၂၀၂၃ အောက်တိုဘာ ၂၄
၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ် ပထမ ခြောက်လတာ ကာလအတွင်းတွင် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီမှ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိ ကန်ဒေါ်လာ ၁ ဒသမ ၃၇၉ သန်းအပါအဝင် ကျပ် သန်းပေါင်း ၅၉၁၄ ဒသမ ၇၈ ကို အတည်ပြု မိန့်ထုတ်ပေးနိုင်ခဲ့ပြီး အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းမှ ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်း ၇၄ ဦးကို ဖန်တီးပေးနိုင်ခဲ့ကြောင်း မ ကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မ တီမှ သိရသည်။
အလားတူ မကွေးတိုင်းဒေသကြီး အတွင်းတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော် မရှင်မှ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းတစ်ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏအားဖြင့် အမေရိ ကန်ဒေါ်လာ ၂၁၈ ဒသမ ၈၉၀ သန်းကို ခွင့်ပြုမိန့် ထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုပေးခဲ့ သော အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှ မကွေးတိုင်းဒေသကြီးအတွင်း ပြည်ပဝန်ထမ်း ၅၂ ဦးနှင့် ပြည်တွင်းလုပ်သား ၂၀၇ ဦးကို အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ခဲ့ကြောင်း မကွေးတိုင်းဒေ သကြီး ရင်းနှီးမြှုပ် နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်ပြောသည်။
"မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များကြီးကြပ်ရေးအဖွဲ့အနေနဲ့ မကွေးတိုင်းဒေ သကြီးအတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့အညီ ခွင့်ပြုမိန့်၊ အတည်ပြုမိန့် ရယူဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို ပုံမှန်ကွင်းဆင်း စစ်ဆေးခြင်းကို ဆောင်ရွက်နေပါတယ်။ မကွေးတိုင်းဒေသ ကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအနေနဲ့ နိုင်ငံ တကာစံနှုန်းနဲ့ညီတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပေါ်ထွန်းလာစေဖို့ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေပါ ရည်ရွယ်ချက်များနဲ့အညီ ဆောင်ရွက်လျက်ရှိပါ တယ်"ဟု ၎င်းကပြောသည်။
မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ် နှံမှုကော်မတီ၏ (၁၀/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို အောက်တိုဘာလ ၂၃ ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခြင်းဖြစ် သည်။
အဆိုပါအစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေး အဖွဲ့မှ ကွင်းဆင်းဝန်ဆောင်မှု ပေးခဲ့သည့် လုပ်ငန်းတစ်ခုအပေါ် ကော်မတီအဖွဲ့ဝင်များက ဆွေးနွေး ခြင်းနှင့် မကွေးတိုင်းဒေသကြီးအတွင်း စက်မှုကဏ္ဍတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ် ခုက ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လိုခြင်းအပေါ် ဆွေးနွေးခဲ့ကြသည်။
