ထရမ့်ရဲ့ အမှားများ

၂၀၂၅ ၊ ဇွန် ၁၉

    လတ်တလော ထရမ့်အကျပ်ရိုက်နေသည့် ကုန်သွယ်ခွန်နဲ့ပတ်သက်ပြီး Columbia University မှ Prof of Economics, Jeffery Sachs ကို NDTV က Allister De Souza နဲ့ အမေးအဖြေလုပ်ထားတာ အတော်စိတ်ဝင်စားစရာကောင်းတဲ့အတွက် တင်ပြလိုက်ပါတယ်။

Allister မေး ။    ကမ္ဘာ့နိုင်ငံ အများအပြားက လက်ရှိအခြေအနေကို ကြည့်ပြီး အမေရိကန်အပေါ်မှာ အမြတ်ထုတ်နေကြတယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ထရမ့်က နိုင်ငံတကာနဲ့ US ကုန်သွယ်မှုလို ငွေပြတိုင်းသူဟာ မတရားဆက်ဆံခံနေရတယ်လို့ ထင်နေခဲ့ပါတယ်။ အိန္ဒိယကိုလည်း သူ ဒီလို ထင်ပါတယ်။ ခုတော့ သူက ဒါကို ရပ်တန်းက ရပ်ဖို့ မျှတအောင်လုပ်ပါတယ်။ ခင်ဗျားက ဒါဟာ  Mickey Mouse လိုလုပ်တာပဲလို့ ဘာကြောင့်ပြောရတာလဲ။
Sachs ဖြေ ။  
 ဒီလိုပြောရတာဟာ ကာတွန်းထဲက အမှားလုပ်တာနဲ့ တူလို့ပါ။ လိုရင်းပြောရရင် ကုန်သွယ်မှုလိုငွေဆိုတာ ကိုယ်ရောင်းလို့ ရတာ၊ ဝင်ငွေထက် ပိုသုံးလို့ဖြစ်တာ Comprehensive Trade Deficit လို့ ခေါ်ပါတယ်။ Current Account Deficit  လို့လည်း ခေါ်ပါတယ်။ ကျွန်တော်တို့ အစိုးရက Credit Card လို ပြည်သူတွေအတွက် နှစ် ၂၀ လောက် လုပ်ပေးနေတယ်။ နိုင်ငံခြားဖြစ်ပစ္စည်းတွေ ဝယ်သုံးနေတော့ ကုန်သွယ်မှု၊ ဝင်ငွေထွက်ငွေ မမျှဘဲ အကြွေးတွေတင်တယ်။ ဒါကိုကုစားချင်ရင် ကုန်သွယ်မှု အလိုဖြစ်နေတာကို အရင်ကုစား၊ ကုန်သွယ်မှု အလိုမပြရင် ဘတ်ဂျက်လိုငွေလည်း လျော့သွားလိမ့်မယ်။ ထရမ့်က ဒီလိုငွေတွေကို လျှော့ချချင်ပေမယ့် သူက အခွန်ကောက်ခံတာမှာလည်း သူနဲ့အဆင်           ပြေသူတွေကို အခွန်လျှော့ကောက်၊ ကာကွယ်ရေး အသုံးစရိတ်တွေကိုလည်း တိုးသုံးတော့ ဒီလိုငွေပြမှုဟာ လျော့မသွားပါဘူး။

