Breaking

မြန်မာနိုင်ငံ၌ ကျင်းပမည့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လာအိုနိုင်ငံမှ ထောက်ခံအားပေးလျက်ရှိပြီး ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်ရေးအဖွဲ့များစေလွှတ် ပေးသွားမည်ဟုပြော 

၂၀၂၅ ၊ စက်တင်ဘာ ၁ 
  မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လာအိုနိုင်ငံမှ ထောက်ခံအားပေးလျက်ရှိပြီး ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်ရေးအဖွဲ့များစေလွှတ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့အလုပ်သဘောခရီး ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လာအိုပြည်သူ့ဒီမို ကရက်တစ်သမ္မတနိုင်ငံ H.E. Mr.Thongloun Sisoulith နှင့်  ယနေ့ (စက်တင်ဘာ ၁ ရက်)ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီတွင် တီယန်ကျင်းမြို့ရှိ Renaissance Tianjin Lake ဟိုတယ်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
  ဦးစွာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌအား ၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတကရင်း ရင်းနှီးနှီးနှုတ်ဆက်ပြီးတွေ့ ဆုံဆွေးနွေးခဲ့သည်။
  ထိုသို့တွေ့ ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်လာအိုနိုင်ငံမှ ထောက်ခံအားပေးလျက်ရှိမှုနှင့် ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်ရေးအဖွဲ့များစေလွှတ် ပေးသွားမည့်အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် နှစ်နိုင်ငံအကြား နယ်စပ်ဒေသတည် ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံအစိုးရအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင် ဆောင်ရွက်သွားမည့်အခြေအနေများ၊ ခရီးသွားကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍများ ယခုထက်ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများဆက်လက်မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Total Views ~ 8

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

50841

© 2022 - 2025 News. All Rights Reserved.