Breaking

ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်တွင် ဘုရားဂေါပကအဖွဲ့မှ TikTok မရိုက်ရန် ဆိုင်းဘုတ်ထောင်ကာ တားမြစ်

၂၀၂၃ စက်တင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ သမိုင်းဝင် လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဘုရားရင်ပြင်တော်ပေါ်တွင် TikTok ရိုက်ခြင်းများ မပြုလုပ်ရန် ဘုရားဂေါပကအဖွဲ့က သတိပေး ဆိုင်းဘုတ်ထောင်ကာတားမြစ် လိုက်ပြီဖြစ်ကြောင်း သိရသည်။

“ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်တွင် အဂါရဝဖြစ်စေသော် ပြုမူနေထိုင်ခြင်းများနှင့် TikTok ရိုက်ခြင်းများ မပြုလုပ်ရန် တားမြစ်ပါသည်”ဟု ရွှေတိဂုံစေတီတော် ဘုရားဂေါပကအဖွဲ့ ဗီနိုင်းဆိုင်းဘုတ်များထောင်ကာ အ သိပေး တားမြစ်ထားခြင်းဖြစ်သည်။

ထို့အပြင် ဘုရားဖူးလာသူ အမျိုးသမီးကိုလည်း စကပ်တို၊ ဘောင်းဘီတို ဝတ်ဆင်လာမှုကို ခွင့်မပြုထားကြောင်း ယခင်အချိန်များကပင် တားမြစ်ထားခြင်းဖြစ်သည်။

“အမျိုးသမီးတွေပဲ အတိုဝတ်မလာရဘူး ထင်နေတာ ဟိုနေ့က ဘုရားသွားတော့ စောင်းတန်းက ဈေးဆိုင်ပိုင်ရှင်တွေက ပုဆိုးတွေပါ ငှားနေတယ်။ ဘောင်းဘီအတိုနဲ့ မတက်ရဘူး အစ်ကို ပုဆိုးငှားပါတယ်လို့ ဈေးဆိုင်က သူတွေက ပြောတယ်။ တားမြစ်ထားလား ဘာလည်း သေချာတော့ မသိဘူး။ တားမြစ်တယ်ဆိုလည်း ကောင်းပါတယ်။ ”ဟု ဘုရားဖူးလာသူ တစ်ဦးက ပြောသည်။

ယခုကဲ့သို့ ဘုရားဖူးပြည်သူများအား Tik Tok ရိုက်ခြင်း တားမြစ်ချက်ကို ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်နှင့် အတက် အဆင်းလှေခါးများတွင် ဗီနိုင်းဆိုင်းဘုတ်များထောင်ကာ အသိပေးကြေညာထားခြင်းဖြစ်သော်လည်း အဆိုပါ တားမြစ်ချက်ကို မည်သည့်ရက်က စတင်ထုတ်ခြင်းဖြစ်ကြောင်းကို ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။

Total Views ~ 245

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

44553

© 2022 - 2025 News. All Rights Reserved.