Breaking

ဘီးလင်း-နတ်ကြီး ကားလမ်းပေါ် ရှိ ပေ ၈၀ သံကူကွန်ကရစ်တံတားအား KNLA နှင့် PDF အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖျက်ဆီး

ရန်ကုန်၊ မေ ၂၇
    ဘီးလင်းမြို့နယ် ဘီးလင်း-နတ်ကြီးသွား ကားလမ်းမကြီးပေါ်ရှိ ပေ ၈၀ သံကူကွန်ကရစ်တံတား အမှတ်(၃/၁၇) အား KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
    လက်နက်ကိုင်အကြမ်းဖက်သောင်း ကျန်းသူများအနေဖြင့် ဒေသအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်စေရေး၊ နိုင်ငံတစ်ဝန်းရှိ ပြည်သူများ စိတ်အေးချမ်းသာစွာ ခရီးသွားလာနေမှုများကို မလိုလား၍ လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်းနှင့် လုပ်ဆောင် လျက်ရှိသည်။ အကြမ်းဖက်လုပ်ရပ် အမျိုးမျိုးကို ပုံစံအမျိုးမျိုးဖြင့် လုပ်ဆောင်လျက်ရှိသည်။
    KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မေ ၂၆ ရက် နံ နက်ပိုင်းတွင် မွန်ပြည်နယ် ဘီးလင်းမြို့နယ် တညင်ပင်ကျေးရွာ၏ အနောက်ဘက် မီတာ ၃၀၀ ခန့်အကွာ ဘီးလင်း-နတ်ကြီးသွား ကားလမ်းမကြီးပေါ်ရှိ မိုင်တိုင်အမှတ် ၁၆/၂ နှင့် ၃ အကြား အရှည် ပေ ၈၀၊ အကျယ် ၂၄ ပေရှိ သံကူကွန်ကရစ်အမျိုးအစား တံတားအမှတ်(၃^၁၇)အား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ကြ သည်။ မိုင်းပေါက်ကွဲမှုဒဏ်ကြောင့် အဆိုပါသံကူကွန်ကရစ်တံတားမှာ တောင်ဘက်ကမ်းကပ်ခုံမှ ပြိုကျပျက်စီးခဲ့ပြီး လူနှင့်မော်တော်ယာဉ်များ ဖြတ်သန်းသွား လာနိုင်မှုမရှိကြောင်းနှင့် ပျက်စီးသွားသည့် တံတားအား တာဝန်ရှိသူများက ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ 
    အဆိုပါ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများကို လိုအပ်သည့် တုံ့ပြန်မှုများ ပြုလုပ်နိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ် အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေး လုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။           ထူးမြတ်

Total Views ~ 15

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

44550

© 2022 - 2025 News. All Rights Reserved.