Breaking

ဆူပူအကြမ်းဖက်မှုများ လက်နက်ကိုင်တိုက် ပွဲများဖြစ်နေမည်ဆိုလျှင် လူ့အခွင့်အရေးများ သည်လည်း မှေးမှိန်အားနည်းနေမည် 

၂၀၂၃ ဒီဇင်ဘာ ၁၃
    ဆူပူအကြမ်းဖက်မှုများ၊ လက်နက်ကိုင်တိုက်ပွဲများဖြစ်နေမည်ဆိုလျှင် အဆိုပါ ဒေသများတွင် လူ့အခွင့်အရေးများသည် လည်း မှေးမှိန်အားနည်းနေမည်ကို သတိ ထားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြောသည်။ 
    "လူ့အခွင့်အရေးကို ရိုသေလေးစားကြဖို့နဲ့ အခြေခံလူ့အခွင့်အရေးတွေရရှိဖို့ ဘယ်လိုပင် တိုက်တွန်းကြိုးပမ်းကြသော်လည်း တည်ငြိမ်အေးချမ်းမှု ပျောက်ဆုံးနေရင် ဆူပူအကြမ်းဖက်မှုတွေ၊ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်နေမည်ဆိုရင် အဲဒီဒေသတွေမှာ လူ့အခွင့်အရေးတွေလည်း မှေးမှိန်အား နည်းနေမှာကို သတိထားကြရမှာ ဖြစ်တယ်။ နိုင်ငံတော်က တိုင်းရင်းသားပြည်သူများရဲ့ အခွင့်အရေး တွေ တန်းတူညီမျှရေးနဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေရာမှာ တိုင်းရင်းသား ပြည်သူအားလုံးက ပါဝင်ဆောင်ရွက်ကြမှသာ ငြိမ်းချမ်းသာယာ၀ပြောတဲ့ လူ့ဘောင်မှာ လူ့အခွင့်အရေးတွေ ရှင်သန်နေမှာ ဖြစ်တယ်။ ဒါကြောင့် လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိမှသာ  နိုင်ငံသားအားလုံးရဲ့ အကျိုးကို ပိုမိုဆောင်ရွက်နိုင်မှာ ဖြစ်တဲ့အတွက် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုရှိဖို့ သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါတယ်"ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းပြောသည်။ 
    (၇၅)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ဒီဇင်ဘာလ ၁၀ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတက် ရောက်အမှာစကား ပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။
    မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ် ဧပြီလ ၁၉ ရက်တွင် ကုလသမဂ္ဂအဖွဲ့ ဝင်နိုင်ငံ ဖြစ်ခဲ့ကြောင်း၊ ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပြုလုပ်ခဲ့သည့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အတည်ပြု ထုတ်ပြန်ရေးအတွက် မဲခွဲဆုံးဖြတ်ရာ တွင် မြန်မာနိုင်ငံက ထောက်ခံမဲပေးခဲ့ကြောင်း၊ မဲခွဲဆုံးဖြတ်ချက်အရ ကုလသမဂ္ဂအထွေထွေ ညီလာ ခံက လူ့အခွင့်အရေးကြေညာစာတမ်း (Universal Declaration of Human Rights - UDHR) ကို အတည်ပြုထုတ်ပြန်သည့် ဒီဇင်ဘာ ၁၀ ရက်ကို 'အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့' အဖြစ်သတ်မှတ်ခဲ့ ကြောင်း သိရသည်။
    ယနေ့ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း (၇၅)နှစ် ပြည့်မြောက်သည့် အထိမ်းအမှတ် 'အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခမ်းအနား'များကို ကျင်းပလျက်ရှိကြရာ မြန်မာနိုင်ငံအနေဖြင့်လည်း လူ့အခွင့်အရေးကို  လေးစားတန်ဖိုးထားပြီး ကုလသ မဂ္ဂ၏ ပြဋ္ဌာန်းချက်များနှင့်အညီ တစိုက်မတ်မတ် ပါဝင်ဆောင်ရွက်နေခြင်း ဖြစ်သည့်အတွက် နိုင်ငံတကာအသိုက်အဝန်းနည်းတူ ယခုလို အထိမ်းအမှတ် အခါသမယကို ပါဝင်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
    မြန်မာနိုင်ငံအနေဖြင့် ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ကာကွယ်စောင့်‌ ရှောက်ပေးနိုင်ရန်နှင့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းပါ လူ့အခွင့်အရေးများကို နိုင်ငံသားများ ခံစားရရှိနိုင်ရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းတည်ထောင်ပေးခဲ့သည်မှာ ယခုနှစ်ဆိုလျှင် ၁၂ နှစ် ပြည့်‌မြောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
    လူ့အခွင့်အရေး စံနှုန်းများကို လေးစားလိုက်နာခြင်း၊ ပြဋ္ဌာန်းဖြည့်ဆည်း ပေးခြင်းအားဖြင့် ငြိမ်းချမ်းသာယာသည့် လူ့အဖွဲ့အစည်းများ ဖြစ်ပေါ်လာစေရေးနှင့် ကဏ္ဍအသီးသီးတွင် မညီမျှမှုများ၊ ခွဲခြား ဆက်ဆံမှုများမရှိစေရေးကို မြန်မာနိုင်ငံလူ့ အခွင့်အရေးကော်မရှင်အပါအဝင် အခြားသက်ဆိုင်ရာ အဖွဲ့ အစည်းအသီးသီးတို့နှင့်အတူ ချိတ်ဆက်ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Total Views ~ 189

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45389

© 2022 - 2025 News. All Rights Reserved.