ရန်ကုန်၊ ဇွန် ၁၈
၂၀၂၄ ခုနှစ် ဇွန်လအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသို့ နိုင်ငံတကာ ကုန်တင်သင်္ဘော အစင်းရေ ၅၀ ဆိုက်ကပ်ကုန်သွယ်မည်ဟု မြန်မာ့ဆိပ် ကမ်းအာဏာပိုင်မှ ပြောသည်။
MAERSK A/S လိုင်းမှ ခြောက်စင်း၊ SAMUDERA Shpping Line မှ ခြောက်စင်း၊ SITC Shpping Line မှ ခြောက်စင်း၊ COSCO Shpping Lines မှ ငါးစင်း၊ BLPL မှ လေးစင်း၊ CMA- CGM မှ လေးစင်း၊ MSC မှ လေးစင်း၊ Ti2 Container Line မှ လေးစင်း ၊ ONE မှ သုံးစင်း၊ PIL မှ သုံးစင်း၊ EVERGREEN မှ နှစ်စင်း၊ R.C.L မှ နှစ်စင်း၊ Land and Sea မှ တစ်စင်း စုစုပေါင်း အစင်းရေ ၅၀ ဇွန်လအတွင်း ဆိုက်ကပ်ကုန် သွယ်မည်ဖြစ်သည်။
ယခု နှစ်ပိုင်းများအတွင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ လစဉ်အစင်းရေ ၅၀ မှ ၆၀ ခန့် (တစ်နှစ်လုံးအတိုင်းအတာဖြင့် အစင်းရေ ၇၀၀ နီးပါး) ပုံမှန်ဆိုက်ကပ် ကုန်သွယ်လေ့ရှိပြီး ပြီးခဲ့သည့် မေလက အစင်းရေ ၅၂ စင်း ဆိုက်ကပ်ကုန်သွယ်ခဲ့သည်။
ပွင့်လင်းရာသီမှစကာ မြန်မာ့လယ်ယာထွက်ကုန် ကောက်ပဲသီးနှံများအား ပြည်ပသို့ ရေကြောင်းမှ တိုးမြှင့်တင်ပို့လျက်ရှိရာ ယခုချိန်ထိ လစဉ် နိုင်ငံတကာကုန်တင် သင်္ဘောများ မပြတ်ဆိုက်ကပ် ကုန်သွယ်လျက်ရှိပြီး ယခု ၂၀၂၃-၂၄ ဘဏ္ဍာနှစ် ဧပြီလမှစ၍ မြန်မာ့လယ်ယာ ထွက်ကုန် ကောက် ပဲသီးနှံတင်ပို့မှုမှ တန်ဖိုး အမေရိကန်ဒေါ်လာ နှစ်ဘီလီယံကျော် တင်ပို့နိုင်ခဲ့သည်။
ထို့ကြောင့် ပြည်ပသို့ ဆန်နှင့် ကောက်ပဲသီးနှံများ တင်ပို့ရာတွင် ကုန်တင်သင်္ဘောကြီးများ နှောင့်နှေးကြန့်ကြာမှုမရှိ ဝင်/ထွက်နိုင်ရေး၊ သတ်မှန်ချိန်အတွင်း သင်္ဘောတင်ပြီးစီးနိုင်ရေး၊ အလေအလွင့် အနည်းဆုံးဖြင့် အရည်အသွေးနှင့်အရေအတွက် ပြည့်မီစွာတင်ပို့နိုင်ရေး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ လိုအပ်သည့် စီမံခန့်ခွဲမှု များဆောင်ရွက်ပေးလျက်ကြောင်း ပြောသည်။