Breaking

AI စနစ်ဖြင့် ကွန်တိန်နာများ အတင်အချပြုလုပ်နေသည့် တီယန်ကျင်းဆိပ်ကမ်းသို့ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ကြည့်ရှုလေ့လာ

၂၀၂၅ ၊ စက်တင်ဘာ - ၁

  တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ ယနေ့ (စက်တင်ဘာ ၁ ရက်) ဒေသစံတော် ချိန် နံနက် ၁၀ နာရီတွင် တီယန်ကျင်းဆိပ်ကမ်းသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။

 ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် တီယန်ကျင်းမြို့ရှိ Tengle Hotel မှနေ၍ မော်တော် ယာဉ်များဖြင့်ထက်ခွာကြပြီး လမ်းတစ်လျှောက် မြို့ပြဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို ကြည့်ရှုလေ့လာခဲ့ကြသည်။
  ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ သည် တီယန်ကျင်းဆိပ်ကမ်းသို့ ရောက်ရှိကြရာ ဆိပ်ကမ်းတာဝန်ခံနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ ဆိပ်ကမ်းတာဝန်ခံက တီယန်ကျင်းဆိပ်ကမ်းဆိုင်ရာ များအားရှင်းလင်းတင်ပြခဲ့ပြီးနောက် ဆိပ်ကမ်းမှတာဝန်ရှိသူတစ်ဦးက ဆိပ်ကမ်းဆိုင်ရာအချက်အလက်များ၊ တီယန်ကျင်းဆိပ်ကမ်းမှနေ၍ ပြည်တွင်းနှင့် နိုင်ငံတကာသို့ ကုန်ပစ္စည်းများ ပို့ဆောင်လျက်ရှိမှုနှင့် နိုင်ငံဖြတ်ကျော်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိမှု၊ ဆိပ်ကမ်းတည်ဆောက်ခဲ့မှုအခြေအနေများနှင့် AI စနစ်အသုံးပြု၍ ကွန်တိန်နာများအား သယ်ယူပို့ဆောင်ခြင်းများ ဆောင်ရွက်လျက်ရှိမှု၊ ကာဗွန်ကင်းစင်သည့် ဆိပ်ကမ်းအဖြစ် လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ လေအားလျှပ်စစ်ဖြင့် လုပ်ငန်းများလည်ပတ်ဆောင်ရွက်လျက်ရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့သည်။
  ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံ တော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက သိရှိလိုသည်များမေးမြန်းဆွေးနွေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဆိပ်ကမ်းတွင် AI စနစ်ဖြင့် ကွန်တိန်နာများအား သင်္ဘောများပေါ်သို့ တင်ချပြုလုပ်နေမှုနှင့် ဆိပ်ကမ်းအတွင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုလေ့လာကြသည်။
  ယင်းနောက် ဆိပ်ကမ်းမှ AI စနစ်သုံး ကွန်တိန်နာတင်ဆောင်သည့် ယာဉ်များဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး
Cooperation Organisation (Shanghai SCO SUMMIT 2025) အထိမ်းအမှတ်အဖြစ် Scoစာလုံးအား သရုပ်ဖော်ပြသကြသည်။
အဆိုပါ တီယန်ကျင်းဆိပ်ကမ်းသည် တရုတ်နိုင်ငံမြောက်ပိုင်း၏ အဓိကအထူးစီးပွား ရေးဇုန်ဖြစ်သည့် Tianjin မြူနီစပယ်အုပ်ချုပ်ရေးဒေသ၏ Binhai New Area (BNA) ခရိုင်၏ အဓိကအစိတ်အပိုင်းဖြစ်ပြီး Haihe မြစ်အနီး Bohai ပင်လယ်အော်အနောက်ဘက်ကမ်း တီယန်ကျင်းမြူနီစပယ်အုပ်ချုပ်ရေးဒေသတွင် တည်ရှိပြီး  ဆိပ်ကမ်းအား တရုတ်နိုင်ငံမြောက်ပိုင်း၏ အဓိကထောက်ပံ့နှင့် ပို့ဆောင်ရေးအချက် အခြာနေရာအဖြစ် ရည်ရွယ်ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။
  ဆိပ်ကမ်းအား ၁၉၅၂ ခုနှစ်၊ အောက်တိုဘာလတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ရေနက်ပင်လယ်ဆိပ်ကမ်း (Deep- Water Seaport/Riverport) အ မျိုးအစားဖြစ်ကြောင်း၊ ကုန်းမြေဧရိယာ ၁၂၁စတုရန်းကီလိုမီတာအပါအဝင် စုစုပေါင်း ၄၇၀ စတုရန်း ကီလိုမီတာကျယ်ဝန်းပြီး ထုတ်လုပ်ရေးဆိုက်ကပ်နေရာ ၁၄၀ ခုအပါအဝင် ဆိုက်ကပ်နေရာ စုစု ပေါင်း ၂၁၇ ကျော်ရှိကြောင်း၊ ကွန်တိန်နာများကို တင်ချခြင်းများဆောင်ရွက်ရာတွင် AI စနစ်ကို အသုံးပြု၍ လုပ်ငန်းများကို ဆောင်ရွက်နေသည့် ဆိပ်ကမ်းတစ်ခုဖြစ်ကြောင်း သိရသည်။
  ထို့အပြင် တီယန်ကျင်းဆိပ်ကမ်းသည် ရေအနက် ၂၂ မီတာ(၇၇) ပေရှိပြီး တန်ချိန် ၃ သိန်းရှိနှစ်စဉ်ကုန်စည်တင်ပို့မှုအနေဖြင့်ကြီးမား သောသင်္ဘောကြီးများဆိုက်နိုင်ကြောင်း၊တန်ချိန် သန်း ၅၀၀ ကျော်နှင့် ကွန်တိန်နာ ၁၃ သန်းကို တင်ပို့လျက်ရှိကြောင်း၊တရုတ်နိုင်ငံ၏ဒေသနှင့်ပြည်နယ် ၁၄ ခုအတွက် ဝန်ဆောင်မှုပေးလျက်ရှိပြီး တရုတ်နိုင်ငံတစ်နိုင်ငံလုံး အတိုင်းအတာ၏ ထက်ဝက်ကျော်ရှိကြောင်း သိရသည်။

Total Views ~ 11

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

50841

© 2022 - 2025 News. All Rights Reserved.