၂၀၂၅ ၊ မေ ၉
ကချင်ပြည်နယ်၏ လက်ရှိ နယ်မြေအခြေအနေ အရပ်ရပ်တို့ အပါအဝင် လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးနှင့် နိုင်ငံရေးအမြင်သဘောထားများနှင့်ပတ်သက်၍ လီဆူအမျိုးသားဖွံ့ဖြိုးတိုး တက်ရေးပါတီ (L.N.D.P) ဒူးလေးပါတီဥက္ကဋ္ဌ ဦးလီပေါ်ရဲ့အား ဆက်သွယ်မေးမြန်းထားပါသည်။
TREND ။ ။ လတ်တလော ကချင်ပြည်နယ်အတွင်းမှာ KIA ရဲ့ လှုပ်ရှားမှုတွေကို ဘယ်လိုမျိုးပုံစံတွေရှိနေလဲ၊ သိရသလောက် ပြောပြပါဦး။
ULPY ။ ။ ကချင်ပြည်နယ်မှာကတော့ သူတို့က ရည်မှန်းချက် ကြီးကြီးထားပြီး လုပ်နေကြဝာာပဲ။ သူတို့က ဘာသာရေး KBC အဖွဲ့အစည်းတွေနဲ့ အားလုံး ပူးပေါင်းပြီးမှ ကချင်ပြည်နယ် လုံးဝလွတ်လပ်ဖို့ ဆိုပြီး အားကျိုးမာန်တက် လုပ်နေကြတယ်။ ဒါပေမဲ့ ဖြစ်မလာနိုင်ဘူး။ ဖြစ်မလာနိုင်ဘူးဆိုတာက ကျွန်တော်တို့ နိုင်ငံ့တပ်မတော်က အဲဒီလောက်အထိ KIA ကို အခွင့်အရေးပေးမှာ မဟုတ်ဘူး။ သူတို့ကတော့ တိုက်ခိုက် သိမ်းပိုက်တယ်ဆိုတဲ့ မြို့တွေဆိုတာက နဂိုကလည်း တပ်မတော်မရှိတဲ့မြို့တွေ ဖြစ်နေတယ်လေ။ မန်စီ၊ မိုးမောက်တို့၊ လွယ်ဂျယ်တို့ ဆိုရင်လည်း မြန်မာ့တပ်မတော်က တပ်ရင်း ဒီလောက်ရှိတာ မဟုတ်ဘူးလေ။ တပ်စခန်းလောက်ပဲရှိတာ။ ချီဖွေ၊ ဆော့လော်ဆိုတာကလည်း ရှင်းရှင်းပြောရရင် တပ်မတော်က တပ်ရင်းအလိုက်ရှိတာမဟုတ်ဘူး။ တပ်စခန်းလောက်ပဲ ရှိတာ၊ ဟိုဘက်က ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ပဲ ထိန်းနေတာ။ အခု တကယ်တမ်း သူတို့ တပ်ရင်းလိုက်ရှိတဲ့ မြို့နယ်တွေ သိမ်းတယ်ဆိုတာ သိပ်မရှိဘူးလေ။ ဝိုင်းမော်တစ်ခုပဲ (၃၂၁) တပ်ရင်းတစ်ခုပဲ ဆုတ်ပေး လိုက်ရတာ။ မြန်မာ့တပ်မတော်ကိုတော့ ဘယ်လိုမှယှဉ်လို့မရဘူး။ ပြီးတော့ ကချင်ပြည်နယ်မှာ သူတို့ ထိန်းချုပ်ထားတယ်ဆိုတဲ့မြို့က လောလောဆယ် ချီဖွေနဲ့ ဆော့လော်ရှိမယ်။ မိုးမောက်ရှိမယ်။ ကျန်တဲ့နေရာတွေကတော့ သူတို့ ထိန်းချုပ်ထားတယ်လို့ ပြောလို့ မရဘူး။ မန်စီတို့ဆိုတာက ထိန်းချုပ်တယ်လို့ ပြောလို့မရဘူး။ ဘာလို့လဲဆိုတော့ တိုက်ပြီးမှ သူတို့မထိန်းချုပ်နိုင်တာမျိုး၊ ဒီဘက်က မြန်မာ့တပ်မတော် ဘက်ကလည်း တပ်ရင်းတွေ၊ တပ်စခန်းတွေက အဲဒီမှာ ရှိနေတုန်းပဲလေ။ ဥပမာ မြို့တစ်မြို့ဆိုရင် တပ်မတော်က မြို့ထဲမှာ ရှိတာမှမဟုတ်တာ။ တပ်မတော်က မြို့ပြင်မှာ ဖြစ်ရင်ဖြစ်မယ်၊ သူ့နေရာနဲ့သူ မြို့စောင့်တပ် သဘောမျိုး ထားချင်ထားမယ်ပေါ့။ တပ်မတော်က မြို့ထဲကိုဝင်ပြီး လုံခြုံရေး မယူ ပေးနိုင်တာပဲရှိတယ်။ ဒါပေမဲ့ အဲဒီမှာ တပ်စခန်းတွေက ရှိနေတယ်။ မြို့ထဲမှာတော့ သူတို့ သွားတာ လာတာ လုပ်လို့ရနေတာပေါ့၊ ဒါကလည်း တပ်မတော်က မြို့ထဲအထိလာပြီး လုံခြုံရေး အပြည့်အ၀ မလုပ်သေးလို့ပဲ ထင်ပါတယ်။ ဝိုင်းမော်ဆိုတာကလည်း (၃၂၁) တပ်ရင်းတစ်ခုကို တိုက်ပြီးတော့ ဒီအတိုင်းထားခဲ့တာ။ အဲဒီမှာ (၅၈) တပ်ရင်းလည်း ရှိသေးတယ်လေ။ (၅၈) တပ်ရင်းရယ်၊ ဦးရွှေမင်းရဲ့ ပြည်သူ့စစ်တွေလည်း ရှိသေးတယ်။ ဒီဘက်အထိတော့ လာမတိုက်ပါဘူး။ (၃၂၁) တပ်ရင်းကတော့ မြို့ပြင်မှာဆိုတော့ အဲဒါကိုတိုက်ကြတာ။ ဒီဘက်ကလည်း သွားတိုက်ပြီးမှ ပြန်ယူလို့ ရပါတယ်။ ဒါပေမဲ့ အဲဒီလိုတိုက်ပြီး တပ်ရင်းတစ်ခါ ပြန်တည်ဆောက်ဖို့က အချိန်ပေးရမယ့်အတူတူ တပ်မတော် ဘက်က လွှတ်ထားတာလို့ ထင်ပါတယ်။ အမှန်တော့ ဟိုဘက်အဖွဲ့တွေက သိမ်းတယ်လို့ ပြောနေတာက မြို့မဟုတ်ဘူး။ အစွန်မှာရှိတဲ့ (၃၂၁) တပ်ရင်းက လာတိုက်တဲ့အချိန်မှာ ဆုတ်လာခဲ့တာပဲ ရှိတယ်။ ဝိုင်းမော်မြို့ပေါ် ရပ်ကွက်တွေမှာ အစိုးရဘက်က ထိန်းချုပ်ထားတာ။ သူတို့ သိမ်းတယ်ဆိုတာက မြို့၊ တကယ့် မြို့ပေါ်ရပ်ကွက်တွေမှာက ကျွန်တော်တို့ အစိုးရကပဲ ထိန်းချုပ်ထားတာ။ နောက်ပြီး မန်စီတို့၊ ရွှေကူမြို့တွေဆိုရင်လည်း စောစောက ပြောသလို တပ်စခန်းတွေ ရှိသေးတယ်။ အချို့တပ် ရင်းတွေ ရှိတယ်။ ပြောရရင်တော့ KIA ရဲ့ မြို့သိမ်းတယ်ဆိုတဲ့ လှုပ်ရှားမှုတွေက နာမည်လောက်ပဲ ရှိပါတယ်။ တကယ်တမ်း မြို့ကို သူတို့ထိန်းချုပ်ပြီးမှ အုပ်ချုပ်နေတဲ့ အဆင့်မရှိဘူး။ မြန်မာ့တပ်မတော်ဘက်က လေကြောင်းကရော အချိန်မရွေး တိုက်လို့ရနေတဲ့ အဆင့်ဆိုတော့ အုပ်ချုပ်လည်း အုပ်ချုပ်လို့မရဘူး လေ။ အုပ်ချုပ်ရေးနဲ့ စနစ်တကျ စီမံခန့်ခွဲတာတို့၊ ပြန်လည်တည်ဆောက်တာတို့ သူတို့ ဘယ်လုပ်နိုင်မလဲ။
_1736953040_1746756528.jpg)
TREND ။ ။ မြေရှားသတ္တု ထွက်တယ်ဆိုတဲ့ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ ဒေသတွေဘက်ကရော ဘယ်လိုသတင်းတွေ ကြားမိလဲ။
ULPY ။ ။ ပန်ဝါဆိုတာက ချီဖွေ၊ ဆော့လော်ထဲမှာရှိတဲ့ ကန်ပိုက်တီကလည်း ဝိုင်းမော်ထဲမှာရှိတဲ့ မြို့တစ်မြို့ပေါ့။ အမှန်ကတော့ ကန်ပိုက်တီဆိုတာ လည်း ရွာသာသာပဲ ရှိတယ်။ ပြောရင်တော့ မြေရှားသတ္တုထွက်တဲ့ အဲဒီဒေသကို သူတို့ အခုထိ ထိန်းချုပ်ထားတာပေါ့။ အဲဒီမှာ သူတို့ မြေရှားတွေ ထုတ်နေကြတာပေါ့။ တရုတ်နဲ့ပေါင်းပြီး လုပ်နေကြတာ။ တရုတ်လုပ်ငန်းရှင်တွေနဲ့ ပေါင်းပြီးတော့ မြေရှားတွေ ထုတ်နေတာ။ နဂိုကလည်း အဲဒီ ချီဖွေ၊ ဆော့လော်နေရာ ဦးဇခုံတိန့်ယိမ်းတို့ ပြည်သူ့စစ် လက်ထက်ကတည်းက အဲဒီမြေရှားတွေ ထုတ်နေတာပဲ။ ဒါပေမဲ့ ထုတ်တာက ထုတ်တာပဲ။ နိုင်ငံတော်အတွက် ရန်ပုံငွေ တစ်ပြားတစ်ချပ်မှ ဝင်မှာမဟုတ်ဘူး။
