အူလည်လည် တော်လှန်ရေးနဲ့ အိတ်ဖောင်းဖို့ ကြံနေသူများ

၂၀၂၅ ၊ အောက်တိုဘာ ၃၁

    တော်လှန်ရေးကို နှစ်ပေါင်းများစွာ လုပ်ခဲ့ကြတာ နည်းလမ်းပေါင်းလည်း စုံနေပါပြီ။ အခြေခံထား စဉ်းစားသင့်တာက လိုလားချက်ပါ။ လိုလား ချက်ရရှိဖို့ သာအဓိကဖြစ်တဲ့အတွက် လက်နက်ကိုင်တော် လှန်ရေးလုပ်ဖို့ လိုအပ်ရဲ့လား။ ကမ္ဘာတစ်ဝန်းလုံးကို လိုက်ကြည့်ရင် လက်နက်ကိုင်တော်လှန်ရေးဆိုတာ ခေတ်မမီတော့တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီခေတ်မမီတော့တဲ့ တော်လှန်ရေးဟာ မိမိတို့နိုင်ငံမှာ ခုချိန်ထိ ခေတ်စားနေတာ ခေတ်ပြောင်း၊ စနစ်ပြောင်းဖို့အတွက် ဟုတ်မှဟုတ်ရဲ့လားဆိုတာ စဉ်းစားရမလိုပါ။ 
    ဒုတိယကမ္ဘာစစ်ပြီးနောက်မှာ ကိုလိုနီနိုင်ငံတွေ လွတ်လပ်ရေးရပြီး ပြည်တွင်းစစ်ကို အစပျိုးခဲ့ကြတာတွေ့ရမှာ ဖြစ်ပါတယ်။ စနစ်အရ အပြန် အလှန်ချကြတာ၊ အုပ်ချုပ်သူကို မကျေနပ်လို့၊ စနစ်ကို မကြိုက်လို့ နည်းမျိုးစုံနဲ့ အပြန်အလှန် တွယ်ခဲ့ကြတာတွေ့ရမှာ ဖြစ်ပါတယ်။ ဒါတွေကလည်း သူနိုင်လိုက် ကိုယ်နိုင်လိုက်နဲ့ သံသရာရှည်နေခဲ့ကြရာက ၂၀ ရာစုကုန်ခါနီးမှစပြီး ၂၁ ရာစုထဲ ချဉ်းနင်းဝင်ရောက်လာ တဲ့အခါမှာ လက် နက်ကိုင်တော် လှန်ရေးဆိုတာ အတော်ရှားပါးလာတာ သတိထားမိ ကြမှာပါ။ လက်နက် ကိုင်တော်လှန်ရေးလုပ်ပြီး ခေတ်စနစ်ပြောင်းဖို့အတွက် လူ့အသက်တွေ၊ ဒုက္ခတွေရင်းရမှာ၊ တိုင်းပြည် ချွတ်ခြုံကျမှာ မတန်တဲ့အတွက် မလုပ်လိုကြတော့တာပဲ ဖြစ်ပါတယ်။ မိမိတို့နိုင်ငံမှာသာ အမုန်းတရားကို အခြေခံပြီး မြေကျန်ရင်တော်ပြီ။ အပြုတ်တိုက်ပြီး အစက ပြန်စမယ်ဆိုတာတွေနဲ့ မြှောက်ပေးနေကြတာ အတော်ဦးနှောက်နည်းနေကြတာပဲ ဖြစ်ပါတယ်။ 
    မိမိတို့နိုင်ငံရဲ့ တော်လှန်ရေးဟာ သေသေချာချာ ထဲထဲဝင်ဝင်လေ့လာကြည့်ရင် လိုလားချက် တစ်ခုအပေါ်မှာ အခြေခံတဲ့ရိုးရှင်းတဲ့ တော် လှန်ရေး မဟုတ်ဘူး။ တော်လှန်ရေးအကြောင်းပြ ငွေကြေးအာဏာတည်ဆောက်လိုတဲ့ သဘောသဘာဝနဲ့  လက်ဝဲလက်ယာ ပြည်ပပယောဂတွေ ပါနေတဲ့အတွက် ဒီလောက်အထိ သက်ဆိုးရှည်နေတာပဲ ဖြစ်ပါတယ်။ ကိုယ်ကျိုးစီးပွားကို ဘေးဖယ်ထားပြီး ပြည်ထောင်စု အကျိုး၊ ကိုယ့်လူမျိုးအကျိုးကိုသာ ရှေးရှုကြမယ်ဆိုရင် ယခုအချိန်မှာ တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံတစ် နိုင်ငံ ဖြစ်နေတာ ကြာလှပါပြီ။ ကိုယ်ကျိုးစီးပွားကို ဘေးဖယ်မထားဘဲ ဆတူ ရှေးရှုဆောင်ရွက်ကြမယ်ဆို ရင်တောင်မှ အတော်ကောင်းမွန်တဲ့ အခြေအနေတစ်ခုကို မလွဲမသွေရောက်ရှိနေမှာပဲ ဖြစ်ပါတယ်။ 
