၂၀၂၃ ၊ ဒီဇင်ဘာ ၂၇
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းစီစဉ်သည့် FIFA-MFF U17 League 2023 ပြိုင်ပွဲကို ဒီဇင်ဘာလ ၂၉ ရက်တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
လူငယ်မျိုးဆက်သစ် ကစားသမားများ ထွက်ပေါ်လာရေးနှင့် မြန်မာ့လက်ရွေးစင် လူငယ်အသင်းများအား ထောက်ပံ့မှုဖြစ်စေရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းစီစဉ်သည့် FIFA-MFF U17 League 2023 ကို ကျင်းပရန် စီစဉ်ခဲ့ကြောင်း သိရသည်။
FIFA-MFF U17 League 2023 ပြိုင်ပွဲ ခြေစစ်ပွဲစဉ်များကို ၂၀၂၃ ဒီဇင်ဘာ ၂၀ မှ ၂၄ ရက်အထိ ကျင်းပခဲ့ရာ Maubin FC? Insein City FC? Burmese Youth FC? Naypyitaw United FC? Su Latt Myint Mo FC? City Shwepyithar F
အသင်းများ ခြေစစ်ပွဲအောင်မြင်ခဲ့သည်။
ခြေစစ်ပွဲအောင် အသင်းခြောက်သင်းသည် တိုက်ရိုက်ဝင်ခွင့်ရထားသည့် Rakhine United FC? Shwepyithar FC? Royal Yangon Thet Lon FC? Pharsimyay FC? Artharwady FC? Shan FC အသင်းများနှင့်အတူ FIFA-MFF U17 League 2023 လိဂ်ပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်။
FIFA-MFF U17 League 2023 ပြိုင်ပွဲကို ၂၀၂၃ ဒီဇင်ဘာ ၂၉ ရက်မှ ၂၀၂၄ ဇွန် ၃၀ ရက်အထိ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။