အခုလည်း တရုတ်ကုမ္ပဏီကလာပြီးမှ ထုတ်နေတယ်။ KIA နဲ့ ပေါင်းပြီးလုပ်တာပေါ့။ သူက တောင်ကို လေးပေကျင်းတွေတူးတယ်။ အဲဒီထဲကို သူတို့ ဆေးရည်တစ်မျိုး ထည့်တယ်။ ဆေးရည်ထည့်ပြီး အဲဒီက စီးကျလာတဲ့ရေပေါ့။ အဲဒီက စိမ့်လာတဲ့ ရေတွေကို မိုးကာကန်ကြီးတွေလုပ်ပြီး အဲဒီအထဲမှာ လှောင်ထားတာပေါ့။ အနည်ထိုင်အောင်ထားတာပေါ့။ အဲဒီက အနည်တွေဆိုရင် မြေရှား ထုတ်တာပေါ့။ အဲဒီအနည်တွေထဲမှာ မြေရှားအပြင် တခြားသတ္တုတွေလည်း ပါတယ်။ မြေရှားက အများဆုံးပါတာပေါ့။ အဲဒီလိုလုပ်ကြတာ။ ဒေသခံတွေက ဘယ်လုပ်နိုင်မလဲ အရင်းအနှီးက များတာကိုး။ သူတို့ သိမ်းတယ်ဆိုတာကလည်း ဒီလိုအကျိုးအမြတ်ရှိလို့ အဓိကပဲ။ သူတို့ရဲ့ အကျိုးအမြတ်၊ သူတို့ရဲ့ကိုယ်ကျိုးစီးပွားကြောင့် သိမ်းလိုက်တာ။ ဦးဇခုံတိန့်ယိမ်းတို့ အဖွဲ့ကလည်း ရှင်းရှင်းပြောရရင် သူတို့ကလည်း ဒီလောက် မြေရှားထွက်တဲ့နေရာတွေကို စွန့်လွှတ်လိုက်ရတယ်ဆိုတာ သူတို့က နဂိုကတည်းက ဘာမှပြင်ဆင်ထားတာ မရှိဘူး။
ကိုယ့်ရဲ့ဝင်ငွေ ဒီလောက်ကောင်းတဲ့နေရာတွေမှာ သေချာထိုင်ထားပြီးမှ လက်နက်ခဲယမ်း အပြည့်အစုံနဲ့ တခြားမပြောနဲ့ တပ်ဖွဲ့ဝင်အင်အား ၃၀၀ လောက်နဲ့ ကွန်မန်ဒို အဆင့်ပေးထားရင် ဟိုအဖွဲ့တွေ လွယ်လွယ်ဘယ်တိုက်လို့ ရမလဲ။ စီးပွားရေးပဲလုပ်ကြ၊ ရဲဘော်တွေ တိုက်ရည် ခိုက်ရည် မရှိဆိုတော့ တကယ်တမ်းတိုက်ရပြီဆိုရင် မရတော့ဘူးလေ။
TREND ။ ။ ကချင်ပြည်နယ်ရဲ့ အခြေအနေ အရပ်ရပ်တွေနဲ့ ပတ်သက်ပြီးတော့ လေ့လာသိရှိရသလောက် ပြောပြပါဦး။
ULPY ။ ။ ပူတာအို၊ မြစ်ကြီးနားဘက်မှာ အခုတလော အေးဆေးဆေးပါပဲ။ ဟို ဘက်အခြမ်း KIA ဘက်က သိပ်ပြီး ပစ်တာခတ်တာ မရှိတော့ အေးဆေးပါပဲ။ ဒါပေမဲ့ ဖားကန့်ဘက်မှာ နည်းနည်းရှိတယ်။ ဖားကန့်ဘက်မှာတော့ စစ်ကြောင်းထိုးတာ နည်းနည်းရှိတယ်။ တိုက်ပွဲအကြီးကြီးတွေတော့ မဟုတ်ပါဘူး။ ခဏတဖြုတ် ထိတွေ့တိုက်ပွဲလောက်ပဲ ရှိတယ်။ မြစ်ကြီးနားဘက်တို့၊ ပူတာအိုတို့ဘက်ကတော့ စစ်ပွဲနဲ့ ပတ်သက်ပြီး သိပ်ထွေထွေထူးထူးတော့ မရှိဘူး။ ဗန်းမော်ကတော့ သိတဲ့အတိုင်းပဲ KIA က တိုက်တော့တိုက်နေတယ်။ ဒါပေမဲ့ တပ်မတော်ဘက်က နည်းပညာတွေ အဆင့်ဆင့်နဲ့ ပြန်လုပ်နေတော့ KIA က မတိုးသာမဆုတ်သာ ဖြစ်နေတယ်။ KIA က ဗန်းမော်ကို သိမ်းဖို့ ကြိုးစားပေမယ့် သူတို့အနေနဲ့ အခြေမလှဘူး။ အခုဆိုရင် ဗန်းမော်က သွားလမ်းသာရှိ၊ ပြန်လမ်းမရှိဆိုပြီး ကချင်အသိုင်း အဝိုင်းထဲမှာ ပြောဆိုဝေဖန်နေကြပြီ။ အဲဒီလို အချင်းချင်းတောင် ပြောဆိုနေတဲ့ အသံတွေ ကြားနေရတယ်။ ဗန်းမော် က KIA အတွက် အခြေအနေမလှဘူးဆိုတာက တပ်မတော်ဘက်က ဒရုန်းတွေနဲ့ တိုက်တာ၊ လေ ယာဉ်နဲ့ တိုက်တာဆိုတော့ သူတို့က အနားကိုတောင် ကပ်လို့မရဘူး။ သူတို့က ဟန်ပြလောက်ပါပဲ၊ လတ်တလော တအားကြီး အဲဒါကို ဖိဖိစီးစီး မလုပ်နိုင်လောက်ဘူး။ ဘာလို့လဲဆိုတော့ အထိအခိုက် အကျအဆုံးတွေကများ နေတယ်လေ။ အခုက လူကြားကောင်းအောင် လုပ်နေတဲ့သဘော အဲဒီ လောက်ပဲ ရှိတော့မယ်။
