နေပြည်တော်၊ ဇွန် ၁၂
တိုင်းပြည်အတွက် အကျိုးရှိမည့်ကိစ္စများ ဆောင်ရွက်ရာတွင် ဖြစ်ပေါ်လာသည့် အန္တရာယ်များကို ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။
"ဒီအကျပ်အတည်းကို ဖြေရှင်း မယ်ဆိုတဲ့အခါကျတော့ ငယ်ငယ်ကလို တိုက်မယ်ခိုက်မယ်ဆို တာမျိုးနဲ့ မဖြေရှင်းနိုင်ဘူး။ ခေါင်းအေးအေးနဲ့၊ တည်တည်ငြိမ်ငြိမ်နဲ့ တချို့ကိစ္စတွေမှာ အပြုသဘော အကြံပြုချက်တွေ ထောက်ပြဝေဖန်တာတွေ လုပ်ဖို့လိုတယ်။ တစ်ဖက်ကလည်း တိုင်းပြည်အတွက် အကျိုးရှိမယ့်ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့လိုတယ်ဆိုတဲ့ စိတ်ခံယူချက်နဲ့လုပ်တဲ့အခါကျတော့ ပြောရရင် တော့ကြားညပ်ပါတယ်။ ပြင်းပြင်းထန်ထန် တိုက်မယ်ခိုက်မယ်ဆိုတဲ့ လူတွေ ဘက်ကလည်းသူတို့နဲ့ တစ်သားတည်းမရပ်တည်ရ ကောင်းလားဆိုပြီးတော့ ခင်ဗျားတို့လည်း တွေ့မှာပါ။ တိုက်ကြခိုက်ကြ၊ ဆဲကြဆိုကြ၊ ခြိမ်းခြောက်တာတွေရော၊ ဘာတွေရော အစုံပဲ။ တချို့ဆို ကျွန်တော့်ကို သတိပေးတယ်။ ဒီဘက်တွေမှာ သတိထားသွားပါ။ ဒီလိုအ ခြေအနေမျိုးမှာ အန္တရာယ်ရှိတယ်။ သတိပေးတာ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန် တော် ကြောက်တတ်ရင် နိုင်ငံရေးမလုပ်ဘူး။ မှတ်ကျောက် တင်ခံပြီးသား ကြွားစရာလည်း မလိုဘူး။ အဲဒီတော့ ကျွန်တော်ယုံကြည်ချက်နဲ့ ခိုင်ခိုင်မာ မာလုပ်နေတယ်။ စိတ်သန့်သန့်၊ စေတနာသန့်သန့်နဲ့ လုပ်နေတဲ့အချိန်မှာ ဖြစ်လာတဲ့အန္တရာယ်တွေလည်း ကျွန်တော်ရင် ဆိုင်သွားမယ်"ဟု ၎င်းက ပြောသည်။
အကြမ်းမဖက်နိုင်ငံရေးနည်းလမ်းကို ရွေးချယ်ထားသည့်အတွက် မတူကွဲပြားမှုကို အသိအမှတ် ပြုရမည်ဖြစ်ကြောင်း ဦး ကိုကိုကြီးက ထပ်မံပြောဆိုသည်။
"ဒီဘက်က သဘောထားတင်းမာတဲ့ အင်အားစုတွေဘက်ကလည်း သူတို့နဲ့ တစ်သားတည်း မဖြစ်ရကောင်းလားပေါ့။ ဒီကောင်တစ်ချိန်လုံး သူရဲကောင်းဖြစ်ခဲ့တာပေါ့ဗျာ။ ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက် နေရာကနေ အခုလိုဘာဖြစ်လို့ ရွေးချယ် သလဲ၊ ရပ်တည်သလဲဆိုတဲ့အပေါ်မှာ အား မလိုအားမရနဲ့ တိုက်ကြခိုက်ကြတာရှိတယ်။ တစ်ဖက်ကလည်း တပ်မတော်ဘက်က၊ လော်ဘီအုပ်စုက လည်း သူတို့နဲ့ တစ်သားတည်း မဖြစ်ရကောင်းလားဆိုပြီးတော့ ကျွန်တော့်ကို တိုက်ကြခိုက်ကြတာ လည်းရှိတယ်။ ဒါပေမဲ့ ကျွန်တော်သည်းခံတယ်။ ဘာကြောင့်လဲဆိုတော့ အကြမ်းမဖက် နိုင်ငံရေး နည်းလမ်းကို ရွေးချယ်ထားတယ်ဆိုကတည်းက မတူကွဲပြားမှုတွေကို အသိအမှတ်ပြုရ မယ်။ မတူတာ မတူခွင့်ရှိတယ်။ မကြိုက်တာမကြိုက်ခွင့်ရှိတယ်။ သို့သော် အကျိုးသင့်အကြောင်းသင့် ထောက်ပြေ၀ဖန်ရင် ကျွန်တော်ပြန်ဆွေးနွေးမယ်။ ပြန်ဖြေရှင်းမယ်။ အသားလွတ် တိုက်ခိုက်နေတာမျိုးကြတော့ လည်း ကျွန်တော်ပြန်မပြောတော့ဘူး"ဟု ၎င်းက ပြောသည်။
ဇွန်လ ၆ရက်က တိုက်ကြီးမြို့နယ် ပြည့်သူ့ပါတီ ဆိုင်းဘုတ်တင် အခမ်းအနားတွင် ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက မိန့် ခွန်းပြောကြားရာ၌ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခြင်းဖြစ်သည်။