၂၀၂၃ နိုဝင်ဘာ ၁၄
ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူ ထားသည့် နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူ ရေးအပါအဝင် မွေးမြူရေးကဏ္ဍသို့ ထုတ် ပေးထားသည့် ဃဥဠှီု-၁၉ ချေးငွေများ ပြန် လည်ပေးဆပ်ရမည့် ကာလ သက်တမ်းတစ် နှစ် ထပ်မံတိုးမြှင့်လိုက်ကြောင်း ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများ အပေါ်ကုစားရေးလုပ် ငန်းကော်မတီမှ နိုဝင်ဘာ ၁၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူ ထားသည့် နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူ ရေးအပါအဝင် မွေးမြူရေးကဏ္ဍမှ ကုမ္ပဏီ^ လုပ်ငန်း ၃၂၇ ခု အနေဖြင့် ပထမနှစ်အတွက် ပထမအကြိမ် အတိုးများအား ပေးဆပ်ပြီး သူများ၊ ဒုတိယနှစ်အတွက် ဒုတိယအကြိမ် အတိုးများအား ကာလပြည့်မီက ပေးဆပ်ပြီး သူများနှင့် ချေးငွေအား ရည်ရွယ်ချက်အတိုင်း ထိရောက်အောင် ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ^လုပ်ငန်းဖြစ်မှု စသည့် အခြေအနေ များဖြင့် ကိုက်ညီသူများအား ချေးငွေပြန်ဆပ် ရန်ကာလကို ချေးငွေကာလ သက်တမ်းနှစ် နှစ် စေ့ရောက်သည့်နေ့မှစ၍ နောက်ထပ် တစ်နှစ် ထပ်မံတိုးမြှင့်ပေးပါကြောင်း အသိ ပေးကြေညာခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် လုပ်ငန်းကော်မတီမှ ခွင့်ပြုခဲ့သည့် ချေးငွေထုတ်ယူခွင့်ပြုကြောင်း အကြောင်းကြားစာ တွင် ‘’ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်ခံရမည်ဖြစ်ပါ ကြောင်း’အသိပေးဖော်ပြပါရှိသဖြင့် မြန်မာ့စီးပွားရေးဘဏ်မှ ချေးငွေထုတ်ယူထားသည့် ကုမ္ပဏီလုပ်ငန်းများ အနေဖြင့် ချေးငွေ အရင်း၊ အတိုး ပြန်လည်ပေးဆပ်ရန် ပျက် ကွက်ပါက ချေးငွေသဘောတူစာချုပ်ပါအ တိုင်း ဘဏ်လုပ်ထုံးလုပ်နည်းနှင့်အညီ တရားမကြောင်းအရ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်းနှင့် သက်တမ်းတိုးမြှင့်ရန် ခွင့်ပြုထားသည့် ကာလအတွင်း အပြီးသတ်အပြေအကျေပေးဆပ်ရန် ယင်းကော်မတီမှ အသိပေးကြေညာ အပ်ထားသည်။