TREND ။ ။ ဗန်းမော်ဟာ KIA အတွက် သွားလမ်းသာရှိပြီး ပြန်လမ်းမရှိဘူးဆိုတာက ဘယ်လို အခြေအနေတွေကြောင့် ကချင်အသိုင်းအဝိုင်းမှာ ပြောဆိုနေကြတာလဲ။
ULPY ။ ။ အဓိကçကတော့ ဒီဘက် မြန်မာ့တပ်မတော်ဘက်က စစ်ဆင်ရေးကောင်းကောင်း လုပ်နေတယ်။ စစ်ဆင်ရေး၊ ကွပ်ကဲရေးမှာ သေသေချာချာ လုပ်နေတဲ့သဘောမှာ ရှိတယ်။ တပ်မတော်ဘက်က လေယာဉ်တွေရော၊ ဒရုန်းတွေရောဆိုတော့ ဒရုန်းတွေကလည်း အဆင့်မြင့်ဒရုန်းတွေ ညမြင်ရတဲ့ ဒရုန်းတွေ၊ နောက် အဆောက်အအုံပုံစံ ထွင်းဖောက်နိုင်တဲ့ ဒရုန်းတွေ၊ ထောက်လှမ်းတဲ့ ဒရုန်းတွေသုံးတဲ့ သဘောမှာရှိတယ်။ အဲဒီလို အဆင့်မြင့်နည်းပညာတွေနဲ့ စစ်ဆင်ရေး၊ ကွပ်ကဲရေး သေသေချာချာလုပ်တော့ KIA ဘက်က အများကြီး ထိခိုက်သေဆုံးတာတွေရှိတယ်။ အဲဒါကြောင့် ပြော နေကြတာ ဖြစ်နိုင်ပါတယ်။
TREND ။ ။ ထိခိုက် ကျဆုံးတာတွေများနေတော့ သူတို့ဘက်က ဘယ်လိုပုံစံတွေနဲ့ အင်အားဖြည့်နေလဲ။
ULPY ။ ။ KIA မှာ အင်အားက တော်တော် ရှိနေသေးတဲ့သဘောပါ။ သူတို့ အတင်းအဓမ္မ လူသစ်စုဆောင်း ဖမ်းဆီးသွားတာတွေရှိတယ်။ အဲဒီလို ဖမ်းဆီးသွားတာတွေကလည်း နည်းတာ မဟုတ်ဘူး။ အဲဒီလူတွေကို တစ်ပတ်၊ နှစ်ပတ်လောက် သင်တန်းပေးပြီး ရှေ့တန်းပို့တာ၊ ကျတဲ့သူတွေလည်း မနည်းဘူး။ ပြီးတော့ သူတို့ လူသစ်စုဆောင်းတာက အများပြည်သူ သွားလာနေတဲ့ လမ်းမှာပေါ့။ ရှင်းရှင်းပြောရရင် ပူတာအို-မြစ်ကြီး နားလမ်းတို့၊ မြစ်ကြီးနား- မန္တလေးလမ်းတို့မှာ ခရီးသွားတွေကို အတင်းအဓမ္မ ဖမ်းခေါ်စုဆောင်းတာပေါ့။ နောက်ပြီးတော့ မြစ်ကြီးနားမြို့ထဲမှာလည်း လူသစ်စု ဆောင်းတာတွေ ရှိတယ်။ လူစီးကားလေးတွေနဲ့ လာပြီးတော့ ဖမ်းသွားတာမျိုး၊ စားသောက်ဆိုင်တွေ၊ ဝိုင်ဖိုင်ဆိုင်တွေမှာ ဝင်ဖမ်းတာမျိုး ရှိတယ်။ အဲဒါမျိုးက ဒီတစ်လ၊ နှစ်လအတွင်းမှာကို လုပ်နေတာ။ ဆိုးဆိုးရွားရွား အခြေအနေဆိုရင် လူငယ်တွေ၊ လူလတ်ပိုင်းတွေ မသွားရဲ မလာရဲ ဖြစ်နေကြတယ်။ အဓိကçကတော့ ပူတာအို၊ မြစ်ကြီးနား၊ ဖားကန့်တို့ အဲဒီလိုတစ်မြို့နဲ့တစ်မြို့ကြားမှာ လမ်းသွား လမ်းလာတွေကို သူတို့က လူသစ်စုဆောင်းတာ။ အဲဒီလိုမျိုး အင်အားစုနေတာ။ သူတို့က အခုအခြေ အနေအရဆိုရင် တပ်ဖွဲ့အင်အားလည်း တော်တော်လေး လျော့နည်းနေပြီ။ ပြီးတော့လည်း သူတို့ရဲ့ လက်နက်ခဲ ယမ်းတွေလည်း တော်တော်လေး အားလျော့နေပြီဆိုတော့ ရှေ့လျှောက်တော့ စစ်ဆင်ရေး အကြီးကြီးမျိုး အဲဒီလောက် အဆင့်အထိတော့ လုပ်နိုင်တဲ့ အခြေအနေမရှိတော့ဘူးလို့ မြင်တယ်။ ပစ်တာခတ်တာတွေကတော့ ရပ်တော့ရပ်မှာ မဟုတ်ဘူးပေါ့၊ ပျောက်ကြားသဘော မျိုးတော့ တိုက်ပွဲ ဖော်ဆောင်တာမျိုး ဖြစ်နိုင်တယ်။