Allister မေး ။    ဒါကို ထရမ့်က တစ်ယူသန်၊ ကျန်တဲ့တိုင်းပြည်တွေဟာ US က ငွေတွေကို ခိုးနေပါတယ် လို့ထင်နေတာ အလွန်မှားနေပါတယ်။ ဒါကိုရော ခင်ဗျား ဘယ်လိုထင်ပါသလဲ။
Sachsဖြေ ။ 
   ကျွန်တော်ကတော့ ထရမ့်မှားနေတယ်လို့ ထင်ပါတယ်။ သူက ကုန်သွယ်ခွန်တွေအကြောင်း စပြောစဉ်က US ရဲ့ ကုန်တွေအပေါ်ကို စည်းကြပ်တဲ့နှုန်းထားအတိုင်း ဆတူပြန်ကောက်မယ် Reciprocity လို့ပြောခဲ့တာပါ။ အတိအကျမပြောနိုင်လို့ ကုန်သွယ်မှုမှာ လိုငွေပြတဲ့အတိုင်း မျှတသွားအောင် ပြန်ကောက်မည့်အကြောင်း ပြောပါတယ်။ ဒါဟာ အဓိပ္ပာယ်မရှိပါဘူး။ဘာနဲ့သွားတူလဲဆိုတော့ Credit Card နဲ့ ဈေးဝယ်သလိုပါပဲ။ ကိုယ်ကြိုက်တာတွေ ကြိုက်သလောက်ဝယ်ပြီး ရောင်းတဲ့သူက မတရား လုပ်ပါတယ်လို့ ပြောလို့မရပါဘူး။ မတရားဘူးလို့ ကိုယ်ကသဘောထားပြီး မျှတအောင် သူ့ပစ္စည်းကို ကုန်သွယ်ခွန်တိုးကောက်တာဟာ အမေရိကန် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးရုံးနဲ့ တခြားနိုင်ငံကုန် သွယ်ရေးရုံးတွေရဲ့ ဥပဒတွေအရ မတရားလုပ်ရပ်မြောက် လို့ တရားမဝင်ပါဘူး။ အကယ်၍ ထရမ့်က သူ့သမ္မတ အာဏာနဲ့ ပြဋ္ဌာန်းရင်လည်း တရားရုံးတွေက လက်ခံမှာ မဟုတ်ပါဘူး။

Allister မေး ။    အခုအိန္ဒိယက US နဲ့ ကုန်သွယ်ခွန်ကိစ္စမှာ သူတို့ဟာ အမေရိကန်နဲ့လည်း ကြီးမားတဲ့ ကုန်သွယ်ဖက်အတွက် အသာစီးရမည့် နှုန်းထားကို တောင်းနေတော့ အဆင်ပြေသွားအောင် ဘယ်လို လုပ်သင့်ပါသလဲ။
Sachsဖြေ ။
    US ဟာ အိန္ဒိယနဲ့ အကြီးဆုံး ကုန်သွယ်ဖက်ဆိုပေမယ့် အိန္ဒိယရဲ့ထုတ်ကုန်တွေက အမေရိကန်အတွက် အဓိကမကျတဲ့အတွက် US က သူ့အပေါ် ကုန်သွယ်ခွန်တိုးလိုက်ရင် သူပဲ နစ်နာနိုင်ပါတယ်။ ဒါကြောင့် အိန္ဒိယအနေနဲ့ သူ့ဈေးကွက်တွေကို ချဲ့ထွင်ပြီး US အပြင် အာဆီယံနဲ့ တရုတ်ဈေးကွက်တွေကို ပိုအားထားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လူဦးရေ ၁ ဒသမ ၅ ဘီလီယံရှိပြီး Continental Free Area ဖြစ်တဲ့ African Union ကို အားထားသင့်ပါတယ်။ သူ့အနေနဲ့ သူကျွမ်းတဲ့ Digital Technology 
ကိုပါ ရောင်းချနိုင်ပါတယ်။ အိန္ဒိယအနေနဲ့ US ရဲ့ ဆိုင်းချက်အတိုင်းလိုက်မက၊ ရန်သူလဲ အဖြစ်မခံဘဲ ဒီအချက်ကို မျက်ခြည်ပြတ်မခံဘဲ လုပ်လို့ရပါတယ်။