    အခုချိန်ထိ လိုရာခရီးကို မရောက်နိုင်တာက ကိုယ်ကျိုးအတ္တနဲ့ ပြည်ပပယောဂက အဓိကဆိုရင် မမှားဘူး။ တိုင်းရင်းသားအချင်းချင်း၊ လူမျိုးအချင်းချင်း သွေးကွဲအောင် သွေးထိုးတယ်။ သွေးကွဲတဲ့အပေါ် ဘက်အနေနဲ့ စည်းရုံးတယ်။ မဝရေစာနဲ့ မယားငယ်ပေးပေးတဲ့ အထောက်အပံ့၊ စေတနာပါသလိုလိုနဲ့ ဆရာကြီးလုပ်တာတွေကို သာယာနေကြတာကဆိုးတယ်။ ဒီရိုးအီပြီး လက်ရှိဖြစ်နေတဲ့ အခြေအနေတွေ ကို နယ်ပေါင်းစုံက  Stakeholder တွေသိကြပါတယ်။ သိရဲ့သားနဲ့ မပြင်ဆင်နိုင်ကြတာကတော့ ကိုယ်ကျိုးအတ္တလို့သာ ဆိုရမှာပါ။ ပြည်ပပယောဂဆိုတာက တော့ လူနဲ့လူ့ပတ်ဝန်းကျင်ဖြစ်တဲ့အတွက် ရှိနေမှာပဲ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကြုံတွေ့နေရတဲ့ မထူးတဲ့ဇာတ်ပါ။ ထူးတာက မိမိအကျိုး စီးပွားအတွက် ပြည်ပပယောဂကို အဝင်ခံတာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အယူအဆတူတဲ့အခါ မဟာမိတ် အသွင်ဆောင်တဲ့သဘော ဖြစ်သွားပြီး ကိုယ်ကိုယ်တိုင် ပုဆိန်ရိုးဖြစ်သွားတာကို မသိလိုက်ကြတာဘဲ ဖြစ်ပါတယ်။ 
    အောက်တိုဘာလ ၁၉ ရက်က သြစတြေးလျနိုင်ငံ ပတ်သ်(Perth)မြို့မှာ မီမီဝင်းဘတ်နဲ့ သြစ တြေးလျရောက်မြန်မာတွေ တွေ့ဆုံခဲ့ကြပါတယ်။ ဒီတွေ့ဆုံမှုကို လူထုဆွေးနွေးပွဲခေါင်းစဉ်တပ်ပြီး Western Australia Myanmar Democratic Network နှင့် သြစေတြးလျရောက်မြန်မာများက ကမကထပြုထားတာ ဖြစ်တယ် လို့ သိရပါတယ်။ အဲဒီဆွေးနွေးပွဲကို KNU မှ ဘောကျော်ဟဲ၊ PDF မှ တေဇာစန်းနဲ့ စိုးသူရဇော်တို့ Online မှ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ KNDF မှ မာဝီလည်းတက်ဖို့ စီစဉ်ထားပေမယ့် အင်တာနက်မရလို့ မတက်ဖြစ် ဘူးလို့ ဆိုပါတယ်။ ဒီလူထုတွေ့ဆုံပွဲဆိုတာ ခေတ်အဆက်ဆက်က ဆောင်ရွက်ခဲ့တာတွေနဲ့ ထူးမခြားနားတဲ့ ဆောင်ရွက်မှုတစ်ခုပါပဲ။ တိုင်းပြည်အတွက် ကောင်းလာစရာမရှိပါဘူး။ ပြည်တွင်းမှာ လက်နက်ကိုင်အဖွဲ့တွေ အများကြီးရှိပါတယ်။ ဒီတွေ့ဆုံမှုကိုကြည့်ရင် ကမကထလုပ်တဲ့အဖွဲ့ရယ်၊ ဟော ပြောတဲ့ မြန်မာပျက် အမေရိကန်မရယ်၊ တက်ရောက်သူတွေရယ်ကို ကြည့်ခြင်းအားဖြင့် ကိုယ်နဲ့ပုလဲနံ ပသင့်တင့်တဲ့သူတွေ၊ ကိုယ့်စကားနားထောင်မယ့် သူတွေကို ရွေးဖိတ်တာလို့ ဆိုရမှာဖြစ်ပါတယ်။ 
