Breaking

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၃၂၀၀ ကျော် ရောင်းချနိုင်ခဲ့

ရန်ကုန်၊ မေ ၁၄
    ၂၀၂၄ ခုနှစ်  (၅၉) ကြိမ်မြောက် မြန်မာ့ကျောက် မျက်ရတနာပြပွဲတွင် ပုလဲအတွဲ ၃၇၉ တွဲ၊ ကျောက်မျက်အတွဲ ၈၈ တွဲ၊ အုပ်စု(A)နှင့် အုပ်စု (B) မှ ကျောက်စိမ်းအတွဲ ၁၅၃၉ တွဲနှင့် အုပ်စု(C)မှ ကျောက်စိမ်းအတွဲ ၁၇၁၂ တွဲ စုစုပေါင်းကျောက်စိမ်းအတွဲပေါင်း ၃၂၅၁ တွဲကို ရောင်းချပေးနိုင်ခဲ့ ကြောင်း သိရသည်။
    (၅၉)ကြိမ်မြောက် မြန်မာ့ကျောက် မျက်ရတနာပြပွဲကို မေ ၃ ရက်မှ ၁၂ ရက် အထိ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး မေ ၃ ရက်က ပြုလုပ်ခဲ့သော  မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ချီးမြှင့်ခဲ့သည်။
    (၅၉)ကြိမ်မြောက် မြန်မာ့ကျောက် မျက်ရတနာပြပွဲကို နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိရန်၊ နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှုများ ရရှိစေရန်၊ စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တို့ရှိ ကျောက်စိမ်း အချောထည်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော MSME လုပ်ငန်းများအတွက် ကုန်ကြမ်းရရှိစေရန် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ၏ စီစဉ်မှုဖြင့် မေ ၃ ရက် မှ ၁၂ ရက်အထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

Total Views ~ 304

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45390

© 2022 - 2025 News. All Rights Reserved.