Breaking

တရားဝင်စီးပွားရေးလုပ်ငန်းများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရန် ILO ကို UMFCCI တိုက်တွန်း

ရန်ကုန်၊ ဇွန် ၁၈
    မြန်မာပြည်သူများ၏ အသက်မွေးဝမ်းကြောင်းကို အထောက်အပံ့ ဖြစ်ပေါ်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးမည့်ဥပဒေကို လေးစားလိုက်နာလျက် တာဝန်ယူမှုရှိသော တရားဝင်စီးပွားရေးလုပ်ငန်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် ILO ကို UMFCCI က တိုက်တွန်းလိုက်သည်။
    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)က အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)၊ နိုင်ငံတကာ အသိုင်းအဝိုင်း၊ နိုင်ငံတကာစီးပွားရေးလုပ်ငန်းများနှင့် ဆက်စပ်ပတ်သက်သူများကို အချက်လေးချက်ဖြင့် တိုက်တွန်းခဲ့ရာ ယင်းအချက်ကို ဖော်ပြထားသည်။
    ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း (၃၃)အရ ဆုံးဖြတ်ချက် ချမှတ်ခြင်းသည် မြန်မာနိုင်ငံရှိ အလုပ်ရှင်များ၊ အလုပ်သမားများ၊ စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများ၏ အသက်မွေးဝမ်းကြောင်းကို ထိခိုက်မှုမဖြစ် စေရန် UMFCCI က အထက်ပါအတိုင်း တိုက်တွန်းခဲ့သည်။
    ထို့အပြင် မြန်မာနိုင်ငံအနေဖြင့်  အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၏ အခြေခံ ပြဋ္ဌာန်းချက်များနှင့် လိုက်နာမှုကို တိုးမြှင့်ရန်အတွက် အလုပ်ရှင်များနှင့်အလုပ်သမား အဖွဲ့အစည်းများ အပါအဝင် မြန်မာနိုင်ငံရှိ အခြားဆက်စပ်သူများကို အထောက်အပံ့ပြုပေးသွားရန် မြန်မာနိုင်ငံရှိ အလုပ်ရှင်များနှင့် အလုပ်ရှင်အဖွဲ့အစည်းများ (ဥပမာ UMFCCI)နှင့်ဆက်သွယ်ပူးပေါင်းမှုကို ထိန်းသိမ်းပြီး တိုးချဲ့ဆောင်ရွက်လျက် မြန်မာအလုပ်ရှင်များအနေဖြင့် အလုပ်သမားအခွင့်အရေးများကို မြှင့်တင်ခြင်း၊ လုပ်ငန်းခွင်ဆက်ဆံရေးများကို ကောင်းမွန်အောင် ပြုလုပ်ခြင်းနှင့် တာဝန်ယူမှုရှိသော စီးပွားရေး အလေ့အထများကို လုပ်ငန်းစဉ်များကို မြှင့်တင်ဆောင်ရွက်ရန်စသည့် အချက်များကို တိုက် တွန်းခဲ့သည်။
    UMFCCI သည် ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းအမှတ်-၃၃ (Article - 33) ဆုံးဖြတ်ချက်အရ တိုက်တွန်းအကြံပြုချက်များကို အလေးဂရုပြုလျက် ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ ဆက်စပ်အဖွဲ့အစည်းများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံရှိ အလုပ်သမားအခွင့်အရေးများကို ခိုင်မာစွာ လိုက်နာ ဆောင်ရွက်ရေးနှင့် လုပ်ငန်းခွင် ဆက်ဆံရေး တိုးတက်ကောင်းမွန်ဖြစ် ထွန်းစေရေးအတွက် မိမိအသင်းဝင်များ အပါအဝင် အလုပ်ရှင်များအား ဆက်လက်ပံ့ပိုး လုပ်ဆောင်သွားမည်ဟုလည်း ထုတ်ပြန်ခဲ့သည်။  နဒီ

Total Views ~ 5

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45421

© 2022 - 2025 News. All Rights Reserved.