TREND ။ ။ PDF အဖွဲ့တွေနဲ့ ပူးပေါင်းဖော်ဆောင်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးရော ဘယ်လို သတင်းမျိုးတွေကြားရလဲ။
ULPY ။ ။ PDF လည်း ပူးပေါင်းတဲ့အဖွဲ့ကတော့ ပူးပေါင်းနေကြတာပဲ။ KIA နဲ့ အဆင်မပြေတဲ့အဖွဲ့တွေလည်း ရှိတယ်။ PDF ထဲမှာလည်း အဖွဲ့တွေက အများကြီးဆိုတော့ သူတို့နဲ့ အဆင်ပြေတဲ့ အဖွဲ့ ရှိသလို အဆင်မပြေတဲ့အဖွဲ့တွေလည်း ရှိတယ်။ အဆင်ပြေတဲ့ အဖွဲ့ဆိုတာကလည်း NUG လက် အောက်မှာရှိနေတဲ့ အဖွဲ့တချို့ပေါ့။ နောက် NUG လက်အောက်မှာမရှိတဲ့အဖွဲ့ အဲဒီလိုမျိုး ရှိပါတယ်။ အဆင်မပြေတဲ့ အဖွဲ့တွေက အဆင်မပြေကြဘူးဆိုတာကလည်း အမျိုးမျိုးရှိနေမှာပါ။ အကြောင်းအမျိုးမျိုးပေါ့။ တချို့တွေကလည်း ဘာပြောလဲဆိုတော့ ရှေ့တန်းမှာက သူတို့ PDF တွေကိုပဲ ရှေ့မှာ အဓိကထားတဲ့ ကိစ္စတွေရှိမယ်။ နောက်ရတဲ့အခွန်တွေကလည်း မမျှတဘူးပေါ့။ အဲဒီလိုအခြေအနေတွေ ကြောင့်လည်း ရှိတယ်။ သူတို့က လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ကားတွေ၊ ကုန်တွေကို အခွန်ကောက်တာရှိတယ်။ အဲဒီလို ကောက်တဲ့အခါ KIA အခွန်ကောက်ဌာနကပဲ ကောက်တာ။ ကောက်တော့ သူတို့ကို ခွဲဝေပေးတဲ့အခါ သူတို့က ပြည့်ပြည့်၀၀ မျှမျှတတ မရတာတွေ ရှိကြတာ။ အဆင်မပြေဘူး ဆိုတဲ့အထဲမှာ အဲဒီကိစ္စတွေလည်း ပါမှာပါ။
KIA ကပဲ ဦးစီးပြီး ကောက်တယ်။ စစ်ကိုင်းတိုင်းတို့ဘက်မှာကတော့ PDF ကပဲ ဦးစီးပြီး ကောက်တာ။ ကချင်ပြည်နယ်ထဲမှာတော့ စစ်ဆင်ရေးတွေ လုပ်တဲ့အခါ အဓိက PDF တွေ ပါပြီးမှ လာပြီးမှလုပ်ကြတာ။ အဲဒီစစ် ဆင်ရေးနယ်မြေမှာ ပါတဲ့အဖွဲ့တွေနဲ့လည်း အဆင်မပြေကြဘူးလို့ ကြားတယ်။ သူတို့အချင်းချင်း သေနတ်ဖောက် ကြတဲ့ အဆင့်မျိုးတော့ မဟုတ်ပါဘူး။ စိတ်ထဲမှာ ကျိတ်ပြီးမှ မကျေနပ်ကြတာမျိုးတွေပေါ့။
_1746756570.jpg)
TREND ။ ။ KIA နဲ့ PDF တွေ ရေရှည်ဘယ်လို ဖြစ်လာနိုင်လဲ၊ ဘယ်လိုသုံးသပ်မိလဲ။
ULPY ။ ။ ရေရှည်ကတော့ အဆင်မပြေနိုင်ဘူး။ ပြဿနာတွေ အများကြီး ဖြစ်လာနိုင်တယ်။ ဘာလို့လဲဆိုတော့ သူတို့ အတွင်းထဲမှာက ပြဿနာတွေ၊ မကျေနပ်မှုတွေ ရှိနေတာကိုး။ PDF ကျတော့ သူတို့က KIA ထဲမှာ ဝင်ရင် ဝင်၊ မဝင်ရင် ပြည်မဘက်ပြန်ပေါ့၊ အဲဒီလိုလေးတွေ ရေရှည်မှာ ပြဿနာတွေ ဖြစ်လာနိုင်တယ်။ KIA က ရေရှည်မှာ PDF အဖွဲ့ရယ်လို့ မထားတော့ဘဲနဲ့ KIA ထဲဝင်ရင်ဝင်ပေါ့။ သိရသလောက်ကလည်း အခုနောက်ပိုင်းမှာက သင်တန်းတော့ ပေးမယ်။ ဒါပေမဲ့ သူတို့ရဲ့ တပ်သား တွေအဖြစ် သူတို့ လက်အောက်မှာ ရှိရမယ်ဆိုတဲ့ ပုံစံဖြစ်လာတယ်။
