စက်သုံးဆီဈေး တစ်လီတာ ၁၈၀၀ ကျပ် ဝန်းကျင် အထိ ဈေးပြန်ကျလာ

၂၀၂၃ မေလ ၅

စက်သုံးဆီကော်မတီကနေ ထုတ်ပြန်လိုက်တဲ့ ဓာတ်ဆီ 92 နဲ့ ဒီဇယ် တစ်လီတာဈေးနှုန်း တစ်လီတာ ၁၉၀၀ကျပ် ဝန်းကျင်ကနေ ငွေကျပ် ၁၈၀၀ကျော် ဈေးအထိကျဆင်းလာကြောင်းသိရပါတယ်။

စက်သုံးဆီဈေးတွေ ကျဆင်းလာတာဟာ လတ်တလောမှာ စက်သုံးဆီပိုမိုတင်သွင်းနိုင်ဖို့ သက်ဆိုင်ရာအသင်းအဖွဲ့များကနေညှိနှိုင်းမှုတွေရှိနေကြသလို ပြီးခဲ့တဲ့ရက်အတွင်းက အိမ်နီးချင်းထိုင်းနိုင်ငံဘက်ကနေ စက်သုံးဆီ တန်ချိန်ပေါင်း ၁၀၀၀ ပမာဏ တင်သွင်းလာတာတွေကြောင့်လည်း ဖြစ်နိုင်ကြောင်း စက်သုံးဆီဈေးကွက်အတွင်း ရောင်းချနေသူအချို့က ပြောပါတယ်။

ဓာတ်ဆီ 92 တစ်လီတာကို ဒီကနေ့ဈေး သတ်မှတ်ချက်အရ ၁၈၇၅ကျပ် ဝန်းကျင်နဲ့ ဒီဇယ်တစ်လီတာကို ၁၈၈၅ကျပ် ဝန်းကျင်းဈေးတွေ စက်သုံးဆီကော်မတီရဲ့သတ်မှတ်ချက်အရ ရှိနေတယ်လို့ ဆိုပါတယ်။

ယနေ့ စက်သုံးဆီဈေးတွေအနေနဲ့ ဓာတ်ဆီ 92 တစ်လီတာကို   ၁၈၇၅ကျပ် ၊ 95 တစ်လီတာကို ၁၉၄၅ကျပ် ၊ သာမာန်ဒီဇယ်တစ်လီတာကို ၁၈၀၅ကျပ် နဲ့ ပရီမီယံဒီဇယ် တစ်လီတာကို ၁၈၈၅ကျပ် ဈေးတွေ သတ်မှတ်ထားပါတယ်။

မနေ့ကစက်သုံးဆီဈေးတွေ အနေနဲ့ဓာတ်ဆီ 92 တစ်လီတာကို ၄၀ကျပ်၊ ဓာတ်ဆီ 92 တစ်လီတာကို ၄၅ကျပ် ဈေးတွေ ကျဆင်းလာပြီး ဒီဇယ်ဈေးအနေနဲ့က သာမာန်ဒီဇယ်တစ်လီတာကို ၁၀ကျပ် နှုန်း နဲ့ ပရီမီယံဒီဇယ်တစ်လီတာကို ၁၀ကျပ်နှုန်းဈေး ပြန်တက်လာတယ်လို့သိရပါတယ်။

ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းတွေဟာ အရှေ့တောင်အာရှ ရှိသန့်စင်ပြီးထုတ်ကုန်များစွာအတွက်ဈေးနှုန်းအခြေခံဖြစ်တဲ့Mean of platts singapore(MOPS)က သတ်မှတ်တဲ့ ဈေးနှုန်းအညွှန်းကိန်းမြင့်တက်လာခြင်းအရ ဖြစ်ကြောင်း စက်သုံးဆီတင်သွင်းမှု၊ သိုလှောင်မှုနဲ့ဖြန့်ဖြူးရေးကြီးကြပ်ကော်မတီက သိရပါတယ်။

Total Views ~ 251

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43458

© 2022 - 2025 News. All Rights Reserved.