ရန်ကုန်၊ သြဂုတ် ၂၁
ကချင်ပြည် နယ်ပြည်သူ့ပါတီ (KSPP) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ ကြေညာချက်အမှတ် (၄/၂၀၂၄) ဖြင့် သြဂုတ် ၁၉ရက်တွင် ထုတ်ပြန်ခဲ့သည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားရှိသော ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ကို ၂၀၂၄ ခုနှစ် သြဂုတ်လ ၁၉ ရက်မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း UEC မှ ကြေညာခဲ့ခြင်းဖြစ်ပြီး KSPP ပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၅၁) ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သြဂုတ် ၁၉ ရက်အထိ စာရင်းဇယားများအရ မှတ်ပုံတင်ခွင့်ပြုခဲ့သည့် နိုင်ငံရေးပါတီများစာရင်းပေါင်း ၅၁ ပါတီအထိရှိလာပြီ ဖြစ်သည်။
ညီသစ်