TREND ။ ။ KIA အပါအဝင် လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ကြတယ်ဆိုတဲ့ ဖြစ်စဉ်လေး သိသလောက် ပြောပြပေးပါဦး။
ULPY ။ ။ KIA က စစ်ဆင်ရေးလုပ်တဲ့အခါ ရှေ့တန်းစစ်မျက်နှာမှာ PDF တွေကို အဓိကအားဖြင့်တော့ ရှေ့ဆုံးကထားတယ်။ PDF တွေကလည်း လူငယ်တွေဆိုတော့ စစ်တိုက်ရရင် ပျော်နေတယ်ဆိုတဲ့ အဖွဲ့တွေလည်းရှိမှာပဲ။ KIA ကတော့ နောက်ကနေ ဦးစီးတာ၊ ကွပ်ကဲတာမျိုး လုပ်မှာပေါ့။ အဲဒီမှာ ချီဖွေ၊ ဆော့လော်ကို တိုက်တုန်းကတော့ သူတို့ သဘောတူညီချက်ယူပြီးမှ တိုက်ကြတာလို့ ကြားမိတယ်။ အဲဒီမှာ PDF ရှိမယ်၊ ရခိုင် အဖွဲ့ရှိမယ်၊ ဂေါ်ရခါးတပ်ဖွဲ့တွေ ရှိမယ်၊ KIA ရှိမယ်။ အဲဒါတွေက မြေပြင်မှာရတဲ့ အခွန်ကို ဘယ်လိုခွဲဝေကြမလဲဆိုတဲ့ သဘောတူညီချက်တွေနဲ့ သွားတိုက်ကြတာပေါ့။ ဆေးဝါးကုသမှုကတော့ ဖြစ်လာရင် သူတို့လိုင်ဇာမှာပဲ သွားကုကြတာပေါ့။ ကျဆုံးခဲ့ရင်လည်း အဲဒီတပ်ဖွဲ့ဝင်အ တွက်၊ တိုင်းပြည်အတွက်၊ အဲဒီဒေသအတွက် ပေးဆပ်တယ်ဆိုတဲ့ သဘောလောက်ပဲ သူတို့ပြန်တမ်းမှာ ဖတ်နေတယ်။ ကျန်တာကတော့ ဘာမှထွေထွေထူးထူး မကြားမိဘူး။ တိုက်ပွဲမှာ ကျသွားတဲ့တပ်သား ဒါမှမဟုတ် အရာရှိတစ်ဦးအတွက် ဘယ်လောက်ပေးတယ်ဆိုတာမျိုးမရှိဘူး၊ မကြားမိဘူး။
TREND ။ ။ မန္တလေးငလျင်ကြီး ဖြစ်ပွားပြီးတဲ့ နောက်မှာ နိုင်ငံတော်အစိုးရက ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ဒေသတွေမှာ ကူညီကယ်ဆယ်ရေးနဲ့ ပြည်လည်ထူထောင်ရေး လုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိနေသလို မြန်မာ့တပ်မတော်ဘက်ကလည်း ဒီကာလမှာ အပစ်အခတ်ရပ်စဲထားပါတယ်။ ဒီအခြေအနေမှာ ပစ်ခတ်တိုက် ခိုက်မှုတချို့ ဖြစ်ပေါ်နေတဲ့အပေါ် ဘယ်လိုသုံးသပ်ချင်လဲ။
ULPY ။ ။ ငလျင်ဖြစ်စဉ်ကြောင့် မြန်မာ့တပ်မတော်ဘက်က အပစ်အခတ် ရပ်စဲထားတာပဲ။ ကျန်တဲ့ လက်နက်ကိုင်အဖွဲ့တွေကတော့ အပစ်ရပ်တယ်ဆိုတာ လူကြားကောင်းအောင် အော်နေတာပဲ။ တပ်မတော်ဘက်က စစ်ဆင်ရေးတွေ ရပ်ထားတယ်။ ဒါပေမဲ့ တစ်ဖက်က လာတိုက်ရင်တော့ တပ်မတော်အနေနဲ့ကတော့ ပြန်တိုက်ရမှာပဲလေ။ ဟိုဘက်ကတော့ လူထုကြား ကောင်းအောင် ကြေညာနေတာပဲ။ ဒါပေမဲ့ အဲဒီလို တစ်ဖက်အဖွဲ့တွေက တိုက်ပွဲရပ်တယ်လို့ ကြေညာပြီးနောက် ပိုင်းမှာ ဗန်းမော်ကို စစ်ဆင်ရေးထိုးတယ်။ ပြီးရင်လည်း အင်းတော်တို့ဘက်မှာလည်း တိုက်ပွဲတွေ ဖော်ဆောင်နေ တာပဲ။ အမှန်ကတော့ သူတို့က လူထုကို နားလှည့်ပါးရိုက်တာပါ။ ငါတို့လည်း ငလျင်ဘေးသင့် ပြည်သူတွေကို သနားညှာတာမယ်ဆိုတဲ့ အမြင်လေးရအောင် ကြေညာတဲ့သဘောလောက်ပဲ ရှိပါတယ်။ အမှန်ကတော့ မလုပ်သင့်ဘူး။
