လက်နက်ကိုင်ပဋိပက္ခ အမြန်ဆုံးချုပ်ငြိမ်း စေပြီး အနာဂတ်မျိုးဆက်သစ်များအတွက် 'ငြိမ်းချမ်းရေး' အမွေအနှစ် ချန်ရစ်ထားနိုင်ရေး ကြိုးပမ်းကြစေလိုဟု စောမူတူးစေးဖိုးပြော

၂၀၂၃ အောက်တိုဘာ ၁၅ 
    လက်နက်ကိုင် ပဋိပက္ခကိုအမြန်ဆုံး ချုပ်ငြိမ်းစေပြီး အနာဂတ် မျိုးဆက်သစ်များအတွက် 'ငြိမ်းချမ်းရေး' အမွေအနှစ်ကို ချန်ရစ်ထားနိုင်ရေး ကြိုးပမ်းကြစေလိုကြောင်း နေပြည်တော် MICC-2  တွင် အောက်တိုဘာ ၁၅ ရက်ကပြုလုပ်သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း (၈)နှစ်ပြည့်အခမ်းအနားတွင် တိုင်းရင်းသား ခေါင်းဆောင် စောမူတူးစေးဖိုး ကပြောကြားလိုက်သည်။
    "မိမိတို့နိုင်ငံဟာ လူမျိုးပေါင်းစုံနေ ထိုင်တဲ့ တိုင်းပြည်ဖြစ်သည့်အလျောက် လူမျိုးချင်းမတူသော်လည်း ငြိမ်းချမ်းစွာ အတူ တကွ နေထိုင်နိုင်ရေးအတွက် ရှေးရှုရန်လို နေပါတယ်။ မိမိတို့ရဲ့ သက်တမ်းတစ်လျှောက် မှာ ခါးသီးစွာ တွေ့ကြုံခံစားလာခဲ့ကြရတဲ့ လက်နက်ကိုင် ပဋိပက္ခကို အမြန်ဆုံး ချုပ်ငြိမ်းစေပြီး အနာဂတ်မျိုး ဆက်သစ် ပြည်သူ ပြည်သား လူငယ်လူရွယ်များအတွက် 'ငြိမ်းချမ်းရေး'ဆိုတဲ့ အမွေအနှစ်ကို ချန်ရစ်ထား နိုင်ဖို့၊ တရားမျှတမှုနဲ့ ဂုဏ်သိက္ခာရှိမှုတို့ အပေါ်အခြေခံတဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုရှိမယ့် ငြိမ်းချမ်း ရေးကို ဖော်ဆောင်သွားကြဖို့နဲ့ ညှိနှိုင်းဆွေးနွေးပွဲ တွေကနေ လက်ရှိနိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားကာ ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို တည် ဆောက်နိုင်ရေး မဆုတ်မနစ် ကြိုးပမ်း ကြပါစို့"ဟူ၍ စောမူတူးစေးဖိုးက ထည့်သွင်း ပြောကြားခဲ့သည်။
    ထို့အပြင် မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရပြီးကတည်းက နှစ်ရှည်လများ ဖြစ်ပွားခဲ့သည့် လက်နက်ကိုင် ပဋိပက္ခကို အဆုံးသတ်နိုင်ရန် နိုင်ငံတော်အစိုးရ၏ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို ရရှိဖို့ နှစ်နှစ်နီးပါး အချိန်ယူဆွေးနွေးခဲ့ကြရကြောင်း၊ နှစ်ဖက် ညှိနှိုင်းဆွေးနွေး ဘက်တွေအကြား ရဲရင့်တက်ကြွသည့် အားမာန်များဖြင့် တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် အဖြေရှာလို သည့် အာသီသကို အခြေခံကြခြင်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာ ချုပ် - NCA ကို ရရှိခဲ့ခြင်းဖြစ်၍ သမိုင်းစာ မျက်နှာသစ်တစ်ခု ပေါ်ပေါက်စေခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ 
    ထိုသို့ NCA ရရှိလာခဲ့ခြင်းမှာ အလျှော့အတင်း ပြုလိုသည့်စိတ်ဓာတ်၊ အခက်အခဲများကို အတူတကွ ပူးပေါင်းဖြေ ရှင်းလိုသည့်ဆန္ဒ၊ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းနှင့်ဖြေရှင်းလိုသည့် သန္နိဋ္ဌာန်၊ ဆွေးနွေးဘက် တစ်ဖက်ဆီတွင် ပါဝင်ခဲ့ကြသည့် ကိုယ်စားလှယ်များအကြား ထိန်းသိမ်း ထားနိုင်သည့် ညီညွတ်မှုဖြင့် ယုံကြည်မှုများကြောင့် ဖြစ်ကြောင်း၊ ထို့ကြောင့် လက်ရှိကာ လတွင်လည်း ထိုစိတ်ဓာတ်ဆန္ဒဖြင့် ထပ်မံ ပြီး ကြိုးပမ်းအားထုတ်ကြရန်လည်း စောမူ တူးစေးဖိုးက တိုက်တွန်းခဲ့သည်။ 
    ''တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေး သဘောတူစာချုပ်" NCA လက်မှတ်ရေးထိုးခြင်းဟာ သာမန်အပစ်ရပ်စာ ချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးတာမဟုတ်ဘဲ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံထူထောင်ရေး လျှောက်လှမ်းရမယ့် ခရီးရှည်ကြီးရဲ့ ပထမဦးဆုံးသော အရေးကြီးတဲ့ ခြေလှမ်းဖြစ်ပြီး စိန်ခေါ်မှုများစွာကလည်း စောင့်ကြိုနေခဲ့တယ်ဆိုတာကို အားလုံးရင် ဆိုင် ကြုံတွေ့ခဲ့ကြပြီး ဖြစ်ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ကာလမှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာ ချုပ် (NCA) ကို ဆက်လက်အကောင်အထည် ဖော်ခဲ့ရာမှာ အောင်မြင်သင့်သလောက် အောင်မြင်မှုမရရှိခဲ့သလို နိုင်ငံရေးအကျပ် အတည်းကြောင့် NCA အကောင်အထည် ဖော်မှုမှာလည်း ရပ်နားသွားခဲ့ရတယ်။ ကျွန်တော်တို့အားလုံးဟာ မိမိတို့အသီးသီးရဲ့ ဆန္ဒသဘောထားတွေကိုသာ ရှေ့တန်းမတင်ဘဲ အပြန်အလှန် လေးစားတန်ဖိုးထားမှုနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်ကာ ညှိနှိုင်းအဖြေရှာကြဖို့ကိုလည်း သက်ဆိုင်သူအားလုံးကို တောင်းဆိုလိုပါ တယ်"ဟူ၍လည်း ထည့်သွင်းပြောကြားခဲ့သည်။
    ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းရှစ်ဖွဲ့က NCA သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး တိုင်းရင်းသား ခေါင်းဆောင် စောမူတူးစေးဖိုး သည်လည်း ထိုစဉ်က KNU ဥက္ကဋ္ဌတစ်ဦးအနေဖြင့် NCA တွင် ကိုယ်တိုင်ပါဝင် လက်မှတ်ရေးထိုးခဲ့သူ တစ်ဦးဖြစ်သည်။ 

Total Views ~ 155

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43540

© 2022 - 2025 News. All Rights Reserved.