    ပြည်တွင်းမှာ တော်လှန်ရေးက ထင်သလောက် ခရီးမပေါက်တာရယ်၊ လက်ရှိအနေအထားအရ KNU ၊ KNDF နဲ့ PDF တို့ စစ်ရေးအရ နိမ့်လာတဲ့အပေါ်မှာ ပြည်ပက ထောက်ခံပံ့ပိုးမှု အရှိန်မကျသွားအောင် Lobby လုပ်ပေးတဲ့သဘောသာ ဖြစ်ပါတယ်။ ဒီအဖွဲ့တွေအနေနဲ့ ပြည်ပက အ ထောက်အပံ့ရမှာ ဖြစ်သလို မီမီဝင်းဘတ်အနေနဲ့လည်း ရာခိုင်နှုန်းတစ်ခုတော့ ရမှာသေချာတယ်။ အနည်းဆုံး ဒေါ်လာသိန်း ဂဏန်း ပါ။ မီမီဝင်းဘတ်က မြန်မာနိုင်ငံကို ချစ်လို့လုပ်နေတာ မဟုတ်ဘူး။ မြန်မာနိုင်ငံကို ခုတုံးလုပ်ပြီး ပိုက် ဆံရှာစားနေတာပဲ ဖြစ်ပါတယ်။ ဘာမှ မြန်မာ့အရေး ကျွမ်းကျင်သူမဟုတ်ဘူး။ သူ့စရိတ်သူစားပြီး လိုက် ဟောပြောပို့ချနေတာ မဟုတ်ဘူး။ သွားစရိတ်၊ လာစရိတ်၊ နေထိုင်စရိတ်အပြင် ဟောပြောပို့ချခ ဘယ်လောက်ပေးရသလဲဆိုတာ အဲဒီ စပွန်ဆာလုပ်တဲ့သူတွေကိုမေးကြည့်။ မီမီဝင်းဘတ်လိုလူတွေ၊ မူဆလင်အရေး လုပ်နေသူတွေအား လုံး မြန်မာနိုင်ငံကို ခုတုံးလုပ်ပြီး ငွေရှာစားနေကြတဲ့သူတွေချည်းပဲဆိုတာ သိ ထားဖို့လိုပါတယ်။ တိုင်းပြည်အကျိုးကြည့်နေသူတွေ မဟုတ်ဘူး။ 
    ဆွေးနွေးပွဲမှာ တေဇာစန်းနဲ့ စိုးသူရဇော်တို့က လက်ရှိ တော်လှန်ရေးအခြေအနေကို သုံးသပ်ဆွေး နွေးခဲ့ကြကြောင်း၊ ဘောကျော်ဟဲက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနဲ့ PDF များအကြား ညီညွတ်သော တော်လှန်ရေးတပ်ပေါင်းစုတစ်ရပ် ပေါ်ပေါက်လာမှာဖြစ်ကြောင်း ပြောကြားခဲ့ကြတယ်လို့ အနောက်မျှော်မီဒီယာတွေက ထုတ်လွှင့်သွားတာ တွေ့ရပါတယ်။ သာမန်အားဖြင့်ကြည့်ရင် ပြည်ပနေ စပွန်ဆာပေးနေသူတွေအတွက်တော့ အတော်ပင် အားရစရာကောင်းမှာ သေချာပါတယ်။ အကောင်းဖိပြောမှ အာရကေက လာမှာမဟုတ်ပါလား။ အမှန်တကယ် သန္ဓေမမှန်တဲ့ တော်လှန်ရေးကျ ဆုံးနေတာ၊ ခက်ခဲနေတာ၊ KNU တွေ၊ KNLA တွေ တဖြည်းဖြည်းချင်း နာလန်မထူနိုင်တာတွေကို ပြောရဲမယ် မထင်ဘူး။ ဒါကြောင့်လည်း ဘောကျော်ဟဲက စားကောင်းသောက်ကောင်းအောင် တပ်ပေါင်းစုတစ်ရပ်ပေါ်လာမှာလို့ ပြောတာပဲဖြစ်ပါတယ်။ 
