ရန်ကုန်၊ ဇွန် ၁၀
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ လမ်းကြောင်းတစ်လျှောက်တွင်ရှိသည့် မဟာဗျူဟာကျသော စီမံကိန်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ အဆင်ပြေချောမွေ့စွာ အကောင်အထည် ဖော်နိုင်ရန်အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ဇွန် ၈ ရက်က မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်မှု (၇၅)နှစ်မြောက် စိန်ရတု အထိမ်းအမှတ် အခမ်းအနားကို နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တက်ရောက်အမှာစကားပြော ကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းနှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းများ အကောင်အထည်ဖော် သည့်နေရာတွင် အရေးပါသည့် ပထဝီဝင် အနေအထားတွင် ရှိနေကြောင်း၊ ထို့ကြောင့် အဆိုပါ စီမံကိန်းများကို ဆောလျင်စွာ အကောင်အထည် ဖော်ခြင်းအားဖြင့် နှစ်နိုင်ငံပြည်သူများအတူတကွ စဉ်ဆက်မပြတ် သာယာဝပြော ဖွံ့ဖြိုး တိုးတက်နိုင်စေမည့် အခွင့်အလမ်းပေါင်းများစွာ ရရှိစေနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းကြောင်း တစ်လျှောက် တွင်ရှိသည့် မဟာဗျူဟာကျသော စီမံကိန်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ အဆင်ပြေချောမွေ့စွာ အကောင်အထည် ဖော်နိုင်ရန်အတွက် ဆက်လက်ပူး ပေါင်းဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားသည်။
ထို့အပြင် တရုတ်နိုင်ငံ၏ မိမိတို့ နိုင်ငံအပေါ်တွင် စဉ်ဆက်မပြတ် အပြုသဘော ဆောင်သည့် ထိတွေ့ဆောင်ရွက်မှု၊ စိတ်ကောင်းစေတနာဖြင့် အားပေးထောက်ခံမှု များအတွက်လည်း များစွာတန်ဖိုးထား ကျေးဇူးတင်ရှိသည်ကို ပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံအရေးကိစ္စနှင့် ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် ရပ်တည်ထောက်ခံပေးလျက်ရှိသည့် အတွက်လည်း ကျေးဇူး တင်ရှိကြောင်း ဆက် လက်ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ၏ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်နှင့် အမျိုးသားပြန်လည် စည်းလုံးညီညွတ် ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းစဉ်များတွင် မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို အားပေးထောက်ခံပြီး ပံ့ပိုးကူညီပေးလျက်ရှိသည်ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ထိုသို့ တရုတ်နိုင်ငံ၏ ခိုင် မာသည့် ရပ်တည်ချက်သည် မိမိတို့နှစ်နိုင်ငံ အကြားတွင်ရှိသည့် နက်ရှိုင်းသော ချစ်ကြည် ရင်းနှီးမှုနှင့် အပြန်အလှန် နားလည်မှုတို့ကို ထင်ဟပ်လျက်ရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်အနေနှင့် ၂၀၂၅ ခုနှစ် မေလအတွင်း ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပခဲ့သည့် မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်ခဲ့စဉ် ကာလအတွင်း တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့် ဖျင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ အဆိုပါတွေ့ဆုံမှုတွင် စစ်မှန်သည့် မိတ်ဖက်ဆက်ဆံရေး၊ အပြန်အလှန်ယုံကြည်မှုနှင့် ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုကိုအခြေခံပြီး နှစ်နိုင်ငံဆက်ဆံမှု တိုးမြှင့်ဆောင်ရွက်ရေး၊ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ အေးအတူပူအမျှ အသိုက်အဝန်းတည် ဆောက်မှု အရှိန်အဟုန်ကို မြှင့်တင်ရေးနှင့်ဒေသတွင်း တည်ငြိမ်အေး ချမ်းရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။ ထူးမြတ်