တာဝန်ရှိသူများအဖြစ် အယောင်ဆောင်ကာ ဖုန်းနှင့်ငွေကြေးများ ခြောက်လှန့်တောင်းယူသူများကို ဖမ်းဆီးရမိ

ရန်ကုန်၊ ဒီဇင်ဘာ ၃
    ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မြို့ပေါ်ရပ်ကွက်များအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အယောင်ဆောင်ကာ  ဖုန်းနှင့်ငွေကြေးများ ခြောက်လှန့်တောင်းယူခဲ့သူ ရှစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်း ထုတ်ပြန် ချက်အရ သိရသည်။
    ဖြစ်စဉ်သတင်း ပေးပို့တိုင်တန်း ချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါ ပြစ်မှုကျူး လွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် တာချီလိတ်မြို့ပေါ် ရပ်ကွက်များရှိ နေအိမ်အချို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အယောင်ဆောင်၍ ဖုန်းနှင့်ငွေကြေးများ ခြောက်လှန့်တောင်းယူ ခဲ့ကြသူများ ဖြစ်ကြသည့် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်နေ ဇော်ဖြိုးလွင်(ခ)တာလေနှင့် သီဟ၊ မကာဟိုခမ်း ရပ်ကွက်နေ မိုးနှင်းလျှံ(ခ)ဘဦးနှင့် မျိုးဦး(ခ)ဝေယံ၊ ရန်အောင်မြေရပ်ကွက်နေ သိန်းထိုက်အောင် (ခ) အရှည်ကြီးနှင့် ဝင်းသက်အောင်(ခ) ဝင်းမင်းသန့်၊ မယ်ခေါင်ရပ်ကွက်နေ ခင်မောင်ထိုက် (ခ)ကုလား၊ ဝမ်ကောင်းရပ်ကွက်နေ မျိုးမင်းထက်တို့ ရှစ်ဦးအား ၎င်းတို့၏နေအိမ်အသီးသီး၌ ခြောက်လှန့် တောင်းယူမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် Alphard အမျိုးအစား အဖြူရောင် မော်တော်ယာဉ် တစ်စီး၊ M16 ပုံစံတူ (Air Gun) တစ်လက်၊ ပစ္စတိုသေနတ်အတို (Air Gun) တစ်လက်၊ ပြောက်ကျား ဦးထုပ်တစ်လုံး၊ ပြောက်ကျားယူနီဖောင်း နှစ် စုံတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
    ဖမ်းဆီးရမိထားသည့် ဇော်ဖြိုးလွင်(ခ)တာလေပါ ရှစ်ဦးတို့အား စစ်ဆေးချက်များအရ ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက် အတွင်းရှိ အငှားနေအိမ် လိုင်းခန်း တစ်ခုမှ ဇော်ဖြိုးလွင်(ခ)တာလေ၊ သိန်းထိုက်အောင် (ခ)အရှည်ကြီး၊ သီဟနှင့် ဖမ်းဆီးရန်ကျန် မဲကြီးတို့လေးဦးက ဖုန်းမျိုးစုံနှစ်လုံးနှင့် ထိုင်းဘတ်ငွေ ၂၀၀၀၀ ခန့်အား လည်းကောင်း၊ အောက်တိုဘာ လအတွင်း တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်မှ ဇော်ဖြိုးလွင်(ခ) တာလေ၊ သိန်း ထိုက်အောင်(ခ)အရှည်ကြီး၊ မိုးနှင်းလျှံ(ခ)ဘဦး၊ မျိုးမင်းထက်၊ မျိုးဦး(ခ)ဝေယံနှင့် ဖမ်းဆီးရန်ကျန် မဲကြီးတို့ ခြောက်ဦးက ဖုန်းမျိုးစုံခြောက်လုံးနှင့် ထိုင်းဘတ်ငွေ ၂၀၀၀၀ ခန့် အားလည်းကောင်း၊ တာချီလိတ်မြို့ ဆေးခမ်းရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်မှ ဖုန်းမျိုးစုံ ခုနစ်လုံးနှင့် ထိုင်းဘတ်ငွေ ၁၄၀၀၀ ခန့်အားလည်းကောင်း၊ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်မှ ဇော်ဖြိုးလွင်(ခ)တာလေ၊ မိုးနှင်းလျှံ(ခ)ဘဦး၊ ဝင်းသက်အောင်(ခ)ဝင်းမင်းသန့်နှင့် ဖမ်းဆီးရန်ကျန် မဲကြီးတို့လေးဦးက ဖုန်းမျိုးစုံ ငါးလုံးနှင့် ထိုင်းဘတ်ငွေ ၇၀၀၀ ခန့်အား လည်းကောင်း၊ နိုဝင်ဘာလ အတွင်း တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်မှ ဇော်ဖြိုးလွင်(ခ)တာလေ၊ သိန်းထိုက်အောင်(ခ) အရှည်ကြီး၊ သီဟနှင့် ခင်မောင်ထိုက်(ခ)ကုလားတို့ လေးဦးက ဖုန်းမျိုးစုံလေး လုံးနှင့် ထိုင်းဘတ်ငွေ ၁၂၀၀၀ ခန့်အားလည်းကောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာတာဝန်ရှိသူများ အယောင်ဆောင်ကာ ပြောက်ကျားယူနီဖောင်းများဝတ်ဆင်ပြီး M16 ပုံစံတူ (Air Gun) တစ်လက်၊ ပစ္စတိုသေနတ် (Air Gun) တစ်လက်နှင့် ဝင်းသက်အောင်ပိုင်ဆိုင်သည့် ဗူစ့မေိ အဖြူ ရောင်မော်တော်ယာဉ်တို့အား အသုံးပြု၍ လုံခြုံရေးအရ ဧည့်စာရင်းစစ်ဆေးမည်ဖြစ်ကြောင်း အကြောင်းပြကာ နေအိမ်ရှိသူများထံမှ ဖုန်းမျိုးစုံ ၂၄ လုံးနှင့် ထိုင်းဘတ်ငွေ ၇၃၀၀၀ တို့အား ငါးကြိမ်တိတိ ခြောက်လှန့်တောင်းယူခဲ့ကြကြောင်း သိရ သည်။
    နေအိမ်များအတွင်း ဝင်ရောက်ကာ ခြောက်လှန့်တောင်းယူမှုများအတွင်း ဇော်ဖြိုးလွင်(ခ) တာလေ၊ သိန်းထိုက်အောင် (ခ)အရှည်ကြီးနှင့် ဖမ်းဆီးရန်ကျန် မဲကြီးတို့က လုံခြုံရေးတပ်ဖွဲ့ ယူနီဖောင်းများ ဝတ်ဆင်၍ ဦးဆောင်ကျူးလွန်ခဲ့ကြပြီး ကျန်ခြောက်ဦးတို့က အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အယောင်ဆောင်၍ ပူးပေါင်းကျူး လွန်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ၎င်းတို့ ခြောက်လှန့်တောင်းယူ ရရှိခဲ့သည့် လက်ကိုင်ဖုန်းများနှင့် ငွေကြေးများအား သိမ်းဆည်းရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
    အထက်ပါ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အယောင်ဆောင်၍ လုံခြုံရေးအရ ဧည့်စာရင်းစစ်ဆေးမည်ဖြစ်ကြောင်း အကြောင်းပြကာ နေအိမ်အတွင်းသို့ ဝင်ရောက် ၍ ဖုန်းနှင့် ငွေကြေးများအား ခြောက်လှန့် တောင်းယူခဲ့ကြသော ဇော်ဖြိုးလွင်(ခ) တာလေ ပါရှစ်ဦးအား သက်ဆိုင်ရာရဲစခန်းများ၌ ပြစ်မှုတစ်ခုချင်းစီအလိုက် အမှုများအသီးသီး ရေးဖွင့် ဆောင်ရွက်ထားရှိပြီး ထွက်ပြေးတိမ်းရှောင်နေသော မဲကြီးအား အမြန်ဆုံးဖမ်းဆီး ရမိရေး ဆောင်ရွက်လျက်ရှိသည်။         
ထူးမြတ်

Total Views ~ 155

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43558

© 2022 - 2025 News. All Rights Reserved.