ချောင်းသာကမ်းခြေတွင် သောင်တင်နေသည့် ဝေလငါးမျိုးစိတ်ဝင် ငါးကြီးအား ပင်လယ်ပြင်သို့ ပြန်လွှတ်ပေး

၂၀၂၃ ဩဂုတ် ၂၁

ဧရာဝတီတိုင်း၊ ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေတွင် သြဂုတ် (၂၀) ရက် ညနေ (၅) နာရီခန့်က ဝေလငါးမျိုးစိတ်ဝင် ငါးကြီးတစ်ကောင် သောင်တင်နေသည့်အတွက် ပင်လယ်အတွင်း ပြန်လွှတ်ပေးခဲ့ကြောင်း ချောင်းသာမြို့ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

အဆိုပါ သောင်တင်နေသည့် ဝေလငါးမျိုးစိတ်ဝင်ငါးကြီးအား ချောင်းသာမြို့ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများက ချောင်းသာကမ်းခြေတစ်လျှောက် ငါးလုပ်ငန်းဆိုင်ရာလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်စဉ် "သီရိ" ဟိုတယ်ရှေ့ ကမ်းခြေ၌တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

သောင်တင်နေသည့် ငါးကြီးမှာ အလျား ၁၀ ဒသမ ၇ ပေ၊ လုံးပတ် ၅ ပေ၊ ရေယက်အကျယ် ၃ ပေခန့်ရှိသည့် ဝေလငါးမျိုးစိတ်ဝင် ငါးကြီးတစ်ကောင်ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် တာဝန်ရှိသူများက ပင်လယ်ပြင်အတွင်းသို့ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

Total Views ~ 213

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

44484

© 2022 - 2025 News. All Rights Reserved.