၂၀၂၅ ၊ ဩဂုတ် ၃
ပြောလည်း ပြောချင်၊ ပြောလည်း မပြောရဲ
မဟုတ်သည့်နေရာတွင် သစ္စာရှိနေသူများဟု ဆိုရမလားပင် မသိပေ။ အခြားသောသူများ၊ အခြားသော အဖွဲ့အစည်းများ၏ မှားကွက်များ မဟုတ်မမှန် ပြုလုပ်မိသည့် ဖြစ်ရပ်များဆိုလျှင် တစ်စိတ်ကို တစ်အိတ်လုပ် ပုံကြီးချဲ့၍ ပြောတတ်ဆိုတတ် အပြစ်ဖို့တတ်သူများက သူတို့အဖွဲ့အစည်း မဟုတ်မမှန် ပြုလုပ်လျှင် ဖုံးဖုံးဖိဖိ ပြုလုပ်နေကြလေသည်။ ဘာတဲ့...ကြွေးကြော်သံက ဓမ္မဘက်တော်သားဟု ဆိုလိုက်၊ တရားတဲ့သူ နိုင်ကြေးဟု လူကြားကောင်းအောင် ဟစ်ကြ၏။ ကြွေးကြော်သံ အကြီးကြီးပြောပြီး မဟုတ်မမှန် လုပ်လာသည့်အခါ လူသိခံရမည်ကို ရှက်၍ထင်ပါသည်။ သို့သော်လည်း အပုပ်နံ့က မဖုံးနိုင် ဖြစ်လာသောအခါ အချင်းချင်းလက်တို့ပြီး တီးတိုးဆိုလာသည့်အသံဖြင့် ကျိတ်ပုန်းခုတ်၍ ပြောသည့် အဖြစ် ဆိုက်ရောက်လာလေတော့၏။ ယခုလည်း ကြည့်တော်လှန်ရေးသမားဆိုသူများ၏ လုပ်ရပ်က အရပ်ရပ်နေပြည်တော် ကြား၍မှ မသင့်တော် ဖြစ်လာနေလေသည်။
"အရာတော်မြို့၏ ရွာတစ်ရွာတွင် တော်လှန်ရေးသမား ရွာခံအထိုင် အဖွဲ့အစည်းက မူးယစ်ဆေးဝါး WY ၊ ကြက်ဝိုင်း၊ ဖဲဝိုင်းကို သိန်းရာထောင်ချီ ရောင်းဝယ် ဖောက်ကား ဖြန့်ချိလောင်းကစား ပြုလုပ်နေပါတယ်"ဟု တော်လှန်ရေးသမားတို့အချင်းချင်း သတင်းဖလှယ်သည့် နေရာတွင် လက်တို့ထား လေသည်။ သည်အကြောင်းအရာ အပြင်ကို ပေါက်ကြားလျှင် ရွာခံလူထု နာပြီသာမှတ်ဟုလည်း ကြိမ်းဝါး ထားသဖြင့် အသေးစိတ်အချက်အ လက်ကိုလည်း ရွာခံများက မပြောရဲဘဲ ဖြစ်နေလေသည်။ အရာတော် ဆိုသည်မှာ မြို့မုံရွာနှင့် ဘာများဝေးလို့လဲ။ ဖြစ်လိုက်လျှင် ကြက်ကာလသားချက် သောက်ဆမ်းကြီး များပါပဲဟု ဆိုရမလို ဖြစ်နေလေသည်။
တော်လှန်ရေးသမားများကို ကိုးကွယ်သည့် ပြည်သူများက ဖွတ်ထွက်မှ တောင်ပို့မှန်း သိရလေတော့၏။ ရှိသေး၏ "မုံရွာ စစ်ဘေးရှောင်များအတွက်ဆိုပြီး ဆန်အိတ်ရာကျော် ဖြောင်သွားတဲ့လူက အခု စစ်ဘေး ရှောင်တွေအတွက်ဆိုတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ ရိက္ခာဝေ တာဝန်ခံ ဖြစ်နေလို့"ဟုဆိုကာ တော်လှန်ရေးသမားများနှင့် ၎င်းတို့ကို အားကိုးနေသူများ ကြိတ်မနိုင်ခဲမရ ဖြစ်နေလေသည်။ သူတို့အချင်း ချင်း ပေါက်ကွဲနေသည်ကိုကြည့်ပြီး 'သူခိုးကို ဘဏ္ဍာစိုးခန့်'ဆိုသည့်စကားကို သွားသတိရမိ၏။ လာသေးသည် "နေရာခန့်တဲ့ကောင်တွေကလည်း