သူတို့ကတော့ ငလျင်ဒဏ်ဖြစ်ရင်လည်း သူတို့ကူညီစရာဘာမှမရှိဘူးလေ။ ပြည်သူလူထုအပေါ် မှာ ကူညီတာမှ မရှိတာ။ သူတို့တာဝန်ကလည်း ဘာမှမရှိဘူးလေ။ တကယ်ရှိတာက အခု ကျွန်တော်တို့ အစိုးရမှာပဲ တာဝန်ရှိတာဆိုတော့ အခု ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေတယ် လေ။ သူတို့ကတော့ အပစ်ရပ်တယ်ဆိုပြီး ပြည်သူကို အယုံသွင်းတဲ့ စကားလောက်ပဲ သူတို့ ပြော နေတယ်။ တစ်ဖက်မှာကတော့ သူတို့ တိုက်ချင်တိုက်ကြမယ့် သဘောပါ။
TREND ။ ။ KIA က ကချင်ပြည်နယ် လုံးဝလွတ်လပ်ဖို့ ရည်မှန်းချက်ကြီးကြီးထားပြီး အားကျိုးမာန်တက် လုပ်နေတယ်ဆိုတော့ ဒီလုပ်ရပ်တွေကရော ကချင်လူထုအတွက် ဖြစ်နိုင်လား၊ ဘယ်လိုသုံးသပ်မိလဲ။
ULPY ။ ။ ကချင်ပြည်နယ်မှာက ပြည်သူက ၁၆ သိန်းလောက် ရှိတယ်။ အဲဒီအထဲမှာ ဂျိမ်းဖောလို့ခေါ်တဲ့ ကချင်လူမျိုးက သုံးသိန်းတောင် မပြည့်ဘူး။ ဆိုတော့ စဉ်းစားကြည့်လိုက်လေ။ သုံးသိန်းတောင် မပြည့်တဲ့ လူဦးရေအတွက်ကတော့ ဟုတ်ရင်ဟုတ်မှာပေါ့။ ကျန်တဲ့လူမျိုးတွေက အများကြီးရှိတယ် လေ။ ဒီလိုလူမျိုးတွေအတွက် ဘယ်လိုလုပ် လွတ်မြောက်ရေးလုပ်တယ်ဆိုတာ ဖြစ်နိုင်မလဲ၊ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ လွတ်မြောက်ဖို့ဆိုတာက နောက်ဆုံးတော့ သူတို့ ကောင်းစားဖို့အတွက်ပါ။ ဘာကြောင့်လဲဆိုတော့ သူတို့အနေနဲ့က ကျန်တဲ့လူ မျိုးတွေကို တန်းတူမထားဘူး။
အခု သူတို့ပြောတဲ့ တော်လှန်ရေးပေါ့။ တော်လှန်ရေးကာလမှာတောင် တန်းတူ မထားနိုင်ဘူးဆိုရင် တော်လှန်ရေး ပြီးသွားရင် ပိုဆိုးဖို့ပဲရှိတယ်။ ပြီးတော့ သူတို့က ၂၀၂၁ မတိုင်ခင်က တခြားလူမျိုးတွေရဲ့ အမြင်မှာကတော့ ကချင်ပြည်နယ်လွတ်လပ်ရေး၊ ကချင်ပြည်နယ်လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေတဲ့အဖွဲ့အစည်းတစ်ခုရယ်လို့ မမြင်ကြပါဘူး။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် နောက်ပိုင်းမှာတော့ NLD အဖွဲ့တွေက တော်တော်များများ သူတို့ကို ထောက်ခံကြတော့ ဝိုင်းဝန်းကြဝောာ့မှ KIA က ထောင်ထောင် ထောင်ထောင် ဖြစ်လာတာပါ။ နဂိုကဆိုရင် သူတို့ လမ်းပေါ်တောင် မထွက်နိုင်ကြဘူးလေ။ ၂၀၂၁ နောက်ပိုင်းမှသာ သူတို့ကို ကယ်တင်ရှင်ကြီးအလား အားကိုးပြီးတော့ ထောက်ပံ့တာတို့၊ အားကိုး တာတို့၊ ပါဝင်တာတို့ ဖြစ်လိုက်တော့ အင်အားများလာတာပါ။ အင်အားတောင့်လာတော့ ဟိုနားတိုက်ပွဲဖော်၊ ဒီနားတိုက်ပွဲဖော် စစ်ဆင်ရေးတွေ အများကြီး လုပ်ခဲ့တာပေါ့။ ဒါပေမဲ့ စောစောက ပြောသလို နောက်ဆုံးတော့ သူတို့ ကောင်းစားဖို့အတွက်ပါပဲ။
