ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှိ အာနန္ဒာဘုရားကို အိန္ဒိယပညာရှင်တွေနဲ့ ပူးပေါင်းပြုပြင်ထိန်းသိမ်းနေရာ ၄၀ရာခိုင်နှုန်းပြီးစီး

၂၀၂၃ ဇွန်၂၆

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အာနန္ဒာဘုရားကို အိန္ဒိယ ပညာရှင်များနဲ့ပူးပေါင်းကာ ပြုပြင်ထိန်းသိမ်းမှုတွေ ယခုလကစတင်ကာ  ဆောင်ရွက်နေကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မှသိရပါတယ်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အာနန္ဒာဘုရားလိုဏ်ပတ်လမ်းက ယွန်းရွှေရေး စာလုံးကားချပ်များ သန့်စင်ချေးချွတ်ခြင်းလုပ်ငန်းများကို မြန်မာ-အိန္ဒိယ နှစ်နိုင်ငံပညာရှင်များ ပူးပေါင်းကာ ဇွန်လ ပထမပတ်ကစတင် ဆောင်ရွက်နေရာမှာ ၄၀ရာခိုင်နှုန်းခန့်သာပြီးစီးမှုရှိနေသေးတယ်လို့ဆိုပါတယ်။

လက်ရှိမှာ မြန်မာ-အိန္ဒိယနှစ်နိုင်ငံပညာရှင်များပူးပေါင်းကာ ရှေးဟောင်းအဆောက်အအုံအမှတ်(၁၆၀၀)နတ် လျောင်ကျောင်း၊ ရှေးဟောင်းအဆောက်အအုံအမှတ် (၂၃၅)သိကြားပုန်းဘုရား၊ ရှေးဟောင်းအဆောက်အအုံအ မှတ်(၂၂၅)မြတောင်အုတ်ကျောင်း တို့ကိုရှေးမူမပျက် ပြန်လည်ထိန်းသိမ်းတာတွေလုပ်ဆောင်နေတယ်လို့သိရပါ တယ်။

ပုဂံယဉ်ကျေးမှုဒေသမှာကမ္ဘာ့အမွေအနှစ်စာရင်းဝင် စေတီပုထိုးပေါင်း ၃၈၃၇ ဆူရှိတဲ့အနက်မှ အာနန္ဒာဘုရားလည်း အပါအဝင်ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်တွေ အတွင်းကလည်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံဒေသမှာ မိုးရွာသွန်းမှုများပြားတဲ့ရာသီဥတုအခြေအနေတွေကြောင့် အာနန္ဒာဘုရားအပါအဝင် ဘုရာစေတီအရေအတွက် ၁၅ဆူ ခန့်ရေဝပ်ရေလျှံတွေဖြစ်ကာ ရှေးဟောင်းလက်ရာတွေပျက်စီးမှုရှိခဲ့ရသေးကြောင်း  ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန( ပုဂံဌာနခွဲ) ကနေသိရှိရပါတယ်။

Total Views ~ 323

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43527

© 2022 - 2025 News. All Rights Reserved.