ရန်ကုန်၊ ဇူလိုင် ၂
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ် ဖော်ဆောင်ရေးနှင့် တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည် ဆောက်မှုမြှင့်တင်ရန်အတွက် ကြိုးပမ်းမှုအသစ်များ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီဗဟိုကော် မတီ နိုင်ငံ ရေးဗျူရိုအဖွဲ့ဝင် တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi က ပြောကြားလိုက်သည်။
ပေကျင်းမြို့၌ တရုတ်နိုင်ငံသို့ လာရောက်၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင်ရေးမူကြီးငါးရပ် ချမှတ်ခြင်း နှစ် (၇၀) ပြည့် အထိမ်းအမှတ် အခမ်းအနားတက်ရောက်သည့် မြန်မာနိုင်ငံ နိုင်ငံတော် သမ္မတ (ငြိမ်း)ဦးသိန်းစိန်နှင့် ဇွန်လ ၂၉ က တွေ့ဆုံခဲ့စဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီးက ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
Mr. Wang Yi က အဆွေတော်သည် တရုတ်ပြည်သူများ၏ မိတ်ဆွေဟောင်း ဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ က တရုတ်နိုင်ငံခေါင်းဆောင်မှ အဆိုပြုသည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ငါးရပ်သည် မြန်မာနိုင်ငံ၏ ထောက်ခံမှုကို ရှေးဦးစွာ ရရှိခဲ့ကြောင်း၊ ထို့နောက် အာရှတိုက်၌ မိတ်ဆက်ခဲ့ပြီး အာရှနိုင်ငံများအကြား ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကို အင်တိုက်အားတိုက် မြှင့်တင် ပေးခဲ့ကြောင်း၊ ထိုမှတစ်ဆင့် နိုင်ငံတကာဆက်ဆံရေး အခြေခံစံသတ် မှတ်ချက်နှင့် နိုင်ငံတကာ ဥပဒေ အခြေခံမူအဖြစ် တိုးတက်လာပြီး ဒုတိယကမ္ဘာစစ် အလွန်ကာလ နိုင်ငံတကာအစီအစဉ် တည်ဆောက်မှုအတွက် အရေးပါ အကျိုးထမ်းဆောင်မှုပေးကာ အရေးကြီး public goods များ ထောက်ပံ့ ပေးနိုင်ခဲ့ကြောင်း၊ နှစ်ပေါင်း ၇၀ အကြာတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီးငါးရပ်သည် ခေတ်နောက် ကျမကျန်ခဲ့သည့်အပြင် ထက်သန်သည့် သက်ဝင်လှုပ်ရှားမှုစွမ်းအားများဖြင့် ပေါ် လွင်နေသည်ဟူ၍ ပြောကြားခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့အပြင် ဇွန် ၂၉ ရက် ညနေတွင် သမ္မတရှီကျင့်ဖျင်က အဆိုပါအထိမ်းအမှတ် အခမ်းအနားအား တက်ရောက်ရာတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်၏ စိတ်ဓာတ်အနှစ်သာရနှင့် ခေတ်အဆက်ဆက်တန်ဖိုးကို နက်ရှိုင်းစွာ ရှင်းလင်းပြောကြားခဲ့ကြောင်း၊ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ခြင်းသည် မူကြီးငါးရပ်အတွက် ခေတ်၏ အနှစ်သာရ အသစ်များ ထပ်မံထည့်သွင်းပေးခဲ့သောကြောင့် မူကြီးငါးရပ်ကို အကောင်းမွန်ဆုံး ပြန့်ပွားအောင် လုပ်ဆောင်မှုနှင့် အဆင့်မြှင့်တင်မှုဖြစ်ပြီး ယခုလက်ရှိ ကမ္ဘာကြီးက ရင်ဆိုင်နေရသည့် စိန်ခေါ်မှုအမျိုးမျိုးကို ဖြေ ရှင်းရန်အတွက် အရေးကြီး public goods ကို ထပ်မံထောက်ပံ့ပေးလိုက်ခြင်းဖြစ်သည်ဟူ၍လည်း ပြောကြားခဲ့ကြောင်း တရုတ်သံရုံးမှ ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်ကလည်း လွန်ခဲ့သည့် ဆယ်နှစ်တုန်းက မိမိသည် သမ္မတအနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ် ချမှတ်သည့် နှစ်(၆၀)ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း၊ ယခုအကြိမ်သည် တရုတ်နိုင်ငံ၏ မိတ်ဆွေ ဟောင်း အနေဖြင့် ဒုတိယအကြိမ် တက်ရောက်ရခြင်းဖြစ်ပြီး အလွန်ဝမ်းမြောက်ဂုဏ် ယူမိကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံသည် ကာလကြာရှည်စွာ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ခဲ့သည့် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး နှစ်နိုင်ငံအကြား နက်ရှိုင်းသည့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး သံယောဇဉ်ကို ယခင် မျိုးဆက်ခေါင်းဆောင်များက ကိုယ်တိုင်ဖန်တီး တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ သမ္မတရှီကျင့်ဖျင်၏ ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံခရီးစဉ်တွင် နှစ်နိုင်ငံ မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရန် အရေးပါသဘော တူညီချက်များ ရရှိခဲ့သည်ဟူ၍ ပြောကြားခဲ့ ကြောင်း တရုတ်သံရုံးမှ ထုတ်ပြန်ခဲ့သည်။
ယင်းအပြင် မြန်မာနိုင်ငံကတရုတ်နိုင်ငံနှင့် ဆက်ဆံရေးတိုးတက်မှုကို အလွန်အလေးထားပြီး သမ္မတရှီကျင့်ဖျင်က အဆိုပြုသည့် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး အယူအဆကို အလွန်ချီး ကျူးကာထောက်ခံအားပေးကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင်ရေး မူကြီးငါးရပ်ကို ဆက်လက်လက်ဆင့်ကမ်း၍ ပြန့်ပွားအောင်လုပ်ဆောင်ပြီး ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်းကို အတူတကွကောင်း မွန်စွာတည်ဆောက်သွားလိုသည်ဟူ၍ ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ ရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။