Breaking

မုတ်သုံလေအား အလွန်ကောင်းလာသဖြင့် ဇွန် ၂ ရက်အထိ  မြန်မာနိုင်ငံတစ်ဝန်း မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း အထူးမိုးလေဝသ သတင်းထုတ်ပြန်

ရန်ကုန်၊ မေ ၂၇
    ၂၀၂၅ ခုနှစ် မေ ၂၆ ရက် မြန်မာစံတော်ချိန် ၆ နာရီတွင် အထူးမိုးလေဝသ သတင်းတစ်ရပ်ကို မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားပြီး မုတ်သုံလေအား အလွန်ကောင်းလာသဖြင့် မေ ၂၆ ရက် ညပိုင်းမှ ဇွန် ၂ ရက်အထိ မြန်မာနိုင်ငံတစ်ဝန်း မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သတိပေးချက်ထုတ်ပြန်ထားသည်။
    မေ ၂၆ ရက် မြန်မာစံတော်ချိန် ၄ နာရီခွဲ တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့်လည်းကောင်း၊ မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များ ဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့်လည်း ကောင်း၊ မေ ၂၆ ရက်ညနေမှ ဇွန် ၂ ရက်အတွင်း နေပြည် တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ထုတ်ပြန်ထားသည်။
    ထို့သို့ မိုးသည်းထန်စွာရွာသွန်း ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိ ပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်း သွားလာရေးနှင့် လေကြောင်း ပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေးနှိုးဆော်ထားသည်။ ထူးမြတ်

Total Views ~ 16

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

44550

© 2022 - 2025 News. All Rights Reserved.