၂၀၂၃ ၊ ဒီဇင်ဘာ ၁၃
ကိုရီးယားရောက် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ်သက် တမ်းတိုးပါက ဝင်ငွေခွန်များ တစ်ပါတည်း ထမ်းဆောင်ရမည်ဖြစ်ကြောင်း ကိုရီးယား နိုင်ငံအခြေစိုက် မြန်မာသံရုံးမှ အသိပေး ကြေညာထားသည်။
ကိုရီးယားသမ္မတနိုင်ငံ၌ ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင်လျက်ရှိကြသော မြန်မာနိုင်ငံသားများ အနက် Passport Type (PJ) နှင့် (PB) ကိုင်ဆောင်ထားသူများအနေဖြင့် ဒီဇင်ဘာ ၁၁ ရက် (တနင်္လာ နေ့)မှစ၍ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် မြန်မာသံရုံးသို့ လာရောက်ရာတွင် မိမိထမ်းဆောင် လိုသည့် ကာလများအတွက် ဝင်ငွေခွန်များ ကိုတစ်ပါတည်း ထမ်းဆောင်နိုင်မည်ဖြစ် ကြောင်း အသိပေး ထားသည်။ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမြှင့်ပြီးသူများ အနေဖြင့်လည်း မိမိထမ်းဆောင်လိုသည့် ကာလများအတွက် စတင်ထမ်းဆောင်နိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာထားသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ၂၀၂၃ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ကို ပြင်ဆင်သည့် ဥပဒေအရပြည်ပ၌ အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံ ခြားငွေဖြင့်ရရှိသည့် လစာဝင်ငွေအပေါ် နည်းရာအခွန်ပမာဏဖြင့် တွက်ချက်ထားသည့် အခွန်ပမာ ဏကို အောက်တိုဘာလ ၁ ရက်မှစတင်၍ ပေးဆောင်ရမည်ဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံတွင် တရားဝင်မြန်မာလုပ်သား ၅၀၀၀၀ကျော် သွားရောက် အလုပ်လုပ်ကိုင် နေကြကြောင်း သိရသည်။