    ဒီတပ်ပေါင်းစု ဆိုတာကလည်း ထူးမခြားနား စားကောင်းသောက်ကောင်းရုံထက် မပိုပါဘူး။ ထူးတာက ဘောကျော်ဟဲတို့၊ စိုးသူရဇော်တို့၊ တေဇာစန်းတို့  မြိုးမြိုးမြက်မြက် အိတ်ဖောင်းစရာရှိလာမှာပဲ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် အရေးအခင်းပြီးနောက် အခုလိုပဲ ဗမာနိုင်ငံရေးအင် အားစု၊ မြန်မာလူငယ် တော်လှန်ရေးလို့ ဆိုနိုင်တဲ့ ABSDF တို့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပေါင်းပြီးဖွဲ့ခဲ့တဲ့ တော်လှန် ရေးတပ်ပေါင်းစုဆိုတာ ပေါ်ခဲ့ဖူးတယ်။ အဲဒါက NCUB(National Council of the Union of Burma) ပါ။ ပြည်ထောင် စုမြန်မာနိုင်ငံရဲ့ အမျိုးသားကောင်စီအဖြစ် ဖွဲ့စည်းခဲ့ကြတာပါ။ ၁၉၉၂ ခုနှစ်မှာ ဒေါက်တာစိန်ဝင်းဦး ဆောင်တဲ့ NCGUB အစိုးရ၊ DAB နဲ့ NDF တို့ ပူးပေါင်းဖွဲ့စည်းခဲ့ကြတာပဲ ဖြစ်ပါတယ်။ NCGUB က ဒေါ် အောင်ဆန်းစုကြည်ရဲ့ အစ်ကိုဝမ်းကွဲ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့အစ်ကို ဦးဘဝင်းရဲ့သားဖြစ်တဲ့ ဒေါက်တာ စိန်ဝင်းဦးဆောင်ပြီး ဖွဲ့ထားတဲ့ပြည်ပြေးအစိုးရပဲ ဖြစ်ပါတယ်။ အခု NUG နဲ့ သိပ်မထူးပါဘူး။ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲရလဒ်အရ ဥပဒေမရှိဘဲ ကိုယ့်သဘောနဲ့ကိုယ်ဖွဲ့ထားတဲ့အဖွဲ့ပဲဖြစ်ပါတယ်။ NCGUB
က အစိုးရအဖွဲ့လို့ ဆိုထားပေမယ့် ကောင်စီရဲ့အောက်မှာ ရှိတဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေအပေါ်မှာ သြဇာမညောင်းသလို မူဝါဒအရ ခပ်တင်းတင်းပင်ပြောနိုင်တဲ့ အဆင့်မှာမရှိခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလိုပါပဲ NUG အနေနဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေကို မာမာတင်းတင်းပြောရဲ ရဲ့လား။ မဖြစ်သင့်တဲ့ ဖက်ဒရယ်အကြောင်းပြ ကိုယ်ပိုင်နယ်မြေ တည်ဆောက်နေတာ မဖြစ်သင့်ဘူး၊
ကျွန်တော်တို့ အစိုးရအနေနဲ့ လုံးဝလက်မခံဘူးလို့  အသံပျော့ပျော့လေးနဲ့တောင် ပြောရဲပါသ လား။ 
