Breaking

ဈေးကွက်တစ်ခုကို အားပြုစိုက်ပျိုးခြင်းကြောင့် တောင်သူနှင့် ကုန်သည်များ အခက်ကြုံနေရ

၂၀၂၃ ဒီဇင်ဘာ ၁၁
    ပြည်တွင်းရှိ တောင်သူနှင့် ကုန်သည်များအနေဖြင့် ဈေးကွက်တစ်ခုတည်းကို အဓိကထားအားပြုစိုက်ပျိုးထုတ်လုပ်မှုကြောင့် အခက်ကြုံရသည်ကို စိတ်မကောင်းစွာ တွေ့မြင်ရကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ကဆိုသည်။ 
    ဒီဇင်ဘာ ၆ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူ များအသင်း (၁၂)ကြိမ်မြောက် နှစ်ပတ်လည် အသင်းသား စုံညီအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ 
    ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက ]]လက်ရှိအခြေအနေမှာတော့ စားသောက်ကုန် လုန်းများဟာ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရတဲ့အတွက် လုပ်ငန်း တိုးတက်စေမယ့် အလားအလာကောင်းများ အပြည့်အ၀မရရှိနိုင်ကြဘဲ ဖြစ်နေကြပါတယ်။ တောင်သူအများစုက သမားရိုးကျ စိုက်ပျိုးထုတ်လုပ်နေကြပြီး ခေတ်မီစိုက်ပျိုးထုတ် လုပ်မှုနည်းပညာ ဈေးကွက်ရရှိမှုနဲ့ ငွေကြေးပံ့ပိုးမှု၊ ရင်းနှီးမြှုပ်နှံမှု အဓိက အကြောင်း အရင်းများအပြင် အခြားအကြောင်းအရာ များစွာတို့ကြောင့် မိမိတို့ရဲ့ စိုက်ပျိုးမွေးမြူရေး အခြေခံစားသောက်ကုန်များကို ဈေးကွက်သို့ တင်ပို့နိုင်မှု အားနည်းကာ ကုန်ကြမ်းများ အဖြစ်သာ တင်ပို့ရောင်းချနိုင်ခဲ့တာကို တွေ့ ရပါတယ်။ ဥပမာအားဖြင့် ဆန်ကုန်ကြမ်း အဖြစ်သာ တင်ပို့ရောင်းချနေရပြီး ဆန်ပြုတ်ထုတ်၊ ဆန်ဘီစကစ်၊ ကွတ်ကီးမုန့်၊ ဆန် ခေါက်ဆွဲ၊ ဆန်ကြာဆံ စသည်တို့အပြင် ဆန်ကထွက်တဲ့ တန်ဖိုးမြင့်စားသောက်ကုန် များစွာကိုတော့ အိမ်နီးချင်း နိုင်ငံများက တင်သွင်းလာတဲ့ ကုန်စည်အများစုကိုသာ ဝယ်ယူစားသောက်နေရတာကို တွေ့ရပါတယ်။ နိုင်ငံခြားက တင်သွင်းလာတဲ့ စားသောက် ကုန်တို့အနက်မှ ပါဝင်အသုံးပြုထားတဲ့ ကုန်ကြမ်းတွေ ကတော့ မိမိတို့နိုင်ငံမှာလည်း စိုက်ပျိုးထွက်ရှိနေပြီး ပစ္စည်းများ ဖြစ်နေပါတယ်။ မိမိတို့ နိုင်ငံက ထုတ်လုပ်တဲ့ စိုက်ပျိုးရေးထွက်ကုန်သီးနှံနဲ့ သစ်သီးဝလံတို့မှာ အိမ်နီးချင်းနိုင်ငံ ဈေးကွက်တစ်ခုကိုသာ အဓိကထား စိုက်ပျိုးထုတ်လုပ်နေကြရပြီး အကြောင်းတစ်ခုခုကြောင့် မူလဦးတည်ထားတဲ့ ဈေးကွက်က ဝယ်ယူမှုမပြုခြင်း၊ အဝယ်မခံခြင်းတို့နဲ့ ကြုံတွေ့လာရတဲ့အခါမှာ ပြည်တွင်းမှာ တောင်သူများနဲ့ အရောင်းအဝယ် ကုန်သည်တို့ အထိနာကြတာကို စိတ်မ ကောင်းစွာ တွေ့မြင်ကြရပါတယ်"ဟု ပြောကြားခဲ့သည်။ 
    အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းတို့က အဖွင့်အမှာ စကားပြောကြားပြီး ၂၀၂၂-၂၃ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာနှင့် နှစ်ချုပ်ငွေ စာရင်းရှင်းတမ်းကို အထွေထွေအတွင်းရေးမှူး ဦးသင်မောင်မြင့်က ဖတ်ကြားခဲ့သည်။
    ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက "စားသောက်ကုန်လုပ် ငန်းများဟာ ပြည်တွင်းစီးပွားရေးကဏ္ဍအတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာပါဝင်ပြီး MSMEs စီးပွားရေး လုပ်ငန်းများကနေ အရွယ်အစားကြီးမားသော လုပ်ငန်းကြီးများအထိ ဝင်ရောက်ရင်းနှီးလုပ်ကိုင်ရန် အလားအလာ ကောင်းရှိတဲ့ လုပ်ငန်းကဏ္ဍတစ်ခု လည်းဖြစ်ပါတယ်။ ပြည်တွင်းမှာ ထုတ်လုပ်တဲ့ အခြေခံ စားသောက်ကုန်ပစ္စည်းတွေကို နိုင်ငံတကာအဆင့်မီ တန်ဖိုးမြှင့်စားသောက် ကုန်များအဖြစ် ယခုထက်ပိုမို ထုတ်လုပ်နိုင် ဖို့အတွက် MSMEs လုပ်ငန်းရှင်များကို နည်းပညာပံ့ပိုးမှုများ၊ ဈေးကွက်အခွင့် အလမ်းများအပြင် လိုအပ်တဲ့ ငွေကြေးအရင်း အမြစ်၊ ဗဟုသုတများရရှိဖို့လည်း အရေးကြီးသည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အသင်းချုပ်နှင့် ညီနောင်အသင်းတို့ ညှိနှိုင်းဆောင်ရွက်သွား ကြမည်ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။
    မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း (MFPEA)ကို ၂၀၁၆ ခုနှစ်တွင် စတင်တည် ထောင်ခဲ့ပြီး စားသောက်ကုန်ထုတ်လုပ်သူ များ၏ ကုန်ထုတ်လုပ်မှုတိုးတက်လာစေရန်၊ ဘေးအန္တရာယ် ကင်းရှင်းသည့် အရည်အသွေးမြင့် စားသောက်ကုန်များ ထုတ်လုပ်လာ နိုင်စေရန်၊ ပြည်တွင်းထုတ်ကုန်ပစ္စည်းများကို စားသုံးသူပြည်သူများ ပိုမိုယုံကြည်သုံးစွဲလာ စေရန်၊ ပြည်ပဈေးကွက်သို့ ထိုးဖောက်ရောင်း ချနိုင်ရန်၊ စားသောက်ကုန်များ၏ အရည်အသွေး ဖွံ့ဖြိုးတိုးတက်လာစေရန် ပံ့ပိုးပေးနိုင်မည့် နိုင်ငံတကာ အဆင့်မီဓာတ်ခွဲခန်းများဖြင့် နိုင်ငံတကာ အသိ အမှတ်ပြု လက်မှတ်များ ထုတ်ပေးနိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Total Views ~ 208

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45388

© 2022 - 2025 News. All Rights Reserved.