Allister မေး ။    Prof Sachs နောက် ၁၀ နှစ်၊ ၁၅ နှစ်အတွင်း အိန္ဒိယကို ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးဌာနကြီးတစ်ခု ဖြစ်လာအောင် လုပ်လို့ရနိုင်ပါသဘား။
Sachsဖြေ ။  
 အကြမ်းဖျင်း စီးပွားရေး ဥပဒသတွေ အများကြီး ရှိပါတယ်။ Conditional Convergence လို့ခေါ် ပါတယ်။ ကိုယ့်တိုင်းပြည်က တခြားတိုင်းပြည်တွေထက် ဆင်းရဲရင် ဆင်းရဲပါစေ အမြန်တိုးတက်အောင် လုပ်လို့ရပါတယ်။ သုံးချက်ရှိပါတယ်။ အိန္ဒိယက လူအရင်းအမြစ်မှာ အသက်အပိုင်းအခြားအလိုက် တစ်စထက်တစ်စ တိုးတက်လာဖို့လိုတယ်။ မြေးက အဘိုးထက် ပညာတတ်ဖို့၊ ပညာရည်မြှင့်တင်ဖို့ လိုတယ်၊ စွမ်းအင်၊ ပို့ဆောင်ရေး၊ လူမှုရေးကဏ္ဍ ဖွံ့ဖြိုးဖို့အတွက် လုပ်ဆောင် ရမှာ ဖြစ်သလို၊ စီးပွားရေး ကဏ္ဍအတွက်လည်း လယ်ယာ၊ သတ္တု၊ ဆောက်လုပ်ရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ အားပြုလုပ်ကိုင်ရင် အိန္ဒိယက လူတစ်ဦးချင်းဝင်ငွေ တွေတိုးလာပြီး တိုးတက်လာမှာပါ။ ကျွန်တော်က အိန္ဒိယဟာ တစ်နှစ်ကို ၆ ရာခိုင်နှုန်းကနေ ၇ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်မှာပါ။ ဒါဆို နှစ်ဆလောက် တိုးတက်လာနိုင်ပါတယ်။ ၁၀နှစ်အတွင်းမှာ စီပွားရေးဟာ Digital Economy ရော တိုးတက်လာနိုင်ပြီး ကမ္ဘာမှာ ဒုတိယအကြီးဆုံး ဖြစ်လာနိုင်မယ်လို့ ပြောတာပါ။

Allister မေး ။    Prof Sachs ခင်ဗျားစိုးရိမ်တဲ့ US အဖို့ မကြာသေးခင်က US Fed Reserves  က Recession ဖစ်နိုင်တယ်ဆိုတဲ့ အချက်အပေါ် ဒီတစ်ကြိမ်မှာ ဘယ်လိုမြင်ပါသလဲ။
Sachs ဖြေ ။ 
   ပြောရရင်တော့ အခုဖြစ်နေတဲ့ မသေချာ မရေရာမှုတွေအရတော့ US ဟာ Recession ဆီကို ဦးတည်နေပေမယ့် ကိုယ့်ပြဿနာ ကိုယ်ရှာနေ တယ်လို့ပဲ ပြောရမလို ဖြစ်နေပါတယ်။ စားသုံးသူ တွေရဲ့သဘောထားကို Fed က ပြန်မလေ့လာတာ တွေ့ရပါတယ်။ အဓိပ္ပာယ်ရှိတဲ့ Digital နဲ့ Green Technologies စီးပွားရေးမူဝါဒ Low Carbon  မူကို Federal Level မှာ ပြန်ရေးဆွဲရမှာပါ။ အခုတော့ ဘယ်လမ်းကို လိုက်မယ်ဆိုတာလည်း မရေရာ၊ Paris ရာသီဥတုပြောင်းလဲရေး သဘောတူညီချက်ကလည်း ထွက်၊ မူဝါဒတွေကိုလည်း မပြုပြင်၊ ဒီကြားထဲမှာ ဘတ်ဂျက်လိုငွေတွေကပြ၊ ကုန်သွယ်ခွန်နဲ့ပတ်သက်လို့ကလည်း မချောမွေ့နဲ့ ပြည်တွင်းမှာ ပြဿနာတွေ ကိုယ့်ဟာကိုယ် ဖန်တီးတာဖြစ်ပါတယ်။ US အနေနဲ့ ကမ္ဘာ့ထိပ်တန်းစီးပွားရေး အနေအထားရှိနေပေမယ့် အဓိပ္ပာယ်ရှိရှိ မထိန်းနိုင်တာတွေ့ရပါတယ်။