    NDF(National Democratic Front) က ၁၉၇၆ ခုနှစ် ဆိုရှယ်လစ်အစိုးရလက်ထက်မှ KNU၊ KNPP ၊ NMSP ၊ CNF၊ PNLO နဲ့ RCSS (ကရင်၊ ကယား၊ မွန်၊ ချင်း၊ ပအိုဝ်းနဲ့ ရှမ်းလက်နက်ကိုင်အဖွဲ့များ) တို့ ပူးပေါင်းဖွဲ့ စည်းထားတဲ့ တိုင်းရင်းသားတပ်ပေါင်းစုပဲ ဖြစ်ပါတယ်။ တိကျတဲ့ ခေါင်း ဆောင်ပိုင်းမရှိသလို အမြင်မတူ၊ ရရှိတဲ့ ရန်ပုံငွေမတူ၊  ရပ်တည်ချက်မတူကြတဲ့အတွက် တပ်ပေါင်းစုသာဖွဲ့ခဲ့ပေမယ့် အောင်မြင်တဲ့ တပ် ပေါင်းစုတစ်ရပ် ဖြစ်မလာခဲ့ပါဘူး။ ရန်ပုံငွေ ထောက်ပံ့ကြေးအဖြစ် အနောက်အုပ်စုက ထောက်ပံ့ခဲ့ပေမယ့် အားကောင်းတဲ့အဖွဲ့ကသာ လက်သိပ်ထိုးရရှိခဲ့တာပဲ ဖြစ်ပါတယ်။  
    DAB( Democratic Alliance of Burma) က ၁၉၈၈ ခုနှစ် အရေးအခင်းကာလ လူငယ်တွေတောခို သွားပြီး ABSDF ဖွဲ့စည်းပြီးနောက်မှာ  NDF အဖွဲ့တွေနဲ့ ABSDF ပူးပေါင်းဖွဲ့စည်းခဲ့ကြတာပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားမှာ ဗမာလက်နက် ကိုင်အဖွဲ့ပါ ပါရှိလာပြီး ဒီမိုကရေစီမဟာမိတ်အဖြစ် နိုင်ငံတကာက မြင်လာအောင်၊ အကူအညီအထောက်အပံ့တွေရအောင် မျောက်ပြဆန်တောင်းတဲ့ သဘောနဲ့ အနောက်အုပ်စုအကြိုက် ဖွဲ့စည်းခဲ့ကြတာပဲ ဖြစ်ပါတယ်။ ရပ်တည်ချက်မတူကြသလို KNU က တန်းတူမဆက်ဆံဘဲ  လက်ဝါးကြီးအုပ် နေရာယူခဲ့တဲ့အတွက် အောင်မြင်တဲ့ တပ်ပေါင်းစုအဖြစ် ရောက်မ လာခဲ့တာပဲ ဖြစ်ပါတယ်။ အားလုံးက ပုဂ္ဂိုလ်ရေး၊ လူမျိုးရေးတွေ ပါလာတဲ့အခါမှာ တပ်ပေါင်းစုအကျိုးကို ရှေးရှုခဲ့ကြတာ မဟုတ်ပါဘူး။ အထူးသဖြင့် KNU ပါ။ 
    မြန်မာနိုင်ငံမှာ တော်လှန်ရေးတပ်ပေါင်းစုအဖြစ် စတင်ဖွဲ့စည်းခဲ့ကြတာက အမျိုးသားဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစု (မဒညတ)ပါ။ ၁၉၅၉ ခုနှစ် မေ ၂၅ ရက်မှာ ဗကပက ဦးဆောင်ဖွဲ့စည်းခဲ့ ကြတာပါ။ ဗကပ၊ KNU၊ NMSP ၊ KNPP နဲ့ CNF တို့ပဲဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီး လက်နက်ကိုင်လမ်းစဉ် စချိန်မှာ ဗကပနဲ့ KNU တို့ဟာ မြို့ရွာတွေသိမ်းနိုင်ခဲ့တဲ့အဆင့်ထိ ဖြစ်လာခဲ့ကြပေမယ့် တပ်မတော်ရဲ့ စွမ်းဆောင်ရည်ကြောင့် တဖြည်းဖြည်းနယ်မြေတွေ ပြန်လည်စွန့်လွှတ်ပေးရပြီး စစ်ရှုံးတော့မယ့်အခြေ အနေရောက်တဲ့အချိန်မှာ အင်အားတစ်ရပ်အနေနဲ့ ပေါင်း စည်းခဲ့ကြတာပဲဖြစ်ပါတယ်။ နောက်တစ်ချက်က ဗကပ နဲ့ KNU တို့ရဲ့ စစ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေး၊ ဘဏ္ဍာရေးတို့အတွက် မြစ်၀ကျွန်းပေါ်ဒေသ (ဧရာ ဝတီတိုင်း)ဟာ အချက်အချာနေ ရာဖြစ်တဲ့အတွက် ပေါင်းစည်းခဲ့ကြတာလည်း ဖြစ်ပါတယ်။ 
