာဉ်ဖြင့် မုံရွာမြိုနယ်ပြည်သူ့ဆေးရုံသို ပိုဆောင်ခဲ့ပြီး တရားခံ ဖမ်းဆီးရမိရေးစုံစမ်းလျက်ရှိကြောင်း သိရသည်။

Total Views ~ 187

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43055

© 2022 - 2025 News. All Rights Reserved.