သူခိုးဓားရိုးကမ်းတာပဲ။ နာမည်နဲ့ အဖွဲ့အစည်း နာမည် ထုတ် ပြောရမလား၊ ပေါင်းစားနေတာလား"ဟု ပုဆိုးခြုံထဲမှ လက်သီးပြလေသည်။ မြို့မုံရွာဝန်းကျင်က တော် လှန်ရေးခေါင်းစဉ်အောက်တွင် သစ်ခိုးထုတ်သူများ၊ မူးယစ်ဆေးဝါး ကုန်ကူးသူများ၊ လောင်းကစားဝိုင်း အကြီးအကျယ် လုပ်နေမှုများ၊ တော်လှန် ရေးအဖွဲ့အချင်းချင်း လျင်သူစားစတမ်းနှင့် ဦးသူက ဘတ်နေကြရာ ထိုအရာများကို သိသည့်သူတိုင်းက ပြောလည်းပြောချင်၊ ပြောလည်း မပြောရဲ ဖြစ်နေလေရာ တည်မိသည့်ဘုရား လင်းတနားနား ဖွတ်ထွက်မှန်း သိသိကြီးနှင့်ကို ကိုးကွယ်နေကြရလေသည်။
လူငယ်များ ဆန္ဒပြကြသတဲ့
'ရန်ကုန်လူငယ်များ ဆန္ဒပြ'ဆိုသည့် ခေါင်းစဉ်ကိုဖတ်မိချိန် ဘာတွေများ ဖြစ်ပါလိမ့်ဟု စိတ်ဝင်စားသွားမိသည်။ "ထွီ...ဒါလား သတင်းဟ"ဟူ ၍ပင် အသံထွက်မိအောင် ဖြစ်သွားရသည်။ ထိုခေါင်းစဉ် အပြည့်အစုံက 'ငလျင်ဘေး ကူညီငွေများဖြင့် ပြုလုပ်မည့် စစ်ကောင်စီ၏ အတု အယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ရန် ရန်ကုန်လူငယ်များဆန္ဒပြ'ဟူ၍ ဖြစ်သည်။ တင်ဆက်သည့် သတင်းဌာနက NUG ၏ မီဒီယာ People's Spring က ဖြစ်သည်။ သတင်းဓာတ်ပုံနှင့် သတင်းစာသား ဆက်၍ဖတ်ကြည့်မှ အထက်တွင် ဆိုခဲ့သည့်အတိုင်း 'ထွီ'ဆိုသည့်အသံနှင့် မလုံ လောက်တော့ပေ။ "ရန်ကုန်မြို့ တစ်နေရာတွင် တော်လှန်ညီ နောင်လေးဖွဲ့က ဦးဆောင်ပြီး ဆန္ဒပြ"ဟုဆိုပြီး လူသူမနီးသည့် မီးရထားသံလမ်းပေါ်တွင် ခေါင်းစွပ်၊ ဦးထုပ်၊ အင်္ကျီလက်ရှည်၊ မျက်နှာပင် မဖော်သည့် လူငယ်တစ်ဦး၏ ဓာတ်ပုံများသာ ပြထားလေသည်။ တည်သည့်ခေါင်းစဉ်က အဖွဲ့လေးဖွဲ့က လူငယ်များ ဆန္ဒပြဟုဆိုပြီး လူငယ်တစ်ယောက်တည်း ရထားသံလမ်းပေါ်တွင် ဆိုင်းဘုတ်ကိုင်ကာ Position မျိုးစုံဖြင့် ဓာတ်ပုံများ ပြထားလေသည်။ ]]ဒါလား လူငယ်တွေ"ဟု တစ်ယောက်တည်း ပုံကိုကြည့်ပြီး ရေရွတ်မိတော့၏။ ဒါတင်လားဟုဆိုလျှင် ဘယ်က မလဲဟူ၍ ဆိုရမည်ဖြစ်သည်။ ရန်ကုန်ကလူငယ်တွေ ဆန္ဒပြသည်ဟု ဆိုသဖြင့် မန္တလေးကလည်း အားကျမခံ လူငယ်တွေ ဆန္ဒပြသည်ဟု ခေါင်းစဉ်ဖြင့် သတင်းတစ် ပုဒ်တက်လာ၏။ 'တရားတဲ့သူသာ နိုင်ကြေး'၊ 'ခေါင်းငုံ့မခံနဲ့ တုံ့ပြန်ကြ'ဆိုသည့် စာသားများနှင့် လူထုတိုက်ပွဲ လှုပ်ရှားမှုဟု ခေါင်းစဉ်ကြီး တပ်ထားပြန်၏။ 'လှည့်စား'လိုက်ပုံက ပြည်သူကို ပြောင်းဖူးမှတ်နေသလားမသိ။ ထိုဆန္ဒပြသည့် Slogan ကိုဖတ်မိပြီး တရားသည့်သူများက သပိတ်ကျင်း၊ နောင်ချို၊ ဗန်းမော်တွင် နိုင်နေကြသည်ကို ထိုငတိများ မသိ၍ရောသလားဟု လက်တို့လိုက်ချင်၏။ ထိုအချိန်ကြမှ ထိုသတင်း၏ အောက်က မှတ်ချက်များ တွင် "မင်းတို့က စစ်ရှုံးလာတော့ လူထုက ဆန္ဒပြသယောင် လုပ်နေကြပြီ"ဟူ၍ မှတ်ချက်က ကိုယ်ပြောချင် သည်ထက်ပို၍ ပြည့်စုံနေသည်ဖြစ်သောကြောင့် အသာလေး ထွက်လာခဲ့မိတော့သည်။ တော်လှန်ရေး ခေါင်းစဉ်တပ် ဒီမိုလူလိမ်တွေက လူတစ်ယောက်တည်း ဘာမှမရှိ သည့်နေရာ ဆိုင်းဘုတ်ကိုင်သည်ကို လူငယ်များ ဆန္ဒပြသလို ဖြစ်ရလေခြင်းဟု သနားပင်သွားမိပါ၏။
ဒုတိယအိမ်ကို ဂရုစိုက်သည့် ဘေးတစောင်းသွားများ
"စစ်ဖြစ်ဖူးမှ သိမယ်တို့၊ ချချတို့ လုံးဝမရေးကြနဲ့၊ ဒီပွဲမှာ ထိုင်းရောက်မြန်မာတွေ နေတတ်အောင် နေကြပါ"ဟူ၍ ထိုင်းရောက်မြန်မာတွေအကြောင်း ခေါင်းစဉ်မျိုးစုံတပ် အလှူခံလုပ်စားနေသည့် ရဲမင်းဆို သူက လူမှုကွန်ရက်တွင် ရေးသားထားလေသည်။ ထိုစာကိုဖတ်အပြီး မဆဲတတ်သည့် မောင်ရွှေထီးပင် ဆဲချင်စိတ်ပေါ် လာလေ၏။ သို့သော်လည်း ကိုယ့်ထက် ခြေသွက်လက်သွက် ရှိသူများက "မေညိုး -ီးစကားပြောတယ်။ ငါတို့ နိုင်ငံတွင်းမှာ စစ်ဖြစ်အောင် မြှောက်ပေးပြီး သူ့ပထွေး နိုင်ငံကြတော့ ဝင်မပါနဲ့တဲ့"ဟူ၍ ဆဲသူများ ရှိသကဲ့သို့ ထို့ထက်ပို၍ ခပ်ပြင်းပြင်း ဆဲသူများ ပိုများနေလေသည်။ သည်တစ်ယောက်ကလည်း လာသေးသည်။ ထိုတစ်ယောက်က ငစည်ဆိုသူဖြစ်၏။ သူပြောသည်က ထိုင်း နှင့် ကမ္ဘောဒီးယား ပြဿနာတွင် မြန်မာများ မည်သည့် အားပေးအားမြှောက် လုပ်ငန်းကိုမျှ မလုပ်စေရန် သတိပေးထားသည်။ အကြောင်းပြချက်က ထိုင်းသည် မြန်မာလုပ်သားများ အထူးသဖြင့် ငစည်တို့ကဲ့သို့ သူများအတွက် ဒုတိယအိမ် ဖြစ်သောကြောင့် ဝင်မပါရန် ပြောခြင်းဖြစ်လေသည်။ ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး "ထိုင်းကိုကျတော့ ဒုတိယအိမ်မို့ ဘာမှဝင်မပြောနဲ့တဲ့။ ပထမအိမ်ဖြစ်တဲ့ ကိုယ့်မွေးရပ်မြေကြ စစ်ဖြစ်အောင် မြှောက်ပေးနေတာ အဲဒီဒေါင်းဇားတွေပဲ"ဟု သူငယ်ချင်း ဖြစ်သူကို လက်ဖက်ရည်ဆိုင် ထိုင်စဉ် ပြောမိ၏။ သူငယ်ချင်းဖြစ်သူက "နေပါဦး ကိုရွှေထီးရဲ့"ဟူ၍ တောင်းပန်ယူ ရလေသည်။ ဘာကြောင့် တောင်းပန်သလဲဆိုရင် "ကိုရွှေထီး Mood အပြည့်နဲ့ အဲဒီလိုဆဲတာ မမြင်ဖူးဘူးလို့"ဟု ဆိုလေသည်။ မိခင်အိမ်ကျ ပျက်ချင်လျှင် ပျက်ပါစေ၊ ဒုတိယအိမ်ကျ မထိနဲ့တဲ့ဟူ၍ပြောသော သူတို့ကို မုဒိတာမပွားနိုင်သည်ကတော့ ကျွန်တော် မှား သည်မထင်။ သူတို့အနေအစား ပျက်မည်ကိုတော့ ကြောက်နေကြပြီး မြန်မာပြည်ကိုတော့ စစ်မဖြစ်လျှင် ဆဲနေသော ထိုသူတို့ကို ယခုခေတ်စကားအရ ချဲပေါက်လျှင် ခေါ်၍ပင် တီးလိုက်ချင်ပါ၏။
