၂၀၂၃ နိုဝင်ဘာ ၁၃
ကျောက်မဲ-သီပေါကြားရှိ ကျင်သီတံတား ဖောက်ခွဲဖျက်ဆီး ခံရခြင်းကြောင့် ဖြတ်သန်းသွားလာမှုများ ရပ်ဆိုင်းသွား ကြောင်း သီပေါမြို့ဒေသခံ ပရဟိတအဖွဲ့များ ထံမှ သိရသည်။
သီပေါမြို့နှင့် ရှစ်မိုင်ခန့်ကွာဝေး သည့်အတွက် လတ်တလော အခြေအနေ အရ ကုန်စည်စီးဆင်းမှုကို ခန့်မှန်း၍ မရ သေးဘဲ အသွားအလာ မလုပ်ရဲကြကြောင်း သီပေါလူငယ် ပရဟိတအသင်းမှ တာဝန် ရှိသူက ပြောသည်။
"ကုန်စည်စီးဆင်းမှုကတော့ ပြောလို့ မရသေးဘူးဗျ။ အတိအကျတော့ ပြောလို့ မရသေးဘူး။ လတ်တလောကတော့ ကိုယ့်အိမ်တွေမှာပဲ ကိုယ်နေနေကြတာပေါ့။ အသွားအလာတော့ မရှိဘူး။ စစ်ရှောင်စခန်း တော့မရှိသေးပါဘူး။ ဖြစ်တဲ့နေရာက မြို့နဲ့ နည်းနည်းဝေးတယ်။ အကွာအဝေးက ရှစ် မိုင်လောက်ရှိတယ်ဗျ။ သီပေါနဲ့ ကျောက်မဲ ကြားပေါ့။ လောလောဆယ်တော့ ဖြတ်သန်း သွားလာမှုတွေ ရပ်သွားတာပေါ့"ဟု ၎င်းက ပြောသည်။
သီပေါမြို့သို့ ရှမ်းပြည်(တောင်ပိုင်း) မှ ကုန်စည်စီးဆင်းမှု ရှိနေသော်လည်း လမ်း ခရီးကွာဝေးမှုကြောင့် ကုန်ဈေးနှုန်းအနည်းငယ်မြင့်တက်မှုရှိကြောင်း သီပေါမြို့၊ နယ်စည်းမခြား ပရဟိတအသင်းမှ တာဝန်ရှိသူ က ပြောသည်။
"အခြေအနေကတော့ အခုလော လောဆယ် ကုန်ဈေးနှုန်း နည်းနည်းပါးပါးတော့ တက်တယ်။ သူ့အတိုင်းအတာနဲ့သူ လမ်းကလည်း တစ်ကွေ့တစ်ပတ် လာရတာကိုး။ ကားစရိတ်၊ ဘာစရိတ်နဲ့ဆိုတော့ ဈေး ကနည်းနည်းတော့ တက်တာပေါ့။ ဆန်က တော့ ၈၄၀၀၀ ကနေ ၈၈၀၀၀ ဖြစ်သွားတယ်။ ၄၀၀၀ လောက်တော့ တက်တယ်။ လောလောဆယ်မှာ ကျွန်တော်တို့ အနေ အထားတစ်ခုကို ကြည့်နေရတော့ ဘာမှ တော့ လုပ်လို့မရသေးဘူး။ ကုန်စည်စီးဆင်း မှုအနေနဲ့က ရှမ်းပြည်(တောင်ပိုင်း)ကနေ ပတ်ပြီးလာကြတာရှိတယ်။ လမ်းကတော့ နှစ်ဆဖြစ်သွားတာပေါ့။ သီပေါမြို့ ပတ်ချာလည်မှာတော့ ဒီနေ့မနက် အသံတွေကြား နေရတယ်" ဟု ၎င်းကပြောသည်။
နိုဝင်ဘာ ၁၂ ရက်က ရှမ်းပြည်နယ်(အရှေ့မြောက်ဘက်)ဒေသ ကျောက်မဲ-သီပေါကြားတွင်ရှိ သည့် ကျင်သီတံတားအား TNLA အကြမ်းဖက် သောင်းကျန်းသူများက ဖောက်ခွဲဖျက်ဆီးခဲ့သည့်အတွက် ယင်းလုပ် ရပ်များသည်အစိုးရကို တိုက်ခိုက်သည့် လုပ်ငန်းမဟုတ်ဘဲ ပြည်သူကို တိုက်ရိုက်ထိပါး စော်ကားသည့် လုပ်ရပ်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားလိုက်သည်။
