Breaking

ညောင်လေးပင်မြို့နယ်ရှိ တံတား ၁ စင်းအား KNU သကသ / အကြမ်းဖက်အုပ်စု PDF အဖွဲက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

၂၀၂၃ ၊ မတ် ၁၀ 

ယမန်နေ့ မတ် ၉ မွန်းလွဲ ၁၂ နာရီအချိန်တွင် ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် အရှေ့ တောင်ဘက် ၇ မိုင်ခန့်အကွာ ကောက်မယ်သူ ကျေးရွာ၏ အနောက်ဘက်ရှိ ချိန်းချောင်းတံတားအား  KNU သကသ / အကြမ်းဖက်အုပ်စု PDF အဖွဲ့အင်အား (စိစစ်ဆဲ)က မိုင်းထောင် ဖောက်ခွဲခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းအရ ပူးပေါင်းအဖွဲက အခင်းဖြစ်နေရာသို ရောက်ရှိစစ်ဆေးရာ  ကောက်မယ်သူကျေးရွာမှ တော်ဝိကျေးရွာ ၊ချုံအင်းကျေးရွာ၊ အင်းပုဝါကျေးရွာ၊ ရွှေခဲစုကျေးရွာ၊ အင်းကျိုက်ကျေးရွာ၊ ဘိုးပိုက်ဆံကျေးရွာတို ဆက်သွယ်ထားသည့် ရွာချင်းဆက် တံတားအမှတ် (၅) အလျား ၉၅ ပေ၊ အနံ ၁၂ ပေ၊ အမြင့် ၂၂ ပေခန့်ရှိ အုတ်ခံ၊ သံဘေလီ၊ သစ်ခင်း၊ ချိန်းချောင်းတံတားအား KNU သကသ / အကြမ်းဖက်အုပ်စု PDF အဖွဲ အင်အား(စိစစ်ဆဲ)က မိုင်းထောင်ဖောက်ခွဲမှုကြောင့် တော်ဝိကျေးရွာဘက်ခြမ်း၌ ၃၂ ပေ ခန့်(တန်ဖိုးငွေသိန်း ၂၅၀ ကျပ်ခန့်) ပြိုကျပျက်စီးကာ လူ/ယာဉ်များဖြတ်သန်းသွားလာ၍ မရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍  KNU သကသ/အကြမ်းဖက်အုပ်စု PDF အဖွဲ အင်အား(စိစစ်ဆဲ)အား နမစ (ပိန်းဇလုပ်) (ပ)၁၉  / ၂၀၂၃၊ ပေါက်ကွဲစေတတ်သောဝတ္တုပစ္စည်းများ အက်ဥပဒေပုဒ်မ ၃ ဖြင့် သက်ဆိုင်ရာမှ အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

Total Views ~ 194

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45389

© 2022 - 2025 News. All Rights Reserved.