Breaking

ငွေကျပ် သုံးဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဝေါမြို့နယ်တွင် ဖမ်းဆီးရမိ

၂၀၂၄၊ ဧပြီ ၃၀
    ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်တွင် ငွေကျပ် ၃ ဒသမ ၇၈ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။
    ဖမ်းဆီးရမိမှုဖြစ်ဉ်မှာ ဧပြီလ ၂၅ ရက် နံနက်ပိုင်းက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဝေါမြို့နယ်၊ ညောင်ခါးရှည် ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ဘုရားကြီးမြို့ဘက်မှ မော်လမြိုင် မြို့ဘက်သို့ နောင်ဝင်းထွန်း(ခ)နောင်နောင် မောင်းနှင်ပြီး အောင်ချမ်းသာနှင့် ဝေဖြိုးကျော်တို့ လိုက်ပါလာသည့် MAN အမျိုးအစားတွဲယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့သည်။
    အဆိုပါ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် ကီလို ၁၀၀ (ဒေသကာလပေါက် ဈေးတန်ဖိုးငွေကျပ်သိန်း ၃၀၀၀၀)၊ ကက်တမင်း အလေးချိန် ၁၃ ကီလို (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၇၈၀၀)နှင့် လက်ကိုင်ဖုန်း လေးလုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
    ဖမ်းဆီးရမိမှုမှ နောင်ဝင်းထွန်း(ခ)နောင်နောင်(၂၈)နှစ်၊ အောင်ချမ်းသာ(၂၃)နှစ်နှင့် ဝေဖြိုး ကျော်(၂၉)နှစ်တို့အား ဝေါမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Total Views ~ 303

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45389

© 2022 - 2025 News. All Rights Reserved.