၂၀၂၃ ၊ နို၀င်ဘာ ၁၂
ယနေ့ ရှမ်းပြည်နယ်(အရှေ့မြောက်ဘက်)ဒေသ ကျောက်မဲ-သီပေါကြားတွင်ရှိသည့် ကျင်သီတံတားအား TNLA အကြမ်းဖက်သောင်းကျန်းသူများမှ ဖောက်ခွဲဖျက်ဆီးခဲ့သည့်အတွက် ယင်းလုပ်ရပ်များသည် အစိုးရကို တိုက်ခိုက်တဲ့ လုပ်ငန်းမဟုတ် ပြည်သူကို တိုက်ရိုက်ထိပါးစော်ကားသည့် လုပ်ရပ်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားလိုက်သည်။
" ယနေ့ ရှမ်းပြည်နယ်(အရှေ့မြောက်ဘက်)ဒေသ အခြေအနေကတော့ ကျောက်မဲ-သီပေါကြားမှာရှိတဲ့
ကျင်သီတံတားပေါ့။ဒုဌ၀တီ မြစ်လယ်မြစ်ကူးတံတားကို TNLA အကြမ်းဖက်သောင်းကျန်းသူများက ဖောက်ခွဲဖျက်ဆီးခဲ့တာရှိပါတယ်။ဒီတံတားဟာ မန္တလေး မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်က တံတားဖြစ်ပါတယ်။ဒီအကြမ်းဖက် သောင်းကျန်းသူများအနေနဲ့ ရည်ရွယ်ချက်သည် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းဇိမ် ၊
ပြည်သူလူထုရဲ့ လမ်းပန်းဆက်သွယ်ရေး ပြည်သူ့ ဆက်သွယ်ရေး လမ်းကြောင်းကို အဓိက ထားပြီးတော့ ဖောက်ခွဲ ဖျက်ဆီး တိုက်ခိုက်နေတာဖြစ်ပါတယ်။ ဒီဟာတွေသည် အစိုးရကို တိုက်ခိုက်တဲ့ လုပ်ငန်းများ မဟုတ်ပါဘူး။ ပြည်သူကို တိုက်ရိုက်ထိပါးစော်ကားတဲ့ လုပ်ငန်းဖြစ်ပါတယ်"
ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
ထို့အပြင် လွိုင်ကော်ဘက်အခြေအနေနှင့်ပတ်သက် ၍ရက်ပိုင်းအတွင်း သောင်းကျန်းသူများက အပြင်းအထန် တိုက်ခိုက်လာမှုများရှိ၍ တပ်မတော်အနေဖြင့် ပြန်လှန်တွန်းလှန်တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ယနေ့ နံနက်ပိုင်းတွင် အဝေးမှ ပစ်ခတ်မှုမှ အပ အခြေအနေငြိမ်သက်နေကြောင်း၊ ထို့အပြင် ထီးချိုင့်ဘက်တွင် အချို့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်၍ လုံခြုံရေး တပ်ဖွဲ့၀င်များအနေဖြင့် အခြေအနေကို ပြန်လည်ထိန်းသိမ်းပြီး ဆောင်ရွက် လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
အဓိက ကတော့ ပြည်သူ့အသက်အိုးအိမ်စည်ဇိမ်၊ လမ်းပန်းဆက်သွယ်ရေး၊ ပြည်သူ့ဆက်သွယ်ရေး လမ်းကြောင်းတွေကို အဓိက နှောက်ယှက်ဟန့်တားနေတဲ့ ၊ဖျက်ဆီးနေတဲ့ အကြမ်းဖက်သောင်းကျန်ူသူများနဲ့ ပတ်သက်တဲ့ သတင်းများ၊အကြမ်းဖက်သောင်းကျန်ူသူများနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုများကို လုံခြုံရေးတပ်ဖွဲ့၀င်တွေဆီကို တင်ပို့နေတဲ့ တာ၀န်သိ ပြည်သူများလည်း ရှိပါတယ်။အားလုံးပူးပေါင်း ဆောင်ရွက်သွားကြဖို့ အခြေအနေ အမြန်ဆုံး တည်ငြိမ်အောင် ထိန်းသိမ်းသွားနိုင်ဖို့ ဆောင်ရွက်သွားကမှာဖြစ်ပါတယ်" ဟု ယနေ့ ရှမ်းပြည်နယ်(အရှေ့မြောက်ဘက်)ဒေသ ကျောက်မဲ-သီပေါကြားတွင်ရှိသည့် ကျင်သီတံတားအား TNLA အကြမ်းဖက်သောင်းကျန်းသူများမှ ဖောက်ခွဲဖျက်ဆီးမှုနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်း ပြောကြားခဲ့သည်။