Breaking

တပ်များအလိုက် တာဝန်ယူထားသည့်နယ်မြေအတွင်း စစ်ဆင်ရေး၊ လုံခြုံရေး၊ နယ်မြေစိုးမိုးရေးလုပ်ငန်းများကို အောင်မြင်အောင် လုပ်ဆောင်ရန် တပ်ချုပ်ပြောကြား

ရန်ကုန်၊ မေ ၂၇
    တပ်များအလိုက် မိမိတို့တာဝန်ယူ ထားရသည့် နယ်မြေအတွင်း စစ်ဆင်ရေး၊ လုံခြုံရေး၊ နယ်မြေ စိုးမိုးရေး လုပ်ငန်းများကို အောင်မြင်အောင် လုပ်ဆောင်နိုင်ရန် လိုကြောင်း၊ ဒေသတွင်းလုံခြုံရေး၊ နိုင်ငံတော်လုံခြုံရေးနှင့် ပတ်သက်လာပါက အစဉ်အမြဲ  ဂရုပြုနေရန်နှင့် အလေးအနက်ထားဆောင် ရွက်သွားရန်လိုကြောင်း နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
    မေ ၂၄ ရက်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ လိုက်ပါ၍ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ စစ်ဦးစီး၊ စစ်ရေးနှင့် စစ်ထောက်ဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများအား စစ်ဆေးရာတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
    ထို့အပြင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များအနေဖြင့် တိုက်စွမ်းရည်၊ တိုက်စွမ်းအား ပြည့်ဝနေရန် လိုအပ်မည်ဖြစ်ပြီး တစ်ဦးချင်းစီအလိုက်၊ တပ်ရင်းတပ်ဖွဲ့အလိုက် လေ့ကျင့်ရမည်ဖြစ် သကဲ့သို့ လေ့ကျင့်ရေးသင်တန်းကျောင်းများကလည်း အမြဲမပြတ် လေ့ကျင့်ပေးနေရန် လိုအပ်မည်ဖြစ်ကြောင်း၊ အဆင့်ဆင့်သော ခေါင်းဆောင်များ ကိုယ်တိုင်က စည်းကမ်း ကောင်းမှသာလျှင် စည်းကမ်းကောင်းမွန်ပြီး တိုက်စွမ်းရည်၊ တိုက်စွမ်းအား ကောင်းမွန်သည့် တပ်များ ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
    ဆက်လက်၍ တပ်ဌာနချုပ်များ၊ စစ်ဆင်ရေးတာဝန် ထမ်းဆောင်နေသည့် တပ်ရင်း၊ တပ်ဖွဲ့များအနေဖြင့် အချင်းချင်း ပေါင်းစပ်ညှိနှိုင်းမှုများကိုလည်း ဆောင်ရွက်ကြရန်လိုကြောင်း၊ နယ်မြေဒေသ၏ မြေအနေအထားနှင့် သတင်းအချက်အလက်များ၊ လမ်းပန်းဆက်သွယ်ရေး ဆိုင်ရာများ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို အချင်းချင်းပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ထားမှသာလျှင် အောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ လုပ်သင့်သည်များကို မှန်မှန်ကန်ကန် ဆောင်ရွက်နေမည်ဆိုပါက မည်သည့်စစ်ဆင်ရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုမဆို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ ထူးမြတ်

Total Views ~ 48

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45367

© 2022 - 2025 News. All Rights Reserved.