ပဲခူးတိုင်းရှိ ရေဘေးသင့်ပြည်သူများအား အက်တမ် (ATOM) မှ ကျပ်သန်းပေါင်း ၆၀ တန်ဖိုးရှိ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်လှူဒါန်း

၂၀၂၃ အောက်တိုဘာ ၁၇ 
    ပဲခူးတိုင်းဒေသကြီးတွင်ရှိသော ရေဘေးသင့်ပြည်သူများကို ကူညီထောက်ပံ့ရန်အတွက် မြန်မာငွေကျပ် သန်းပေါင်း ၆၀ တန်ဖိုးရှိ ထောက်ပံ့ရေးပစ္စည်းများကို အောက်တိုဘာလ ၁၃ ရက်တွင် အက်တမ် (ATOM ) ကပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
    ထောက်ပံ့ရေးပစ္စည်းများဖြစ် သည့် အခြေခံစားသောက်ကုန်များ၊ ရေသန့် စင်ဆေးပြားများနှင့် ဓာတ်ဆားရည်များကို အဓိကထား လှူဒါန်းခြင်းဖြစ်ပြီး ရေဘေးသင့်ဒေသများတွင်ရှိ အိမ်ထောင်စု ပေါင်း ၂၀၀၀ ခန့်ကို တိုက်ရိုက်အကျိုးပြုနိုင်မည် ဖြစ်ကြောင်း အက်တမ်(ATOM)က ထုတ်ပြန်ခဲ့သည်။
    ထို့အပြင် ရေကြီးရေလျှံမှုဒဏ်ကို ကြုံတွေ့ခံစားခဲ့ရသည့် ပဲခူးတိုင်းဒေသကြီးနှင့် လှည်းကူးမြို့ နယ်မှ အက်တမ် (ATOM ) အသုံးပြုသူ Customer များကို အက်တမ်အချင်းချင်း မိနစ် ၃၀ အခမဲ့ ဖုန်းပြောခွင့်နှင့်ဒေတာ 250MB အခမဲ့ သုံးစွဲခွင့်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အခမဲ့ဖုန်းပြောခွင့်နှင့် ဒေတာအခမဲ့ သုံးစွဲခွင့်များကိုလည်း အောက်တိုဘာလ ၁၁ ရက်မှ ၁၅ ရက်အထိ ငါးရက်တာကာလ အတွင်း နေ့စဉ်ပေးခဲ့ခြင်း ဖြစ်သည်။   

Total Views ~ 156

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43559

© 2022 - 2025 News. All Rights Reserved.