ရင်ထဲထိရှသော ဇာတ်လမ်းလေးတစ်ပုဒ်
'ပလောင်ငိုတဲ့ နောင်ချို'ဆိုပြီး အကြမ်းဖက်သောင်းကြမ်းသူ TNLA များကို ချေမှုန်းပြီး နောင်ချိုမြို့ကို တပ်မတော်က အပြီးတိုင် ထိန်းချုပ်လိုက်စဉ် ရေပန်းစားနေသည့် စကားပင်ဖြစ်သည်။ တပ်မတော်က နောင်ချိုကို ပြန်လည်ထိန်းချုပ်သည့် ဖြစ်စဉ်နှင့် အကြမ်းဖက်များက မြို့သိမ်း တိုက်ပွဲ ဖြစ်စဉ်များကို ချိန်ထိုးကြည့်မိနေချိန် ထိုဇာတ်လမ်းလေးကို ဖတ်မိခြင်းဖြစ်ပါသည်။ ဇာတ်လမ်းလေးက နောင်ချိုမှာ ပလောင်တွေနဲ့ပေါင်းပြီး ပြည်သူတွေရဲ့ အိမ်တွေကို ဖျက်ဆီး၊ ချိတ်ပိတ်ဖို့ အားပေးအားမြှောက် ပါဝင်ပတ် သက်သူများကို တာဝန်သိ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးပြီး လာရောက်အပ်နှံ"ဆိုသည့် ဇာတ်လမ်းလေး ဖြစ်ပါသည်။ သည်အကြောင်းအရာ သတင်းဇာတ်လမ်းလေးကိုဖတ်ပြီး မိတ်ဆွေများ ဘယ်လိုမြင်မိ ခံစားမိလဲမသိပါ။ ကျွန်တော်ကတော့ တော်လှန်ရေး ခေါင်းစဉ်တပ် မြို့သိမ်း၊ ရွာသိမ်းလုပ်ပြီး အမြင်မတူ သူကို ဒလန်ခေါင်းစဉ်တပ် လက်လွတ်စပယ် သတ်ဖြတ်ကြသူနှင့် ယခုကဲ့သို့ တာဝန်သိသိဖြင့် အမြင်မတူသူကို မသတ်ဖြတ်ဘဲ တာဝန်ရှိသူထံ အပ်နှံဆိုသည်ကို ချိန်ထိုးကြည့်ကြပါကုန်။ တော်လှန်ရေး ဆိုသူများ၊ ပြည်သူ့ကာကွယ်ရေး ဆိုသူများကို ထိုကဲ့သို့ သူများကိုတွေ့လျှင် အသက်နှင့်ကိုယ် အိုးစားကွဲပြီး အရိုးအသား တခြားစီဖြစ်မှာ မြေကြီးလက်ခတ်မလွဲပင် မဟုတ်လား။ လူခြင်းတူသော်ငြား လုပ်ရပ်ခြင်း ကွဲပြားသောကြောင့် အကြမ်းဖက်နှင့် အကြမ်းဖက် အားပေးတို့အတွက် နေစရာမရှိ ဖြစ်လာသည်မှာ ဤကဲ့သို့ ဖြစ်ရပ်များက သက်သေပင် မဟုတ်ပါလား။ အမြင်မတူသော်လည်း အကြမ်း ဖက်အားပေး ဆိုသူများက သူတို့လုပ်ရပ်အတွက် တရားရုံးတွင် ခုခံချေပခွင့် ရှိပါသေးသည်။ သို့မို့ကြောင့် တရားသောသူက နိုင်မည်ဆိုသည်မှာ ဤကဲ့သို့ ဖြစ်ရပ်များက အချိန်တစ်ခုရောက်လျှင် အားလုံး လက်ခံလာ ကြပါလိမ့်မည်။
(ရွှေထီး )
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )