၂၀၂၃ စက်တင်ဘာ ၁၂
ယခုနှစ်အစဇန်နဝါရီမှ ယခု စက် တင်ဘာအထိ ကိုးလအတွင်း ရန်ကုန်အပြည် ပြည်ဆိုင်ရာ ဆိပ်ကမ်းသို့ နိုင်ငံတကာကုန် တင်သင်္ဘောကြီး ၅၀၀ ခန့်ဆိုက်ကပ်ကုန် သွယ်မှုပြုလုပ်နေကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဆိုသည်။
စာရင်းများအရ ယခုနှစ်အစပိုင်း ဇန်နဝါရီတွင် ၅၂ စီး၊ ဖေဖော်ဝါရီတွင် ၅၁ စီး၊ မတ်လတွင် ၅၅ စီး၊ ဧပြီတွင် အစီး ၅၀၊ မေတွင် ၅၆ စီး၊ ဇွန်တွင် ၅၇ စီး၊ ဇူလိုင်တွင် ၅၃ စီး၊ သြဂုတ် တွင် ၅၄ စီး စုစုပေါင်း ၄၂၈ စီးရှိခဲ့ပြီး ဖြစ်သည်။
လစဉ် အစီးရေ ၅၀ ကျော်ပုံမှန် ဆိုက်ကပ်ကုန်သွယ်လျက်ရှိပြီး ယခုစက်တင် ဘာတွင်လည်း ၅၃ စီးဝင်ရောက်ဆိုက်ကပ် ကုန်သွယ်မှု ပြုမည်ဖြစ်သောကြောင့် ကိုးလ အတွင်းတွင် လာရောက် ဆိုက်ကပ်ကုန်သွယ် သည့် နိုင်ငံတကာကုန်တင်သင်္ဘော အရေ အတွက်မှာ ၅၀၀ နီးပါးရှိလာပြီး ယခုနှစ်အ ကုန်တွင် စုစုပေါင်းအစီးရေ ၇၀၀ ခန့်ဆိုက် ကပ်ကုန်သွယ်မည်ဟု ခန့်မှန်းထားသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတွင် ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင် သည့် ဆိပ်ကမ်းတံတား ၂၇ စီး၊ သီလဝါအ ပြင်ဆိပ်ကမ်းဧရိယာတွင် ဆိပ်ကမ်းတံတား ၁၉ စီးရှိပြီး နိုင်ငံတကာ ကုန်တင်သင်္ဘော ကြီး ၄၆ စီးအား တစ်ပြိုင်နက်တည်း ဆိုက် ကပ်ဝန်ဆောင်မှုပေးနေကြောင်း မြန်မာ့ဆိပ် ကမ်းအာဏာပိုင်မှ သိရသည်။
ဆိုက်ကပ်ကုန်သွယ်မှုပြုလုပ်ရာ တွင် ဆောက်လုပ်ရေးသုံး ပစ္စည်းများ၊ စိုက် ပျိုးရေးသုံးပစ္စည်းများ၊ လူသုံးကုန်နှင့်စား သောက်ကုန်များအား နိုင်ငံအတွင်းသို့ သွင်းကုန်အဖြစ် ဦးစားပေးတင်သွင်းလျက်ရှိပြီး မြန်မာနိုင်ငံမှ ပို့ကုန်အဖြစ် စိုက်ပျိုးရေးနှင့် လယ်ယာထွက်ကုန်များ၊ ရေထွက်ပစ္စည်းများအား ရေကြောင်းမှ ပြန်လည်တင်ပိုလျက်ရှိသည်။
မြန်မာ့ကမ်းရိုးတန်းအရှည်သည် ရေမိုင်အားဖြင့် မိုင် ၁၂၆၀ ရှိပြီး ကမ်းရိုးတန်း တစ်လျှောက်တွင် ဆိပ်ကမ်း ကိုးခုရှိသည့်အ နက် ရန်ကုန်ဆိပ်ကမ်းသည် အဓိကနိုင်ငံတကာဆိပ်ကမ်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံရေကြောင်း ကုန်သွယ်မှုပမာဏ၏ ရာခိုင်နှုန်း ၉၀ ကျော်အား ကိုင်တွယ်ဆောင်ရွက်ပေးလျက်ရှိသည်။