TREND ။ ။ လက်ရှိ အခြေအနေအပေါ် ကချင်လူထုအပါအဝင် ပြည်သူလူထုက ဘယ်လိုမြင်နေ ကြလဲ၊ သူတို့ လိုလားတောင့်တနေတာက ဘယ်လိုအခြေအနေဖြစ်မလဲ၊ လူထုရဲ့ဆန္ဒတွေနဲ့ ထင်ဟပ်စေနိုင်မယ့် ဘယ်လိုအခြေအနေတွေ ဖော်ဆောင်ပေးသင့်လဲ ဖြည့်စွက်ပြောကြားပေးပါဦး။
ULPY ။ ။ အခုကတော့ လူထုတွေက စစ်ပွဲဆိုတာကို တော်တော်ကြီးကို ငြီးငွေ့လာကြပြီ။ ပန်းလည်းပန်းလာကြပြီပေါ့။ လူထုက ဒီပဋိပက္ခတွေရဲ့ ဒဏ်ကိုရော၊ ကုန်ဈေးနှုန်း ကြီးမြင့်တဲ့ ဒဏ်ကိုရော ဟိုနေရာသွားလည်း အဆင်မပြေ၊ ဒီနေရာသွားလည်း အဆင်မပြေနဲ့ လူထုကတော့ တော်တော်လေးကို ငြီးငွေ့နေကြပါပြီ။ ပြီးတော့ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးဆိုတာက လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းတွေရဲ့ဆန္ဒ သူတို့ရဲ့ စိတ်စေတနာအရပဲ ဖြစ်နိုင်ပါတယ်။
ပြည်သူလူထုက လိုလားတာကတော့ ရှင်းရှင်းပြောရရင် လက်နက်ကိုင် ပဋိပက္ခတွေ မရှိတော့တဲ့ အခြေအနေကို ဖြစ်စေချင်ပြီ။ ပြီးတော့ လက်နက်လက်ထဲမှာရှိရင် ပင်ပင်ပန်းပန်း လုပ်စရာမလိုဘဲနဲ့ လက်နက်လေးပြပြီး တောင်းစားလို့ရတယ်၊ ခြိမ်းခြောက်စားလို့ရ တယ်ဆိုတဲ့ကိစ္စတွေကို လူထုက တဖြည်းဖြည်းမြင်လာကြတော့ ပြည်သူလူထုက ဒီလို လက်နက်ကိုင်လမ်းစဉ်ကို မနှစ်သက်ကြတော့ဘူး။ ငြိမ်းငြိမ်းချမ်းချမ်းပဲ ဖြစ်ချင်နေကြပါပြီ။ အခုနောက်ပိုင်းကတော့ လက်နက်ကိုင်တိုက်ခိုက်နေတဲ့ အချိန်ကာလ ဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့ စားရမယ့်၊ သောက်ရမယ့်ဟာတွေက တစ်ဖက်က အခွန်အကောက်တွေနဲ့၊ တစ်ဖက်က ဆက်ကြေးတွေနဲ့ ပေးလိုက်ကမ်းလိုက်ရတော့ ကိုယ်ကြိုးစားသမျှ ကိုယ်အ ပြည့်အ၀ မခံစားကြရဘူးဆိုပြီး လူထုက မြင်လာတာပေါ့။ ဒီလိုလက်နက်ကိုင်ပြီးမှ တော်လှန် နေကြတာတွေ၊ လက်နက်ကိုင်ပြီးတော့ တိုက်ခိုက်နေကြတာတွေ ကောင်းတဲ့ ကိစ္စတွေ မဟုတ်ဘူး ဆိုတဲ့အမြင်တွေ လာမြင်လာကြတယ်။ အဓိကကတော့ လူထုက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲပေါ့။ လက်နက်ကိုင် ပဋိပက္ခတွေ မရှိတော့ဘူး၊ ဘယ်ကိုပဲ သွားသွားလာလာ ဘာမှ အစစ်အဆေးမရှိတော့ ဘူးဆိုတဲ့ အခြေအနေကို လူထုက အမြန်ဆုံး လိုချင်ကြပါတယ်။ အမြန်ဆုံး တိုင်းပြည်အေးချမ်းစေ ချင်ကြပါပြီ။
TREND ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
(ညီသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၆ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )