Breaking

(၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထူးပြပွဲအတွက် ကြိုတင်ပြင်ဆင်မှု ဆောင်ရွက်မည်ဖြစ်၍ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) အား ခေတ္တ ပိတ်ထားမည်

ရန်ကုန်၊ ဇွန် ၁၈
    (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အထူးပြပွဲခင်းကျင်းပြသရန် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်၍ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)အား ခေတ္တပိတ်ထားမည် ဖြစ်ကြောင်း သိရသည်။
    ဗိုလ်ချုပ်အောင်ဆန်း ပြတိုက် (ရန်ကုန်)ကို ဇွန် ၁၇ ရက်မှ စတင်ကာ ဇူလိုင် ၁၈ ရက်အထိ ခေတ္တပိတ်ထားမည်ဖြစ်ပြီး ဇူလိုင် ၁၉ ရက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)ကို ပြန်လည် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
    ထို့အပြင် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)သို့ အများပြည်သူ အခမဲ့ဝင်ရောက် လေ့လာခွင့်ကို ယခင်နှစ်များအတိုင်း ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ နဒီ

Total Views ~ 4

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45417

© 2022 - 2025 News. All Rights Reserved.