Allister မေး ။    US ရဲ့ အကြွေးတွေအကြောင်းပြောရရင် ထရမ့်ရဲ့ Allister ကြီးဟာ နောက်ထပ် ဆယ်စုနှစ်တစ်ခုအထိ အကြွေးတွေ ၂ ဒသမ ၄ ထရီလီယံလောက် တင်ဦးမှာဖြစ်တော့ အီလွန်မက်ခ်ကသာမက ရီပတ်ဗလစ်ကန်အမတ်တွေကပါ ကန့်ကွက်ကြပါတယ်။ ဘာကြောင့် ဒီလောက် တောင် ဖြစ်ကုန်ရတာလဲ။
Sachsဖြေ ။ 
   ဒါနဲ့ပတ်သက်လို့ အသုံးစရိတ်ကို တိတိကျကျ သတ်မှတ်ထားတာ မရှိပါဘူး။ ဗဟိုအစိုးရ အဆင့်မှာ ရ/သုံးအနေနဲ့ GDP ရဲ့ ၁၆ ရာခိုင်နှုန်းလောက်ရပြီး ၂၃ ရာခိုင်နှုန်းလောက် သုံးနေတော့ ၇ ရာခိုင်နှုန်းလောက် လိုငွေကို အစိုးရက ငွေစုလက်မှတ်တွေ ထုတ်ရောင်းနေတော့ အခုဆို လိုငွေက အစိုးရစုစု ပေါင်းဝင်ငွေရဲ့ ၁၀၀ ရာခိုင်နှုန်းလောက် ဖြစ်နေပါတယ်။ ဒီအပေါ်မှာ အတိုးတွေ တက်နေတာကလည်း GDP ရဲ့ ၃ ရာခိုင်နှုန်း ဖြစ်နေပါတယ်။ ကြာလာတာနဲ့ အတိုးနှုန်းဟာ ၅ ရာခိုင်နှုန်းအထိ တက်လာမှာ ဖြစ်ပါတယ်။ Congressional Budget Office က ခန့်မှန်းတာ GDP ရဲ့ ရာခိုင်နှုန်း ၁၅၀ ထိ တက်လာ လိမ့်မယ်လို့ ပြောပါတယ်။ ဒါဆိုရင် ဘာဖြစ်လာနိုင်သလဲဆိုတော့ US ငွေကြေးစနစ်ဟာ မတည်မငြိမ် ဖြစ်လာမယ်။ ဒါကြောင့် Moody's Rating မှာ US ချေးငွေအတွက် ဘဏ်တိုးတွေ တက်လာမယ်၊ လိုငွေတွေ ပိုများလာမယ်၊ နိုင်ငံတွေဟာ ဒီလို Rating ကျလာရင်၊ အတိုးပိုပေးပြီး ငွေချေးရပါတယ်။ ကမ္ဘာကို စိုးမိုးချင်တဲ့ US ဟာ အခုအခြေအနေအရ၊ သူများမျက်နှာကို ကြည့်နေရမည့်အဖြစ်ကို ရောက်မှာပါ။ တရုတ်ဟာ US ရဲ့ မြီရှင်ပါ။ ဒါပေမဲ့ ထရမ့်ဟာ တရုတ်နဲ့ သွားစစ်ဖြစ်ချင်တယ်။ ဒါကလည်း ထရမ့်ရဲ့ အားနည်းချက်တစ်ခုပါ။ သူ့စီးပွားရေးဟာ အားနည်းချက်တွေနဲ့ ပြွမ်းနေတယ်။ အထူးသဖြင့် အသုံးစရိတ်တွေများနေလို့ ဖြတ်တောက်ရာမှာ တက္ကသိုလ်ကြီးတွေရဲ့ သိပ္ပံနဲ့နည်းပညာသုတေသန ရန်ပုံငွေ တွေကို သွားဖြတ်တာ တွေ့ရပါတယ်။ ဒါဟာ တကယ့်တီထွင်မှု သွေးပြန်ကြောကြီးကို ဖြတ်လိုက်တာနဲ့ တူပါတယ်။ လူတွေရဲ့ လူနေမှုအဆင့်အတန်းကို မြှင့်တင်နိုင်တဲ့ နည်းပညာဖွံ့ဖြိုးမှု မူဝါဒကို ထိခိုက်တဲ့ အမှားကြီးကို လုပ်လိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ငွေအသုံးကြမ်းနေတဲ့ အစိုးရမှာ ဘာတွေ သုံးသင့်တယ်ဆိုတဲ့ အထိန်းအကွပ်မျိုး မဲ့နေတဲ့ အားနည်းချက်ကို US မှာ တွေ့ရမှာ ဖြစ်ပါတယ်။