"ရှမ်းပြည်နယ် (အရှေ့မြောက် ဘက်)ဒေသ အခြေအနေကတော့ ကျောက်မဲ-သီပေါကြား မှာရှိတဲ့ ကျင်သီတံတားပေါ့။ ဒုဋ္ဌဝတီ မြစ်လယ်မြစ်ကူးတံတားကို TLA အကြမ်းဖက် သောင်းကျန်းသူများ က ဖောက်ခွဲဖျက်ဆီးခဲ့တာရှိပါတယ်။ ဒီတံတားဟာ မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမ ကြီးပေါ်က တံတားဖြစ်ပါတယ်။ ဒီအကြမ်းဖက် သောင်းကျန်းသူများအနေနဲ့ ရည်ရွယ်ချက်သည် ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်၊ ပြည်သူလူထုရဲ့ လမ်းပန်းဆက်သွယ်ရေး၊ ပြည်သူ့ဆက်သွယ်ရေးလမ်း ကြောင်းကို အဓိကထားပြီးတော့ ဖောက်ခွဲဖျက်ဆီး တိုက်ခိုက်နေတာဖြစ်ပါတယ်။ ဒီဟာတွေသည် အစိုးရကို တိုက်ခိုက်တဲ့ လုပ်ငန်းများ မဟုတ်ပါဘူး။ ပြည်သူကို တိုက်ရိုက် ထိပါးစော်ကားတဲ့ လုပ်ငန်းဖြစ်ပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
ထို့အပြင် လွိုင်ကော်ဘက်အခြေအနေနှင့်ပတ်သက်၍ ရက်ပိုင်းအတွင်း သောင်းကျန်းသူများက အပြင်းအထန်တိုက် ခိုက်လာမှုများရှိ၍ တပ်မတော်အနေဖြင့် ပြန်လည်တွန်းလှန် တိုက်ခိုက်နိုင်ခဲ့ ကြောင်း၊ နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် အဝေးမှ ပစ်ခတ်မှုမှအပ အခြေအနေ ငြိမ်သက်နေ ကြောင်း၊ ထို့အပြင် ထီးချိုင့်ဘက်တွင် အချို့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် အခြေအနေကို ပြန်လည်ထိန်းသိမ်းပြီး ဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့ သည်။
"အဓိကကတော့ ပြည်သူ့အသက် အိုးအိမ်စည်းစိမ်၊ လမ်းပန်းဆက်သွယ်ရေး၊ ပြည်သူ့ ဆက်သွယ်ရေး လမ်းကြောင်းတွေကို အဓိကနှောင့်ယှက်ဟန့်တားနေတဲ့၊ ဖျက်ဆီးနေတဲ့ အကြမ်းဖက် သောင်းကျန်းသူများနဲ့ ပတ်သက်တဲ့ သတင်းများ၊ အကြမ်းဖက် သောင်းကျန်းသူများနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေဆီကို တင်ပို့နေတဲ့ တာဝန်သိပြည်သူများလည်း ရှိပါတယ်။ အားလုံးပူးပေါင်း ဆောင်ရွက်သွားကြဖို့၊ အခြေအနေ အမြန်ဆုံးတည်ငြိမ်အောင် ထိန်းသိမ်းသွားနိုင်ဖို့ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်"ဟု နိုဝင်ဘာလ ၁၂ ရက် ရှမ်းပြည်နယ် (အရှေ့မြောက်ဘက်)ဒေသ ကျောက်မဲ-သီပေါကြားတွင်ရှိသည့် ကျင်သီတံတားအား TNLA အကြမ်းဖက်သောင်း ကျန်းသူများမှ ဖောက်ခွဲဖျက်ဆီးမှုနှင့် ပတ် သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်း ပြောကြားခဲ့သည်။