Breaking

ကိုယ်ရေးအချက်အလက် မသိရှိသည့် ကိုရီးယားရောက် မြန်မာနိုင်ငံသားကို သံရုံးအကူအညီဖြင့် အမိမြေပြန် လည်ပို့ဆောင်မည်

ရန်ကုန်၊ စက်တင်ဘာ ၄
    ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ကိုနန်းလင်းဆိုသူမှာ မြန်မာနိုင်ငံရှိ မိသားစုဝင်များနှင့် ကျန်ကိုယ်ရေးအချက်အလက်များ ပြောနိုင်ခြင်းမရှိ၍ သိရှိသူများ ဆက်သွယ်ပေးရန် ကိုရီးယား နိုင်ငံဆိုင်ရာ မြန်မာသံရုံးက သြဂုတ် ၃၀ ရက်တွင် အကူအညီတောင်းခံခဲ့ပြီး မိသားစု နှင့် အဆက်အသွယ်ရရှိကာ အဆိုပါ မြန်မာနိုင်ငံသားကို မြန်မာနိုင်ငံသို့ ပြန်ပို့ပေးရန် စီစဉ်နေပြီဖြစ်ကြောင်း ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သိရသည်။
    ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်က ကိုနန်းလင်းအား သံအမတ်ကြီး၏ ဧည့်ခန်းမ၌  ခေါ်ယူတွေ့ဆုံခဲ့ပြီး ၎င်း၏ အလုပ်အကိုင်၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ အခြေအနေများကို မေးမြန်းခဲ့ကာ လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များနှင့် မြန်မာနိုင်ငံသားတစ်ဦးအနေဖြင့် ကိုရီးယားသမ္မတနိုင်ငံ၌ နေထိုင်ရာတွင် နေထိုင်ပြုမူ လုပ်ဆောင်သင့်သည်များနှင့် စပ်လျဉ်းပြီး ဆုံးမသြဝါဒပေးခဲ့သည်။ ဆက်လက်ပြီး သံအမတ်ကြီးသည် ကာယကံရှင်၏ဆန္ဒအရ ၎င်း၏မွေးရပ်ဇာတိသို့ ပြန်လည်ထွက်ခွာနိုင်ရေးအတွက် မြန်မာသံရုံးမှ စီစဉ် ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကောင်စစ်တာဝန်ခံအရာရှိနှင့် အလုပ်သမားသံအရာရှိတို့အား လမ်းညွှန်မှုများပေးခဲ့ပြီး ကာယကံရှင်အတွက် လိုအပ်မည့် အဝတ်အထည်နှင့် ထောက်ပံ့ငွေတို့ကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ 
    မြန်မာသံရုံး ဆိုးလ်မြို့အနေဖြင့် မြန်မာနိုင်ငံသား ကိုနန်းလင်းဆိုသူအား လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနိုင်ရေးနှင့် မြန်မာနိုင်ငံရှိ ၎င်း၏မိသားစုဝင်များထံသို့ ဆက်သွယ်အကြောင်း ကြားပေးနိုင်ရေးအတွက် ကနဦးအနေဖြင့် ၎င်းင်းနှင့်သက် ဆိုင်သည့် အတည်ပြုရန် လိုအပ်နေသော အချက်အလက်များရရှိရေး ဆောင်ရွက်ခဲ့ရာတွင် ကိုရီးယားသမ္မတနိုင်ငံသို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများ၏ ပူးပေါင်းပါဝင်ကူညီမှုကိုလည်း ရရှိရန်အတွက် မြန်မာသံရုံး၏ လူမှုကွန်ရက်စာ မျက်နှာမှတစ်ဆင့် အသိပေးကြေညာချက်ကို ဖတ်ရှုခဲ့ကြသော မြန်မာနိုင်ငံသားများအနက်မှ ကိုနန်း လင်းကို သိရှိကြသူများ၏ မှတ်ချက်ပြု ရေးသားချက်များမှတစ်ဆင့် ၎င်းင်း၏မိသားစုနှင့် အဆက်အသွယ်ရရှိရေး ဆောင်ရွက်နိုင်ခဲ့သည့်အပြင် မြန်မာသံရုံးအနေဖြင့် ကိုနန်းလင်းအား ဘူဆန်မြို့မှ တစ်ဆင့် မြန်မာသံရုံး ဆိုးလ်မြို့သို့ စက်တင်ဘာ ၂ ရက် နံ နက်ပိုင်းတွင်ခေါ်ယူရန် စီစဉ်ဆောင်ရွက်နိုင်ခဲ့သည်။
    ကိုနန်းလင်း မြန်မာနိုင်ငံသို့ ပြန်လည်မထွက်ခွာမီအချိန်အထိ ဆိုးလ်မြို့၌ ခေတ္တနေထိုင်နိုင်ရေးအတွက် နေရာထိုင်ခင်းကိုလည်း မြန်မာသံရုံးအနေဖြင့် စီစဉ်ဆောင် ရွက်ပေးထားပြီးဖြစ်ကြောင်းနှင့် ကိုနန်းလင်းအတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် လူမှုကွန်ရက်မှ တစ်ဆင့်လည်းကောင်း၊ တယ်လီဖုန်းဖြင့်လည်းကောင်း ဆက်သွယ်သတင်းပေးကူညီဆောင်ရွက်ပေးခဲ့ကြ သူများအားလုံးကို မြန်မာသံရုံး အနေဖြင့် အထူးပင် ကျေးဇူးတင်ရှိကြောင်း လည်း ကြေညာထားသည်။ ထူးမြတ်

Total Views ~ 233

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45388

© 2022 - 2025 News. All Rights Reserved.