Allister မေး ။    Prof Sachs ပညာရေးကဏ္ဍအကြောင်းကို ဆွေးနွေးကြည့်ရအောင်ပါ။ ခင်ဗျားက Columbia လို ူလပ lvy League University မှာ ပညာသင်နေတော့ ထရမ့်ဟာ ကိုလံဘီယာကိုလည်း တိုးပြီးတိုက်ခိုက်လာတယ်၊ Harvard ကိုလည်း တိုက်ခိုက်တော့ အမေရိကန်က နာမည်ကြီးတက္ကသိုလ်တွေမှာ ဗရုတ်သုတ်ခတွေ ဖြစ်နေတော့ အိန္ဒိယအပါအဝင် ကျောင်းသားတွေအတွက် ကျောင်းဆက်တက်သင့်ပါ သလား။
Sachs ဖြေ ။
    ဗရုတ်သုတ်ခ ဖြစ်နေတယ်ဆိုတာ မှန်ပါတယ်။ ဘာနဲ့တူလဲဆိုတော့ တရုတ်ပြည်မှာ ၁၉၆၀ က ယဉ်ကျေးမှုတော်လှန်ရေး ဖြစ်သလိုပါပဲ။ တက္ကသိုလ်တွေ ပိတ်ရတယ်။ ဒီလိုပဲ အခုထရမ့်ဟာ တရားမဲ့တွေလုပ်တယ်။ ဒါကြောင့် Harvard က ပြန်တရားစွဲပါတယ်။ ကျွန်တော်တို့ တက္ကသိုလ်ကိုလည်း ဂျူးကျောင်းသားတွေနဲ့ပတ်သက်ပြီး မတရားလုပ်ပါတယ်။ ကျွန်တော်တို့ကတော့ ပြန်ပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်။ ဒါကို ထရမ့် အလိုအရကတော့ ကောင်းကောင်းမွန်မွန် တုံ့ပြန်ရင် အညံ့ခံတယ်လို့ ယူဆပြီး ပိုပြီးတရားမဲ့ လုပ်ပါတယ်။ အခု Columbia က အောင်လက်မှတ်ကိုတောင် အသိအမှတ်မပြုတော့တဲ့ သဘောမျိုး ဖြစ်လာခဲ့ပါတယ်။ ကိုလံဘီယာတက္ကသိုလ်ဟာ ၁၇၅၄ ကတည်း က စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီးတော့ ပညာရပ်မျိုးစုံ သင်ကြားရာ ဌာနကြီးတစ်ခု ဖြစ်ပါတယ်။ ဒီလို လုပ်ရပ်တွေဟာ ရယ်စရာအလွန်ကောင်းပါတယ်။ ရေရှည်ရေတို အကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။

