ရိုးရာယဉ်ကျေးမှုများကို သဘင်ပညာရှင်များနဲ့အတူ တန်ဖိုးထားကာ ဖော်ထုတ်ထိန်းသိမ်းနေသလို ဆက်လက်ကူညီစောင့်ရှောက်သွားမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား

၂၀၂၃ အောက်တိုဘာ ၉
    မြန်မာ့ရိုးရာ ယဉ်ကျေးမှုများကို သဘင်ပညာရှင်များနဲ့အတူ တန်ဖိုးထားကာ ဖော်ထုတ် ထိန်းသိမ်းနေသလို ဆက်လက်ကူညီစောင့်ရှောက်သွားမည်ဟု ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းက အောက် တိုဘာ ၇ ရက်တွင် အမျိုးသားကဇာတ်ရုံ၌ ကျင်းပသည့် မြန်မာနိုင်ငံ သဘင်အစည်း အရုံး(ဗဟို)၏ တတိယအကြိမ်မြောက် သဘင်သက်ကြီးပူဇော်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။
    အခမ်းအနားတွင် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းက ကျွန် တော်တို့ မြန်မာနိုင်ငံဟာ ကိုယ်ပိုင်စာ၊ ကိုယ် ပိုင်စကား၊ ကိုယ်ပိုင်ယဉ်ကျေးမှုတွေ၊ အမွေ အနှစ်တွေ ခိုင်မာထည်ဝါသော နိုင်ငံကြီးဖြစ် တာနှင့်အညီ ယဉ်ကျေးမှု အမွေအနှစ်တွေ သဘင်အနုပညာများကို ထိန်းသိမ်းခဲ့ကြ၊ ထိန်းသိမ်းနေကြသော သဘင်ပညာရှင်များကို တကယ်ကို လှိုက်လှိုက်လှဲလှဲ တန်ဖိုးထား ဂုဏ်ပြုပါကြောင်း။ နိုင်ငံ့သဘင်ပညာရှင်ကြီးများကို တန်ဖိုးထား ဂါဝရပြုကန်တော့ကြတဲ့ သဘင်သက်ကြီးပူဇော်ပွဲကြီးကို တက်ရောက် ဂါဝရပြုခွင့်ရတဲ့အတွက်လည်း တိုင်းဒေသကြီး အစိုးအရအဖွဲ့ အနေဖြင့် လွန်စွာဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ သဘင်အနု ပညာရှင်များနှင့် သဘင်ပညာများကို တန်ဖိုး ထားပါကြောင်းနှင့် တိုင်းဒေသကြီးအစိုးအရ အဖွဲ့အနေဖြင့်လည်း ရိုးရာယဉ်ကျေးမှုများကို သဘင်ပညာရှင်များနှင့်အတူ တန်ဖိုးထား ကာ ဖော်ထုတ်ထိန်းသိမ်းနေသလို ဆက် လက်ကူညီစောင့်ရှောက်သွားမည် ဖြစ်ပါ ကြောင်း ပြောကြားခဲ့သည်။
    ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ကန်တော့ခံသဘင် ပညာရှင် အဘိုးအဘွားများအတွက် ပြန် ကြားရေးဝန်ကြီးဌာနမှ လှူဒါန်းငွေနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းငွေကျပ်သိန်း ၂၀၀ တို့ကိုလည်းကောင်း၊ ရန် ကုန်တိုင်းဒသကြီး အစိုးရအဖွဲ့မှ မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)အတွက် ဆန်အိတ် ၅၀၀ တို့အား ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)နာယက ဦးချမ်းသာ၊ ဥက္ကဋ္ဌဦးဖိုးချစ်နှင့် တာဝန်ရှိသူများက လက်ခံရယူကြ သည်၊၊
    အဆိုပါ သက်ကြီးပူဇော်ပွဲတွင် မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို)ဥက္ကဋ္ဌ ဦးဖိုးချစ်က ''ဒီနေ့သက်ကြီး ပူဇော်ပွဲ ကျင်းပနိုင်ရန်အတွက် စွမ်းဆောင်ပေးကြတဲ့ သူအားလုံးနဲ့ အလှူရှင်များကို ကျေးဇူးအထူး တင်ရှိပါတယ်။ သဘင်ပညာရှင်ကြီးများကို ကျန်းကျန်းမာမာနဲ့ ဒီလိုသက်ရှိထင်ရှား ပျော်ပျော်ရွှင်ရွှင် မြင်ခွင့်ရတာနဲ့တင် ကျွန် တော့်ရင်ထဲမှာ ပီတီဖြစ်ပြီးတော့ ခံစားရပါတယ်။ ဒ့ီထက်လည်း အသက်ရှည်ပေးကြပါ ဦးလို့ ဆုတောင်းမေတ္တာစကားပြောကြားလို ပါတယ်''ဟု ပြောကြားခဲ့သည်။
    တတိယအကြိမ်မြောက် သဘင်ပညာရှင် သက်ကြီးပူဇော်ပွဲတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး များမှ ကန်တော့ခံ သက်ကြီးသဘင်ပညာရှင် အဘိုးအဘွား ၁၁၁၆ ဦးအား ပူဇော်ကန်တော့နိုင်ခဲ့ ကြောင်း၊ အသက်အရွယ်နှင့် အခြေအနေ အရပ်ရပ်တို့ကြောင့် သဘင်အနုပညာနှင့် ဝေးကွာနေကြ ရသော သဘင်သက်ကြီး အဘိုးအဘွားများ အားစိတ်ဓာတ်ခွန်အား ဖြည့်တင်းမှု အလှူအနေဖြင့် သဘင်မိသားစုများက ဆိုင်း၊ အက၊ အငြိမ့်၊ ဇာတ်တော်ကြီး၊ ဆက်ကပ်၊ မျက်လှည့်တို့ဖြင့် မျိုးဆက်သစ်သဘင် လူငယ်များက ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်၊၊

 

Total Views ~ 156

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43558

© 2022 - 2025 News. All Rights Reserved.