    မဒညတ အဖွဲ့ဝင်ဖြစ်တဲ့အတွက် ကျန်တဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေကို ဗကပက ပြည်ပကွန်မြူနစ်အတွေးအခေါ်တွေပါ ရိုက်သွင်းပြီး လိုက်နာကျင့်သုံးစေခဲ့တာဖြစ်ပါတယ်။ အဲဒီအတွက် လည်း KNU ထဲမှာ နှစ်ခြမ်းကွဲသွားတာကို တွေ့ရမှာဖြစ်ပါတယ်။ ကွန်မြူနစ်ဝါဒကို သက်ဝင်တဲ့ မန်းဘဇံ အုပ်စုနဲ့ လူမျိုးရေးကို ရှေ့တန်းတင်တဲ့ ကော်ကဆာ စောဟန်တာ သာမွှေးတို့ပဲ ဖြစ်ပါတယ်။ ဝါဒရေးအစွန်းရောက်နဲ့ လူမျိုးရေးအစွန်းရောက် အဖွဲ့တွေ ပေါင်းစည်းကြတဲ့အတွက် ရေရှည်ပေါင်းစည်းလို့မရခဲ့ သလို ဒေသတစ်ခုတည်းမှာ သူတစ်လူငါတစ်မင်း ပြည်သူတွေကို ဒုက္ခပေးခဲ့ကြတဲ့အတွက် မြစ်ဝကျွန်း ပေါ်ဒေသမှာ မဒညတအမည်ခံ ဗကပရော၊ KNU ရော ကျဆုံးခဲ့ရတာပဲဖြစ်ပါတယ်။ အဲဒီနောက် KNU ကနေ ကွဲသွားတဲ့ ကရင်လက်နက်ကိုင် နှစ်ဖွဲ့အနေနဲ့ ကရင်သွေးစည်းညီညွတ်ရေးပြန်လုပ်ပြီး KNU အဖြစ် ပြန်လည်ပေါင်းစည်းခဲ့ကြတာပဲ ဖြစ်ပါတယ်။ အခုလည်း ကရင်လက်နက်ကိုင်အဖွဲ့တွေ ပြန်လည်ပေါင်းစည်းရေး ပြန်လုပ်ဖို့ကြိုးစားနေကြပေမယ့် ငြိမ်းချမ်းရေးအုပ်စုနဲ့ စစ်ဝါဒီအုပ်စု ကွဲနေတဲ့အကွဲကိုတွေ့ရမှာဖြစ်ပါ တယ်။ 
    အခုလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တပ်ပေါင်းစုသဏ္ဌာန်ဖွဲ့ခဲ့သလို ၂၀၀၈ ခုနှစ်အခြေခံဥပဒေ ပေါ်ထွက်လာပြီးနောက် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တပ်ပေါင်းစုသဏ္ဌာန်ဖွဲ့ စည်းခဲ့ကြတာ တွေ့ရမှာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ NCA လက်မှတ်ရေးထိုးရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့ပေါင်းပြီး UNFC (United Nationslities Federal Council) ဆိုပြီး ဖွဲ့စည်းခဲ့ကြပါတယ်။ အဲဒီအဖွဲ့ထဲက တချို့အဖွဲ့တွေက NCA လက်မှတ်ရေးထိုးပြီး တချို့က ရေးထိုးခြင်းမရှိတဲ့အတွက် UNFC ပျက်သွားပြီး NCA လက်မှတ်ရေးထိုးခြင်းမပြုဘဲ နိုင်ငံရေးဆွေးနွေးရန် UWSA ၊ MNDAA၊ NDAA၊ KIA၊ TNLA၊ SSPP-SSA နဲ့ AA တို့ပေါင်းပြီး FPNCC ဆိုပြီး ဖွဲ့စည်းခဲ့ကြပါတယ်။ အဲဒီအဖွဲ့ထဲမှာကိုပဲ စစ်ရေးအရ မြောက်ပိုင်းမဟာမိတ် အဖြစ်  KIA? TNLA? MNDAA နဲ့ AA  တို့ထပ်မံဖွဲ့စည်း ခဲ့ကြပါတယ်။ ခေါင်းတစ်ခု တည်းမှာမရှိဘဲ  အကျိုးစီးပွားကို ရှေးရှုကြတဲ့အတွက် ပေါင်းထားပေမယ့် မတည့်ကြတဲ့ပြဿနာတွေကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ညီနောင်သုံးဖွဲ့ဆိုပြီး KIA မပါတော့ဘဲ ကျန်သုံးဖွဲ့ ပေါင်းစည်းထားကြတာကိုလည်း တွေ့ရမှာ ပါ။ 
