Breaking

ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်နိုင်ခြေရှိပြီး မုတ်သုံပါ ဆက်တိုက် ဝင်ရောက်မည့်အတွက် မြန်မာနိုင်ငံ ဒေသအချို့တွင် မိုးဆက်တိုက်ရွာမည်

ရန်ကုန်၊ မေ၂၁
    ဘင်္ဂလားပင်လယ်အော်အတွင်း  ဖြစ်ပေါ်မည့် လေဖိအားနည်းရပ်ဝန်းသည် အားကောင်းလာကာ ဆိုင်ကလုန်းတစ်ခုအဖြစ် လာမည့်ရက်ပိုင်းတွင် ဖြစ်ပေါ်နိုင်ပြီး ဇွန် ၁ ရက်တွင် မုတ်သုံရာသီပါ မြန်မာနိုင်ငံအတွင်း စတင်ဝင်ရောက်မည် ဖြစ်သည့်အတွက် ဒေသအချို့တွင် မိုးဆက်တိုက်ရွာမည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦး စီးဌာနမှ ညွှန်ကြားရေးမှူး ဦလှထွန်းက ပြောသည်။
    ခန့်မှန်းချက်များအရ မေ ၂၂ရက် တွင် လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာနိုင်ပြီး ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပိုမိုအားကောင်းလာနိုင်ကာ ကနဦးတွင် အရှေ့ မြောက်ဘက်သို့ ရွေ့လျားပြီးနောက် မြောက်-အနောက်မြောက်ဘက်သို့ ပြန်ကွေ့၍ မေ ၂၆ ရက်ခန့်တွင် အိန္ဒိယနိုင်ငံ ကမ်းရိုးတန်း နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းတို့အကြားသို့ ဦးတည်ရွေ့လျားနိုင်ကြောင်း ဆို သည်။
    "လေဖိအားနည်းရပ်ဝန်း ဖြစ်လာ ပြီးရင်တော့ သူ့ရဲ့အခြေအနေအရရော လေဖိအားကျဆင်းမှု၊ လေတိုက်နှုန်းတွေအရတော့ ဒါမုန်တိုင်းဖြစ်နိုင်တယ်။ ဒါတော့ တွေ့ရတယ်။ လောလောဆယ် မုန်တိုင်း လမ်းကြောင်းက အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ကို ဝင်မယ်လို့ခန့်မှန်းထားတယ်။ ဒါပေမဲ့ တစ်ခါတလေ လမ်းကြောင်းပြောင်းတာတွေလည်း ရှိတယ်။ ပြောင်းရင်လည်း ပြောင်းနိုင်တယ် ဒါတော့စောင့်ကြည့်ရ မယ်"ဟု ဦးလှထွန်းက ပြောသည်။
    မုန်တိုင်းဖြစ်နိုင်ခြေ ယခုလ နောက်ဆုံးပတ်ပြီးလျှင် မုတ်သုံရာသီပါ ဆက်တိုက် ဝင်ရောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံဒေသအချို့တွင် မိုးဆက်တိုက်ရွာမည်ဖြစ်သည်။
    "မုတ်သုံပါ စဝင်မှာ ဖြစ်တဲ့အတွက် မုန်တိုင်းနဲ့တော့ ဆက်သွားမယ့် သဘောရှိတယ်။ မုန်တိုင်း ဖြစ်ခဲ့ရင် ဒေသအချို့နဲ့ ကမ်းရိုးတန်းတွေမှာ မိုးများဖို့ရှိတယ်။မုတ်သုံက မြစ်ဝကျွန်းပေါ်ဒေသကို ဇွန် ၁ ရက် နောက်ဆုံးထားဝင်မှာဖြစ်တဲ့အတွက် မုန်တိုင်း ဖြစ်ပေါ်ခဲ့ရင်တော့ မိုးဆက်ပြီးရွာ နိုင်တယ်"ဟု ဦလှထွန်းက ပြောသည်။
    ခန့်မှန်းမှုအရ မုန်တိုင်အခြေအနေသည် လေဖိအားနည်းရပ်ဝန်းအဆင့်တွင်သာရှိသေးကာ အားကောင်းလာပြီး မုန်တိုင်း ဖြစ်နိုင်ခြေအပေါ်တွင် အမေရိကန်နိုင်ငံ National Hurricane Center မှ Global Forecasting Model (GFS) Data ၏ မေ ၁၉ ရက်ကို အခြေခံတွက်ထုတ်ထားသည့် ခန့်မှန်းချက်များအရ မေ ၂၂ ရက်တွင် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာ နိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ ကနဦးတွင် မြောက်ဘက်သို့ ရွေ့လျားပြီးနောက် မြောက်-အနောက် မြောက်ဘက်သို့ ပြန်ကွေ့ကာ မေ ၂၅ ရက်တွင် အိန္ဒိယနိုင်ငံကမ်းရိုးတန်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းတို့ အကြားသို့ ဦးတည်ရွေ့လျားနိုင်သည်ကို တွေ့ရှိရသည်ဟုလည်း ခန့်မှန်းထားသည်။
    ထို့အပြင် အင်္ဂလန်နိုင်ငံ၊ Europ-ean Centre for Medium-Range Weather Forecasts (ECMWF) Data ၏ မေ ၁၉ ရက်ကို အခြေခံတွက်ထုတ်ထားသည့် ခန့်မှန်း ချက်များအရလည်း မေ ၂၂ ရက်တွင်ပင် လေဖိအားနည်း ရပ်ဝန်း စတင်ဖြစ်ပေါ်လာနိုင်ပြီး၊ ပိုမို အားကောင်းလာနိုင်ကာ မေ ၂၅ ရက်တွင် အိန္ဒိယနိုင်ငံ ကမ်းရိုး တန်းသို့ ဦးတည်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းထားသည်။
    ထို့ကြောင့် ယခုလနောက်ဆုံးပတ်အတွင်း မြန်မာ့ကမ်းရိုးတန်း၊ ဘင်္ဂလားပင် လယ်အော်အတွင်း ဆိုင်ကလုန်းမုန်တိုင်း တစ်ခုဖြစ်ပေါ်နိုင်ခြေ များပြားလျက်ရှိပြီး မေလနောက်ဆုံးရက်များမှစကာ မုတ်သုံ ရာသီပါဝင်ရောက်မည့်အတွက် အထူးသဖြင့် မြစ်ဝကျွန်းပေါ်နှင့် ကမ်းရိုးတန်းဒေသများ အပြင် ဒေသ အချို့တွင်ပါ လာမည့် ရက်သတ္တပတ်များအတွင်း မိုးများနိုင်ကြောင်း သိရသည်။  

Total Views ~ 200

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45389

© 2022 - 2025 News. All Rights Reserved.