Breaking

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၄) သင်တန်းဖွင့်ပွဲများ ပြုလုပ်

ရန်ကုန်၊ ဇွန် ၁၈
    ၂၀၂၅ ခုနှစ် ဇွန် ၁၆ ရက်က ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၄) သင်တန်းဖွင့်ပွဲများကို တိုင်းစစ်ဌာနချုပ် အသီးသီးရှိ သင်တန်းကျောင်းများတွင် ပြုလုပ်ခဲ့ကြပြီး သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
    သင်တန်းဖွင့်ပွဲများသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၄) မှ သင်တန်းသားများအား တွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ပစ္စည်းများပေးအပ်ကြပြီး သင်တန်းသားများအား လိုက်လံနှုတ်ဆက် အားပေးခဲ့ကြောင်း သိရသည်။
    နိုင်ငံသားတိုင်းတွင် တာဝန်ရှိသော စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှု ထမ်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။
    ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁)ကို ၂၀၂၄ ခုနှစ် ဧပြီ ၈ ရက်မှ စတင်၍ ဖွင့်လှစ် သင်ကြားပေးခဲ့ပြီး သင်တန်းအမှတ်စဉ်(၂)ကို မေ ၁၄ ရက်တွင် လည်းကောင်း၊ သင်တန်းအမှတ်စဉ်(၃) ကိုဇွန် ၂၅ ရက်တွင် လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၄)ကို သြဂုတ် ၅ ရက်တွင်လည်း ကောင်း၊ သင်တန်းအမှတ်စဉ် (၅)ကို စက်တင်ဘာ ၉ ရက်တွင်လည်းကောင်း၊ သင်တန်းအမှတ်စဉ်(၆)ကို အောက်တိုဘာ ၂၁ ရက်တွင်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၇)ကို နိုဝင်ဘာ ၂၆ ရက်တွင်လည်းကောင်း၊  သင်တန်းအမှတ်(၈)ကို ဒီဇင်ဘာ ၂၃ ရက်တွင် လည်းကောင်း၊ သင်တန်းအမှတ်စဉ်(၉)အား ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင်လည်းကောင်း၊ သင်တန်းအမှတ်စဉ်(၁၀)ကို ဖေဖော်ဝါရီ ၁၀ ရက်တွင်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၁၁)ကို မတ် ၁၇ ရက်တွင်လည်းကောင်း၊ သင်တန်း အမှတ်စဉ် (၁၂)ကို ဧပြီ ၂၂ ရက်တွင်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၁၃) ကို မေ ၁၉ ရက် တို့တွင် ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။ ထူးမြတ်

Total Views ~ 8

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45435

© 2022 - 2025 News. All Rights Reserved.