Allister မေး ။    Prof Sachs ကို ယူကရိန်းနဲ့ပတ်သက်ပြီး တစ်ခုမေးချင်ပါတယ်။ ထရမ့်ရော၊ ပူတင်ကပါ ယူကရိန်းစစ် ပြီးဆုံးဖို့ လိုလားကြပါတယ်။ ခင်ဗျားက ရုရှားသိမ်းထားတဲ့ ယူကရိန်းနယ်မြေတွေကို ယူကရိန်းက စွန့်လွှတ်လိုက်ဖို့ အငြင်းပွားစရာအကြံကို ဘာကြောင့်ပေးရတယ်ဆိုတာ သိပါရစေ။
Sachsဖြေ
။    ဦးစွာ ပြောချင်တာကတော့ ယူကရိန်းကလူတော့ အများကြီး ဆုံးရှုံးနေပါပြီ။ ဒီစစ်ကလည်း တကယ်တော့ ရှောင်လွှဲလို့ရပါတယ်။ ဒီဖြစ်စဉ်ကို သမိုင်းရှုထောင့်ကကြည့်ရင် ၂၀၁၄ ခုနှစ်မှာ အမေရိကန်နဲ့ ပြည်တွင်းက ယူကရိန်း လက်ယာစွန်းရောက်တွေက တရားဝင်တင်မြှောက်ထားတဲ့ ယူကရိန်းအစိုးရကို US နဲ့ ပူးပေါင်းကြံစည်ပြီး Regime Change လုပ်ကာ ဖြုတ်ချခဲ့ပါတယ်။ US ရဲ့ နိုင်ငံခြားရေးမူဝါဒဟာမှာ အစိုးရအပြောင်းအလဲဖြစ်ဖို့ ဖျက်ဆီးတဲ့ လုပ်ငန်းစဉ်ပါဝင်ကြောင်း ကမ္ဘာတစ်ဝန်းမှာ ယူကရိန်းအပါအဝင် Regime Change အမြောက် အမြား ပြုလုပ်ခဲ့ကြောင်း၊ တကယ်တမ်း ဝန်ကြီးချုပ် Yanukovich ဟာ ယူကရိန်းကို ကြားနေအဖြစ် အနောက်ဥရောပနဲ့ ရုရှားကြား နေလို သော်လည်း NATO ရဲ့ ပယောဂနဲ့ အခုလိုဖြစ်ရတာပါ။ ကျွန်တော်က ယူကရိန်းကို အင်အားကြီး နှစ်နိုင်ငံကြားမှာ ဂရုစိုက်နေဖို့ ပြောပေမယ့် သူတို့က အမေရိကန်က သူတို့ကိုစောင့် ရှောက်မယ်လို့ ထင်ခဲ့တာ။ ဒါကြောင့် သူတို့ကို Henry Kissenger ရဲ့ ဆိုစကားလေးကို ပြောပြခဲ့ပါသေးတယ်။ "အမေရိ ကန်ရဲ့ ရန်သူဖြစ်ရတာ အန္တရာယ်ရှိတယ်။ မိတ်ဆွေဖြစ်ရတာက သေကိန်းဆိုက်မှာ"လို့ အမေရိကန်က မင်းနောက်မှာ ငါရှိတယ်လို့ပြောတာကို ယုံမိတဲ့ နိုင်ငံတိုင်း ဒုက္ခရောက်ရတာ ချည်းပါပဲ။ ကျွန်တော်က ယူကရိန်းကို နေတိုးချဲ့ထွင်တဲ့အထဲမှာ မပါဖို့ သတိပေးခဲ့ပါသေးတယ်။
    မင်းရဲ့ အရှေ့ဘက်က အိမ်နီးချင်းနဲ့ သင့်မြတ်အောင်နေလို့ ကျွန်တော် သတိပေးပါတယ်။ ဒါပေမဲ့ နေတိုးချဲ့ဖို့ ခရာတုတ်လိုက်တော့ ပါသွားပါတယ်။ ကျွန်တော့်ကို သူတို့က "အမြဲတမ်း သဘော မတူဘူးချည်း ပြောတဲ့လူ"လို့ သတ်မှတ်ထားပြီးတော့ NATO နောက်ကို ပါသွားခဲ့တာပါလို့ Prof  Jeffrey Sachs က NDTV ရုပ်သံရဲ့ မေးမြန်းခန်းမှာ ဖြေကြားသွားတာကို တင်ပြလိုက်ပါတယ်။

ရွှေလင်းယုန်

(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၂ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 14

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45467

© 2022 - 2025 News. All Rights Reserved.