Breaking

ညောင်လေးပင်-တောင်ငူ ရထားလမ်းပိုင်းတွင် ပဲနွယ်ကုန်းဘူတာသစ် တည်ဆောက်ရန်အပါအဝင် ရထားလမ်းအဆင့်မြှင့်တင်ရေးလုပ်ငန်းလေးခု တင်ဒါခေါ်

ရန်ကုန်၊ အောက်တိုဘာ ၂၃
    ရန်ကုန် - မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း၊ (Phase-I), CP103 (ညောင်လေးပင်-တောင်ငူ) လမ်းပိုင်းတွင် ပဲနွယ်ကုန်းဘူတာအသစ် တည်ဆောက်ခြင်း ပဲနွယ်ကုန်းဘူတာသစ်တည် ဆောက်ရန်အပါအဝင် ရထားလမ်းအဆင့် မြှင့်တင်ရေးလုပ်ငန်းလေးခုကို မြန်မာကျပ်ငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား အိတ်ဖွင့်တင်ဒါ (Open Tender) ခေါ်ယူထားသည်။ 
    အိတ်ဖွင့်တင်ဒါ ခေါ်ယူထားသည့် လုပ်ငန်းများတွင် ရန်ကုန်-မန္တလေးရထား လမ်းအဆင့်မြှင့် တင်ရေးစီမံကိန်းရှိ ညောင်လေးပင်-တောင်ငူ) လမ်းပိုင်း၊ ပဲနွယ်ကုန်းဘူတာအသစ်ကို (108’-6'x22’-6”) (Steel Column, Brick Walling, Amcan Sheet, Fire Fighting System, Landscaping လုပ်ငန်း BioSeptic နှင့် အခြား ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ခြင်း (ရေ၊ မီးအပါ)၊ (နှစ်ဆက်လုပ်ငန်း)တစ်ခု ပါဝင်သည်။
    ထို့အပြင် ရန်ကုန်မြို့ပတ်ရထားလမ်း၊ အဆင့်မြှင့်တင်ရေးစီမံကိန်း၊ သမိုင်း-သမိုင်းမြို့သစ်-ကြို့ကုန်းဘူတာကြားတွင် အုတ်ခြံစည်းရိုး(ပေ ၈၅၀)ကာရံခြင်းလုပ်ငန်း၊ ဟံသာဝတီ - လှည်းတန်း - ကမာ ရွတ်ဘူတာကြားတွင် အုတ်ခြံစည်းရိုး(ပေ ၆၅၀) ကာရံခြင်းလုပ်ငန်းနှင့် ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း၊ အင်းစိန်ဘူတာနှင့် ကြို့ကုန်းဘူတာကြားရှိ အင်းစိန် DRC စက်ရုံအုတ်ခြံ စည်းရိုး(၁၁၂၄-ပေ)ကာရံခြင်း လုပ်ငန်းစသည့် လုပ်ငန်းသုံးခု ပါဝင်သည်။
    အဆိုပါ တင်ဒါခေါ်ယူမှုအတွက် တင်ဒါပုံစံများကို ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ မြန်မာ့ မီးရထား ထောက်ပံ့ဌာနတွင် အောက်တိုဘာ ၂၁ ရက်မှ စတင်ရောင်းချပေးနေပြီး နိုဝင်ဘာ ၄ ရက်ကို တင်ဒါပိတ် မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ အသိပေး ကြေညာထားသည်။
    မြန်မာ့မီးရထားက ရန်ကုန် - မန္တ လေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း၊ Phase-I, CP 102 (ပဲခူး-ညောင်လေး ပင်လမ်းပိုင်း)တွင် ပေ ၄၅၀၀ Chain Link ခြံစည်းရိုးကာရံမည်ဖြစ်ပြီး အဆိုပါ ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း Phase-I, CP 103 (ညောင်လေးပင်-တောင်ငူလမ်းပိုင်း) တော်ဝိ-တောင်ငူကြားတွင် ပေ ၉၆၀၀ Chain Link ခြံစည်းရိုးကာရံခြင်း လုပ်ငန်းများကို တင်ဒါခေါ်ယူဆောင် ရွက်လျက် ရှိသည်။
    ထို့အပြင် ရန်ကုန်မြို့ပတ်ရထားလမ်းတစ်လျှောက်တွင် ဟံသာဝတီဘူတာအသစ် တည်ဆောက်ရန်အပါအဝင် မြို့ပတ် ရထားလမ်းတစ်လျှောက်တွင် အုတ်ခြံစည်းရိုးကာရံခြင်း လုပ်ငန်း များကို တင်ဒါခေါ်ယူ ဆောင်ရွက်လျက်ရှိသည်။ နဒီ

Total Views ~ 181

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45389

© 2022 - 2025 News. All Rights Reserved.