Breaking

ချေးငွေရယူ၍ ဆောင်ရွက်နေသည့်လုပ်ငန်းများ အမှန်တကယ် ဆောင်ရွက်ခြင်း ရှိ၊ မရှိ မျက်ခြည်မပြတ် စစ်ဆေးရန် နစကဒုဥက္ကဋ္ဌ ပြောကြား

ရန်ကုန်၊ မေ ၁၄
    အစိုးရထံမှ ချေးငွေရယူ၍ဆောင် ရွက်နေသည့်လုပ်ငန်းများ အမှန်တကယ် ဆောင်ရွက်ခြင်း ရှိ၊မရှိ မျက်ခြည်မပြတ်စစ်ဆေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကပြောကြားခဲ့သည်။
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်များမှ တာဝန်ရှိသူများအား မေ ၁၃ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး အမှာစကားပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 
    နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ရှစ်ဘီလီယံအပေါ် လုပ်ငန်းရှင်များသို့ ထုတ်ချေးငွေပမာဏသည် ၇ ဒသမ ၅ ဘီလီ ယံကျော်ရှိသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါ ထုတ်ချေးထားသည့် ချေးငွေများသည် လုပ်ငန်း အမှန်တကယ် လည်ပတ်မှုရှိရန်လိုကြောင်း၊ ချေးငွေချေးရာတွင် ကာလတိုချေး ငွေ၊ ကာလလတ် ချေးငွေနှင့် နှစ်ရှည်ချေးငွေ များရှိပြီး ချေးငွေများ အပေါ်မူတည်၍ ချေးယူထားသည့် လုပ်ငန်းရှင်များကလည်း လုပ်ငန်းများ မှန်မှန်ကန်ကန် အောင်မြင်အောင် ဆောင်ရွက်ရန်လိုအပ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း ချေးငွေရယူ၍ ဆောင်ရွက်နေသည့်လုပ်ငန်းများ အမှန်တကယ် ဆောင်ရွက်ခြင်း ရှိ၊ မရှိမျက်ခြည်မပြတ် သိရှိနိုင်ရေး စစ်ဆေး သွားရန်လိုကြောင်း၊ ထိုသို့ လုပ်ငန်းများ အမှန်တကယ် ဆောင်ရွက်မှသာ ချေးငွေများ ပြန်လည်ပေး ဆပ်နိုင်မည်ဖြစ်ပြီး အဆိုပါ ရရှိသည့် ငွေများကိုထပ်မံ၍ အခြားသော ငွေကြေးလိုအပ်ချက်ရှိသည့် လုပ်ငန်းများသို့ ထပ်မံချေးငွေများ ထုတ်ပေးနိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မွေးမြူရေးလုပ်ငန်းနှင့်ပတ်သက်၍ ဥစားကြက်၊ အသားတိုးကြက်များကို စီးပွားဖြစ်နှင့် တစ်ပိုင်တစ်နိုင် မွေးမြူထားရှိမှုကိုကြည့်ပါက အကောင်ရေ ၁၇ သန်းမှသန်း ၂၀ နီးပါးကြား တွေ့ရှိရကြောင်း၊ အဆိုပါ မွေးမြူထားရှိမှုနှင့်ပတ်သက်၍ ထုတ်လုပ်မှု စရိတ် လျှော့ချရန်အတွက် တပ်မတော်သို့ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် အစာစပ်စက်ရုံ များ တည်ဆောက်၍ကိုယ်တိုင် အစာထုတ်လုပ်သည့်စနစ်ဖြင့် ဆောင်ရွက်ပါက အစာဈေးနှုန်း ကုန်ကျစရိတ်မှာ ပြင်ပပေါက်ဈေးထက် ၂၀ ရာခိုင်နှုန်းခန့် သက်သာနိုင်သည့်အပြင် မိမိကိုယ် တိုင်ထုတ်လုပ်သဖြင့် လိုအပ်ချက်အပေါ် မူတည်၍ လိုအပ်သလို ဆောင်ရွက်နိုင်သည့်အတွက် ပုဂ္ဂလိ က စီးပွားရေးလုပ်ငန်းများအပေါ် မှီခိုစရာမလိုသည့်အပြင် ဥတစ်လုံးချင်း ထုတ်လုပ်မှုစရိတ် သက်သာစွာဖြင့် ထုတ်လုပ်နိုင်သဖြင့် ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချဖြန့်ဖြူး ပေးနိုင်မည်ဖြစ်ကြောင်း အကြံပြုပြောကြား ခဲ့သည်။  

Total Views ~ 237

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45389

© 2022 - 2025 News. All Rights Reserved.