Breaking

ကျားဖြူပါတီက ရန်ကုန်၊ ပဲခူးနှင့် ရှမ်းပြည် ကွန်ဟိန်းမြို့နယ်တို့တွင် ပါတီရုံးခန်း ငါးခု ဖွင့်လှစ်ထား

၂၀၂၄ ၊ ဇန်နဝါရီ ၃၁
    ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ-SNDP)က ရန်ကုန်၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် နမ့်စန်ခရိုင်ရှိ ကွန်ဟိန်းမြို့နယ်တို့တွင် ပါတီရုံးခန်း ငါးခုဖွင့်လှစ်ထားကြောင်း သိရသည်။
    ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် ဇန်နဝါရီ ၂၁ ရက်က ပါတီရုံးခန်း အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပြီး ဇန်နဝါရီ ၁၆ ရက်ကလည်း သန်လျင်မြို့နယ်တွင် ပါတီရုံးခန်း အောင်မြင်စွာဖွင့်လှစ်ခဲ့ကြောင်း ကျားဖြူပါတီ-SNDP သတင်းနှင့် ပြန်ကြားရေးမှသိရသည်။
    ထို့အပြင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က  ကွန်ဟိန်းမြို့နယ်တွင် လည်းကောင်း၊ ဒီဇင်ဘာ ၈ ရက်က ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်တွင် လည်းကောင်း၊ နိုဝင်ဘာ ၁၁ ရက်က တောင်ဒဂုံမြို့နယ်တွင်လည်းကောင်း ပါတီဆိုင်းဘုတ်တင်ခြင်း၊ ပါတီအလံလွှင့်ထူခြင်းနှင့် ပါတီရုံးခန်းဖွင့်လှစ်ခြင်း အခမ်းအနားများကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း SNDP သတင်းနှင့် ပြန်ကြားရေးမှ သတင်းထုတ်ပြန်ထား သည်။
    ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)သည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)မှ ၂၀၂၃ ခုနှစ် ဇွန်လ ၂၃ ရက်တွင် မှတ်ပုံတင် အမှတ်(၂၈)ဖြင့် မှတ်ပုံ တင်ခွင့်ပြုပေးခဲ့သည့် ပြည်ထောင်စုတစ်ဝန်းလုံးအား စည်းရုံးမည့် ပါတီဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး အလုံမြို့နယ်တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားကြောင်း သိရသည်။
    အသစ်ပြဋ္ဌာန်းလိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ပြည်ထောင်စုတစ်ဝန်းလုံးအား စည်းရုံးမည့် နိုင်ငံရေးပါတီများ အနေဖြင့် ပါတီဝင်အင်အားအနည်းဆုံး တစ်သိန်းရှိရမည့်အပြင် ပါတီရန်ပုံငွေကျပ်သိန်းတစ်ထောင်ရှိရမည်၊ တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃၃၀ အနက် ၁၆၅ မြို့နယ်တွင်လည်း ပါတီရုံးခန်းများ ဖွင့်လှစ်ရမည်ဟု သတ်မှတ်ထားသည်။

Total Views ~ 229

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45389

© 2022 - 2025 News. All Rights Reserved.