    ဒီဖွဲ့စည်းမှုတွေဟာ တူရာစုတဲ့သဘောပဲ ဖြစ်ပါတယ်။ အကျိုးစီးပွား မတူကြပေမယ့် ဦးတည်ရန် သူတူကြလို့ ဖြစ်လာတဲ့သဘာဝပါ။ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အားလုံးနီးနီးက ပြည်ထောင်စုအ ကျိုးထက် ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်ထားကြပါ။ ဒါကြောင့်လည်း မကြာခဏ ကွဲလိုက်ပြန်ပေါင်း လိုက်ဖြစ်နေကြတာပါ။ နယ်မြေဝေးရင် ပြဿနာမရှိတတ်ကြပေမယ့် နယ်မြေနီးရင်၊ တစ်နယ်တည်းဖြစ် ရင် ပြဿနာကြီးတတ်ကြပါတယ်။ အထူးသဖြင့် နယ်မြေရလိုမှုနဲ့ အကျိုးစီးပွား ပြဿနာပဲ ဖြစ်ပါတယ်။ 
    အခုဘောကျော်ဟဲပြောတဲ့ ညီညွတ်သောတပ် ပေါင်းစုတစ်ရပ် ပေါ်လာတော့မှာဆိုတာ လေထဲ တိုက် အိမ်ဆောက်တဲ့ အဆင့်ထက်မပိုဘူး။ နွေဦးတော်လှန်ရေးနဲ့ပတ်သက်ပြီး အကြံပေးကြတဲ့ နိုင်ငံရေး ပရောဟိတ်တွေက တပ်ပေါင်းစုလုပ်မှရမယ်ဆိုတဲ့ သံယောင်နောက် လိုက်ပြီး စားကောင်းသောက်ကောင်း ပြောတာပဲဖြစ်ပါတယ်။ ဖွဲ့မယ်ဆိုရင်လည်း ပြဿနာတွေက တစ်ပုံကြီး လာလိမ့်မယ်ဆိုတာ သေချာတယ်။ စောင့်ကြည့်။ အဲဒီနိုင်ငံရေးပရောဟိတ်တွေဆိုတာကလည်း ဆိုင်းသံကြားရင် မကရမနေ နိုင်တဲ့ မင်သားရူးတွေထက်မပိုဘူး။ တည့်တည့်ပြောရရင် တိုင်းပြည်အတွက် ကောင်းလာနိုင်စရာ မရှိသလို ပိုဆိုးသွားရုံသာရှိလိမ့်မယ်။ လက်နက်ကိုင်လမ်း စဉ်လည်းမပျောက်၊ မအောင်မြင်တဲ့ တော်လှန် ရေးကလည်း အူလည်လည်နဲ့ အချိန်တွေပိုကြာ။ အမြတ်ထွက် အိတ်ဖောင်းမှာက ဘောကျော်ဟဲနဲ့ အပေါင်း ပါများ။ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေကတော့ မီမီဝင်းဘတ်နဲ့ အနောက်အုပ်စု။ ခံရမှာက တိုင်းပြည်နဲ့ ပြည်သူတွေပဲ ဖြစ်ပါလိမ့်မယ်။ 
(ဇော်နိုင်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၄၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

TREND News Journal PDF File Download Link

Total Views ~ 15

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

56060

© 2022 - 2025 News. All Rights Reserved.