Breaking

စေတီတစ်ဆူအား TNLA အကြမ်းဖက်သောင်းကျန်းသူများ ဖြိုချဖျက်ဆီးကာ ဌာပနာများ ယူဆောင်သွား

၂၀၂၄ ၊ ဇန်နဝါရီ ၂၃
    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့အဝင်ရှိ တောင်ကုန်းပေါ်၌ တည်ထားကိုးကွယ်ထားသည့် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီတော်အား TNLA အကြမ်းဖက် သောင်းကျန်းသူများက ဇန်နဝါရီလ ၁၀ ရက်မှစ၍ ဘက်ဟိုးဖြင့် ဖြိုချဖျက်ဆီးခဲ့ရာ ဇန်နဝါရီလ ၂၀ ရက်တွင် အပြီးသတ်ပြိုကျ ပျက်စီးသွားခဲ့ကြောင်း သိရှိရပြီး အဆိုပါ စေတီတော်အတွင်း ဌာပနာထားသည့် ပစ္စည်းများကိုလည်း အကြမ်းဖက် သောင်းကျန်းသူများက ယူဆောင်သွားခဲ့ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။
    အဆိုပါ စေတီတော်သည် ရှေးယခင်က ပလောင်တောင်ပိုင်း စော်ဘွားကြီး မဟာသရေစည်သူ စပ်ခွန်ပန်းစိန်က တည်ထားကိုးကွယ်ခဲ့ပြီး ခေတ်အဆက်ဆက်၌လည်း နယ်မြေခံတပ်မတော်သားများနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်း၊ ရွှေသင်္ကန်းကပ်လှူ ပူဇော်ခြင်း၊ ရွှေထီးတော်တင်လှူပူဇော်ခြင်း များဆောင်ရွက်ခဲ့သည့် ဒေသခံဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီတော် တစ်ဆူဖြစ်ကြောင်း သိရသည်။
    အကြမ်းဖက်သမားများအနေဖြင့် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်၊  ပြည်သူလူထု အထိတ်တလန့် ဖြစ်စေရန်နှင့် အစိုးရအုပ်ချုပ်မှု ယန္တရားများပျက်ပြားစေ ရန်ရည်ရွယ်ချက်များဖြင့် စစ်ရေးနှင့်မသက် ဆိုင်သည့် အများပြည်သူပိုင် အဆောက်အအုံများ၊ ဌာနဆိုင်ရာ အဆောက်အအုံများနှင့် လမ်း၊ တံတားများအား ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်။ ထို့ပြင် ဗုဒ္ဓ ဘာသာဝင်များ အထွတ်အမြတ်ထားရာ ဘုရား၊ စေတီ၊ ပုထိုးများနှင့် သာသနိက အဆောက်အအုံများ အပါအဝင် အခြားဘာ သာဝင်များ၏ ဘာသာရေးဆိုင်ရာ အဆောက် အအုံများ၊ ဘုရားရှိခိုးကျောင်းများ အား Drop Bomb များ ပစ်ချခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် ဖျက်ဆီးခြင်းများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားလုပ်ဆောင် လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
    မကြာသေးမီ ရက်ပိုင်းကလည်း MNDAA အကြမ်းဖက် သောင်းကျန်းသူများက လောက်ကိုင်မြို့ နယ် စီအောကျေးရွာ၏ မြောက်ဘက် ဆင်ဦးကင်းကုန်းပေါ်ရှိ စေတီတော်အား သံတူဖြင့်ထု၍ ဖြိုချဖျက်ဆီးနေသည့် ဗီဒီယိုဖိုင်များနှင့် အခြားဗုဒ္ဓဆင်းတု တော်များအား ထုခွဲဖျက်ဆီးနေသည့် ဗီဒီယိုဖိုင်များ ထွက်ပေါ်ခဲ့သည့်အတွက် ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူ ပြည်သူများအနေဖြင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာရှုတ်ချ ကွန့်ကွက်လျက်ရှိသည်။

Total Views ~ 203

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45387

© 2022 - 2025 News. All Rights Reserved.