Breaking

တရုတ်-မြန်မာ ဖက်စပ်ကုမ္ပဏီနှစ်ခုကို ကချင်တွင် စိုက်ပျိုးရေးလုပ်ငန်းသုံးခု ရင်းနှီး မြှုပ်နှံခွင့်ပြုထား

၂၀၂၃ စက်တင်ဘာ ၁၂
    ကချင်ပြည်နယ်အတွင်း စိုက်ပျိုး ရေးလုပ်ငန်းသုံးခုအတွက် တရုတ်-မြန်မာ ဖက်စပ်ကုမ္ပဏီနှစ်ခုကို ရင်းနှီးမြှုပ်နှံခွင့်ပြု ထားကြောင်း  ကချင်ပြည်နယ် ရင်းနှီးမြှုပ် နှံမှု ကော်မတီမှ ထုတ်ပြန်ထားသည်။
    မက္ကဒေးမီးယား၊ ပင်မှည့်၊ ရော်ဘာစိုက်ပျိုးရေး လုပ်ငန်းများအတွက် Sany-aung Myanmar Investment  ကုမ္ပဏီနှင့် Sin Xin Myanmar Myit-kyina ကုမ္ပဏီတို့ကို ယခု သြဂုတ်လဆန်းပိုင်းမှစ၍ ရင်းနှီးမြှုပ်နှံ ခွင့်ပေးခဲ့ထားပြီး အဆိုပါလုပ်ငန်းများမှနေ၍   ပြည်တွင်း၌ အလုပ်သမား ၁၅၀၀ ကျော် ဝန်းကျင်ကို အလုပ်အကိုင်အခွင့်လမ်းများ   ပေးအပ်နိုင်မည်ဖြစ်ကာ မက္ကဒေးမီးယား၊   ပင်မှည့်စိုက်ပျိုးရေးလုပ်ငန်းအတွက် အမေရိ ကန်ဒေါ်လာ  သုည ဒသမ ၈၇၈ သန်းနှင့် ရော်ဘာစိုက်ပျိုးရေးလုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ သုည ဒသမ ၁၀၀ သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၈၇၉ သန်း ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။
    မြန်မာ့စိုက်ပျိုးရေးထွက်ကုန်  မက္ကဒေးမီးယား၊ ပင်မှည့်သီးများကို တရုတ် နှင့် ထိုင်းနိုင်ငံက အဓိကဝယ်ယူလျက်ရှိပြီး တစ်ကီလိုလျှင် ငွေကျပ် ၂၈၀၀၀ ရရှိကာ မြန်မာနိုင်ငံတွင် ရော်ဘာအစေးခြစ်ဧက ရှစ် သိန်းခွဲကျော်ရှိပြီး တစ်နှစ်လျှင် တန်ချိန် သုံးသိန်းကျော်ထွက်ရှိကာ ပြည်တွင်းမှထွက်ရှိ သော ရော်ဘာတန်ချိန် စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံမှ ဝယ်ယူလျက် ရှိပြီး လက်ရှိပြည်တွင်းပေါက်ဈေးမှာ တစ်ပေါင်လျှင် ငွေကျပ် ၁၃၀၀ မှ ၁၇၀၀ ကြား ရှိကြောင်း သိရသည်။
    ကချင်ပြည်နယ်အတွင်း တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များအခြေခံသည့် ကုမ္ပ ဏီများက စိုက်ပျိုးရေးလုပ်ငန်းနှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်လျက်ရှိပြီး တစ်ရှူးငှက်ပျော စိုက်ခင်းလုပ်ငန်းများကို လည်း ရင်းနှီးမြှုပ်နှံမှုအများဆုံး လုပ်ကိုင် လျက်ရှိကြောင်း သိရသည်။      

 

Total Views ~ 328

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45388

© 2022 - 2025 News. All Rights Reserved.